ပေါ့ဂ်ဘာနဲ့မျက်နှာချင်းဆိုင်စကားပြောဖို့လိုလာပြီလို့ ဆိုလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ၊ ဇန်နဝါရီ ၆
ခင်မောင်ဝင်း
မန်ချက်စတာယူနိုက်တက်အလယ်တန်းကစားသမား ပေါလ်ပေါ့ဂ်ဘာ၏ အေးဂျင့်ဖြစ်သူရွိုင်အိုလာ၏ ပြောဆိုချက်များနှင့်ပတ်သက်၍မိမိနှင့် ပေါ့ဂ်ဘာတို့မျက်နှာချင်းဆိုင် စကားပြောရန်လိုပြီဟု နည်းပြဆိုးလ်ရှားက ပြောကြားလိုက်သည်။ ရွိုင်အိုလာက အင်တာဗျူးတစ်ခုတွင် ၎င်းအနေနှင့် အနာဂတ်တွင် ၎င်း၏ကစားသမားကိုမှ ယူနိုက်တက်နှင့် လက်တွဲစေမှာမဟုတ်ကြောင်း၊ ယူနိုက်တက်အသင်းဟာ အောင်မြင်မှုနှင့်ဝေးကွာနေပြီဖြစ်ကြောင်း၊ ပီလီ မာရာဒိုနာနှင့် မာလ်ဒီနီတို့လို့ ဂန္နဝင်ကစားသမားများလာကစားရင်တောင် ယူနိုက်တက်တွင် အဆင်ပြေမှာမဟုတ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်ချက်စတာယူနိုက်တက်အလယ်တန်းလူပေါလ်ပေါ့ဂ်ဘာသည် လက်ရှိအချိန်တွင်ဒဏ်ရာကြောင့် အနားယူနေရသော်လည်း အသင်းတွင်၎င်း၏အနာဂတ် ဆက်ရှိ မရှိဆိုခြင်းကို မေးခွန်းထုတ်စရာဖြစ်နေပြီဟု သတင်းတွေတွင်ရေးသားဖော်ပြနေသည်။ ပေါ့ဂ်ဘာဟာ ဒဏ်ရာရနေချိန်တွင် ခရီးရှည်ထွက်နေသည်။ ၎င်း၏အေးဂျင့် ရွိုင်အိုလာ၏ ပြောကြားချက်များအရ ကစားသမား၏ အနာဂတ်သည် ယူနိုက်တက်တွင် ဆက်ရှိနေရန်မသေချာတော့ပေ။◾

Ref: Sky Sports

Leave a Reply

Your email address will not be published. Required fields are marked *