တိုက်ကြီးတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးသဖြင့် နေအိမ် ၉ လုံး ပျက်စီး

#Unicode

ရန်ကုန်၊ ဇန်နဝါရီ 13

တိုက်ကြီးတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးသဖြင့် နေအိမ် ၉ လုံး ပျက်စီး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာတွင် ဇန်နဝါရီ ၁၂ ရက် မနက် ၃ နာရီလောက်က တောဆင်ရိုင်းလေးကောင် ကျေးရွာအတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၉ လုံး ပျက်စီးသွားသည်။

ယခု နေအိမ်ဖျက်ဆီးခံရသည့် မိသားစုများကို နီးစပ်သည့်နေအိမ်များတွင် နေစရာစီစဉ်ပေးထား၍ တောဆင်ရိုင်းဖျက်ဆီးမှုကြောင့် နေအိမ် ၉ လုံး၊ တန်ဖိုးငွေ ကျပ် ၁၈ သိန်းဖိုးလောက် ဆုံးရှုံးခဲ့သည်ဟု ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်ကျော်ဝင်းက ပြောသည်။

“ဆင်တွေကတော့ အမြဲလိုဝင်နေတာ၊ ကျနော်အုပ်စုက အများဆုံးပဲ။ အရင်ရက်တွေကလည်း စိုက်ခင်းတွေထဲဝင်နေတာ။ ညကတော့ ရွာထဲအထိ ဝင်လာပြီး အိမ်တွေကို ဖျက်သွားတာပါ။ ဆင်က လေးကောင်ဖြစ်ပြီး အိမ် ၉ လုံး ဖျက်ဆီးခံရတယ်။ လောလောဆယ်တော့ နီးစပ်တဲ့အိမ်တွေမှာ နေရာ ချထားပေးထားတယ်။ မြို့နယ်ကိုလည်း တင်ပြထားပါတယ်”ဟု အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဝင်းက ပြောသည်။

၂၀၁၉ အောက်တိုဘာလအတွင်းကလည်း ဆင်စခန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် လူသန့်အင်းကျေးရွာများတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းကြောင့် လူနေအိမ် ၁၀ လုံးကျော်ပျက်စီးခဲ့၍ သနပ်ကျေးရွာအုပ်စုတွင် စပါး၊ ကြံနှင့် အခြားစိုက်ခင်း ဧက ၅၀ ကျော် ပျက်စီးခဲ့သည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် တောဆင်ရိုင်းများ စိုက်ခင်းအတွင်း ဝင်ရောက်ခြင်းကို တားဆီးသည့်အနေနှင့် လျှပ်စစ်ခြံစည်းရိုးများခတ်ကာ ကာကွယ်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့က အသက် ၁၀ နှစ်အရွယ် တောဆင်ရိုင်းအထီး တစ်ကောင်ဓာတ်လိုက် သေဆုံးခဲ့သည်။◾

#Zawgyi

ရန္ကုန္၊ ဇန္နဝါရီ 13

တိုက္ႀကီးတြင္ ေတာဆင္ရိုင္းမ်ား ဝင္ေရာက္ဖ်က္ဆီးသျဖင့္ ေနအိမ္ ၉ လုံး ပ်က္စီး

ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ ခ်င္းကုန္းေက်းရြာအုပ္စု၊ က်ားေခ်ာင္းေက်းရြာတြင္ ဇန္နဝါရီ ၁၂ ရက္ မနက္ ၃ နာရီေလာက္က ေတာဆင္ရိုင္းေလးေကာင္ ေက်းရြာအတြင္း ဝင္ေရာက္ဖ်က္ဆီးခဲ့သျဖင့္ လူေနအိမ္ ၉ လုံး ပ်က္စီးသြားသည္။

ယခု ေနအိမ္ဖ်က္ဆီးခံရသည့္ မိသားစုမ်ားကို နီးစပ္သည့္ေနအိမ္မ်ားတြင္ ေနစရာစီစဥ္ေပးထား၍ ေတာဆင္ရိုင္းဖ်က္ဆီးမႈေၾကာင့္ ေနအိမ္ ၉ လုံး၊ တန္ဖိုးေငြ က်ပ္ ၁၈ သိန္းဖိုးေလာက္ ဆုံးရႈံးခဲ့သည္ဟု ေက်းရြာအုပ္ခ်ဴပ္ေရးမႉး ဦးေက်ာ္ေက်ာ္ဝင္းက ေျပာသည္။

“ဆင္ေတြကေတာ့ အျမဲလိုဝင္ေနတာ၊ က်ေနာ္အုပ္စုက အမ်ားဆုံးပဲ။ အရင္ရက္ေတြကလည္း စိုက္ခင္းေတြထဲဝင္ေနတာ။ ညကေတာ့ ရြာထဲအထိ ဝင္လာၿပီး အိမ္ေတြကို ဖ်က္သြားတာပါ။ ဆင္က ေလးေကာင္ျဖစ္ၿပီး အိမ္ ၉ လုံး ဖ်က္ဆီးခံရတယ္။ ေလာေလာဆယ္ေတာ့ နီးစပ္တဲ့အိမ္ေတြမွာ ေနရာ ခ်ထားေပးထားတယ္။ ၿမိဳ႕နယ္ကိုလည္း တင္ျပထားပါတယ္”ဟု အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ေက်ာ္ဝင္းက ေျပာသည္။

၂၀၁၉ ေအာက္တိုဘာလအတြင္းကလည္း ဆင္စခန္းေက်းရြာအုပ္စုအတြင္းရွိ ေက်းရြာမ်ားႏွင့္ လူသန႔္အင္းေက်းရြာမ်ားတြင္ ေတာဆင္ရိုင္းမ်ား ဝင္ေရာက္ဖ်က္ဆီးခဲ့ျခင္းေၾကာင့္ လူေနအိမ္ ၁၀ လုံးေက်ာ္ပ်က္စီးခဲ့၍ သနပ္ေက်းရြာအုပ္စုတြင္ စပါး၊ ႀကံႏွင့္ အျခားစိုက္ခင္း ဧက ၅၀ ေက်ာ္ ပ်က္စီးခဲ့သည္။

တိုက္ႀကီးၿမိဳ႕နယ္အတြင္းရွိ ေက်းရြာတခ်ိဳ႕တြင္ ေတာဆင္ရိုင္းမ်ား စိုက္ခင္းအတြင္း ဝင္ေရာက္ျခင္းကို တားဆီးသည့္အေနႏွင့္ လၽွပ္စစ္ၿခံစည္းရိုးမ်ားခတ္ကာ ကာကြယ္ခဲ့သည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၈ ရက္ေန႔က အသက္ ၁၀ ႏွစ္အရြယ္ ေတာဆင္ရိုင္းအထီး တစ္ေကာင္ဓာတ္လိုက္ ေသဆုံးခဲ့သည္။◾

Ref: DVB

Leave a Reply

Your email address will not be published. Required fields are marked *