ကသာမြို့ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအသိပညာပေး

Unicode ကသာမြို့ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ကသာ၊ဖေဖော်ဝါရီလ၁၁ စပ်ခွန်သာ စစ်ကိုင်းတိုင်းဒေသကြီးကသာမြို့နယ်သည်ကချင်ပြည်နယ်နှင့်ထိစပ်နေပြီးတရုတ်နိုင်ငံနှင့်နီးစပ်သည့် မြို့လည်းဖြစ်သဖြင့်ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ကြိုတင်ကာကွယ်နိုင်စေရန်အသိပညာပေးဟောပြောခြင်းလုပ်ငန်းများပြုလုပ်လျှက်ရှိသည်ဟုသိရသည်။ ဖေဖော်ဝါရီလ(၁၁)ရက်နံနက်တွင်စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်ကျန်းမာရေးဦးစီးဌာန၊ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပရဟိတလူငယ်များကွန်ယက်လူထုအကျိုးပြုအသင်းတို့ပူး ပေါင်းကာကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍အသိပညာပေးခြင်း၊တီဘီရောဂါနှင့်စပ်လျဉ်း၍အသိပညာပေး ခြင်းများကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ပြုလုပ်ခဲ့သည်။ ဒီနေ့မှာပြုလုပ်တဲ့ကျန်းမာရေးအသိပညာပေးဟောပြောပွဲဟာတရုတ်နိုင်ငံဝူဟန်မြို့မှာစတင်ခဲ့ပြီးကူး စက်မြန်ရောဂါဖြစ်တာကြောင့်မိမိတို့ကသာမြို့နယ်ကတရုတ်နိုင်ငံနဲ့နီးစပ်တဲ့မြို့တစ်မြို့လည်းသတ်မှတ်နိုင်တဲ့အနေအထားရှိတဲ့အတွက်ရောဂါကိုကြိုတင်ကာကွယ်နှိမ်နင်းနိုင်ဖို့ဒေသခံပြည်သူတွေကိုကျန်းမာရေးအသိပညာမျှဝေခြင်းပထမလုပ်ငန်းစဉ်ဖြစ်တာကြောင့်ခုလိုပူးပေါင်းလုပ်ဆောင်မှုများကိုအားပေးကြိုဆိုရမှာပါ။ဟုကသာမြို့နယ်စီမံခန့်ခွဲမှုကော်မတီခေတ္တဥက္ကဌ ဦးကျော်သူရစိုး ကပြောသည်။ “ကျန်းမာရေးဟောပြောရာတွင်ကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်း၍ဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားပိုးမွှားအ ကြောင်း၊ရောဂါလက္ခဏများ၊ကြိုတင်ကာကွယ်မှုနည်းလမ်းများ၊လက်ကိုဆပ်ပြာနှင့်ဆေးကြောသရုပ်ပြ ခြင်း၊Maskတပ်နည်းလမ်းသရုပ်ပြပေးခြင်းများကိုခရိုင်ဆရာဝန်ကြီးနှင့်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှဆရာဝန်တို့မှဒေသခံများ၊အသင်းအဖွဲ့များ၊ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများကိုပို့ချဟောပြောခဲ့သည်။ လက်ရှိကသာမြို့ဆေးရုံမှာတော့ကိုရိုနာဗိုင်းရပ်စ်နဲ့ဆိုင်တဲ့လူနာတစ်ဦးမှမရှိသေးပါဘူး။စျေးနဲ့သက်ဆိုင်တဲ့စည်ပင်သာယာရေးကော်မတီ၊ကျောင်းများနဲ့ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုပါလိုအပ်တဲ့လုပ်ငန််းတွေနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုပေးဝေအသိပေးထားပါတယ်။တရုတ်ပြည်ဘက်မှာအလုပ်သွားလုပ်တဲ့ကျေးရွာနေပြည်သူတွေကိုလည်းသွားရောက်အသိပညာပေးစောင့်ကြည့်ပေးထားပါတယ်´´ဟုကသာခရိုင်ပြည်သူ့ဆေးရုံမှခရိုင်ဆရာဝန်ကြီးဒေါက်တာလာမာမီး ကပြောသည်။ ကသာမြို့ပရဟိတလူငယ်များကွန်ယက်လူထုအကျိုးပြုအသင်းမှကျန်းမာရေးအသိပညာပေးဟောပြောပွဲတတ်ရောက်လာသူများကိုကိုရိုနာဗိုင်းရပ်စ်နှင့်စပ်လျဉ်းသောကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရေးအတွက်လက်ကမ်းစာစောင်များပေးဝေခြင်းနှင့်လူစည်ကားရာနေရာများ၊ရုံးများ၊ကျောင်းများတွင်ကာကွယ်လိုက်နာနိုင်ရန်ဗီနိုင်းဆိုင်းကပ်ပေးခြင်းများပြုလုပ်နေသည်ဟုသိရသည်။◾

Read more