ဧရာဝတီမြစ် ဖြတ်ကူးနေသည့်သမင်အား ကယ်ဆယ်ပြီး တိရစ္ဆာန်ရုံ ပေးအပ်

မန္တလေး၊ ဇန်နဝွရီ ၆

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီးမီးခုံဆိပ်ကမ်း အောက်ဘက် ၆ မိုင်အကွာ အလယ်ရွာစားကြူးအနီးတွင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကမ်း ဖြတ်ကူးနေသည့် သမင်တကောင်အား ကယ်ဆယ်၍ တိရစ္ဆာန်ရုံသို့ ပေးအပ်ခဲ့သည်။

ဇန်နဝါရီလ ၅ ရက်နေ့ နေ့လယ်ပိုင်းက ပုဂံမှ မန္တလေးသို့ ပြန်လာသည့် ဇွဲမျိုးထူးအောင် (၁) နိုင်ငံခြားခရီးသည်တင် ရေယာဉ်ပေါ်က ဝန်ထမ်းများ တွေ့ရှိကယ်ဆယ်ခဲ့၍ မန္တလေးကို ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရေယာဉ်အသင်း၏ တာဝန်ရှိသူ ဦးခင်မောင်ကြည်က ပြောခဲ့သည််။

ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ကို သွားရောက်ပို့ဆောင်ခဲ့သည်။ သမင်မှာ အမ ဖြစ်၍အလျား ၃ ပေခွဲ၊ အမြင့် ၂ ပေ၊ ဝမ်းဗိုက်လုံးပတ် ၂ ပေ ရှိသည်ဟုသိရသည်။◾
Ref: DVB

Leave a Reply

Your email address will not be published. Required fields are marked *