ဝီဂါအရေးမှာ အိုဇေးဘက်ကမရပ်တည်တဲ့ အာဆင်နယ်အသင်းလုပ်ရပ် အရှက်ရစရာဖြစ်နေသည် ဟုဆို

 

လန်ဒန်၊ ဒီဇင်ဘာ ၁၇
KSM

ပြီးခဲ့သည့် သောကြာနေ့က အာဆင်နယ်ဘောလုံးအသင်း၏ ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်သူ မီဆွတ်အိုဇေးသည် ၎င်း၏လူမှုမီဒီယာအကောင့်များတွင် ရှည်လျားသော ပို့စ်တစ်ခုကို တင်ခဲ့ပြီး ၎င်းပို့စ်တွင် တရုတ်နယ်စပ်ဒေသများအတွင်း ဝီဂါလူမျိုး လူနည်းစုကို တရုတ်နိုင်ငံ၏ ရက်စက်စွာ နှိပ်စက် ညှဉ်းပန်းမှုများနှင့်ပတ်သက်၍ ရေးသားထားသည်။

တရုတ်တို့က “အသက်မွေးဝမ်းကျောင်း၊ သင်တန်းကျောင်းများ” ဟုဖော်ပြသည့် အဆောက်အအုံများတွင် ဝီဂါမွတ်စလင် ၂ သန်းအထိ ထိန်းသိမ်းထားသည်ကို
အု်ိဇေးက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ၎င်း၏ကြယ်ပွင့်ဘောလုံးသမားကို ကျောထောက်နောက်ခံပြုရမည့်အစား အိုဇေး၏လုပ်ရပ်သည် ကလပ်နှင့်မဆိုင်ကြောင်း ပြသလျက် ရှောင်ဖယ်သည့်သဘောများကို ချက်ချင်း လုပ်ဆောင်ခဲ့သည်။

“အဲဒီအကြောင်းအရာတွေက အိုဇေးရဲ့ပုဂ္ဂိုလ်ရေးအမြင်ဖြစ်ပါတယ်။ အာဆင်နယ် ဘောလုံးအသင်းအနေနဲ့ကတော့ နိုင်ငံရေးတွင်မပါဝင်ခြင်းဟူသော နိယာမကို အမြဲတမ်း လိုက်နာခဲ့တယ်” ဟု အာဆင်နယ်အသင်းက တရုတ်လူမှုမီဒီယာဝက်ဘ်ဆိုက် Weibo တွင် ဖော်ပြထားခဲ့သည်။

တရုတ်နိုင်ငံက လူနည်းစုအုပ်စုကို မကြုံစဖူးကြီးမားသည့် အတိုင်းအတာဖြင့်နှိပ်စက်ညှဉ်းပန်းနေသည်ဟု အိုဇေးက ထောက်ပြခဲ့ရာ အာဆင်နယ်အသင်း၏ ထိပ်တန်း ဦးစားပေးမှာ ကိုယ်ပိုင်မူအတိုင်း နောက်ခံအခြေအနေကို ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်သူ CCTV က မန်ချက်စတာစီးတီးနှင့် အာဆင်နယ်တို့ ကစားသည့် ထိပ်တန်းပွဲစဉ်ကိုထုတ်လွှင့်မည့် အစီအစဉ်ကိုဖျက်သိမ်းလိုက်သည်။

 

ကွန်မြူနစ်ပါတီ၏သတင်းစာဖြစ်သော The Global Times သတင်းစာက အိုဇေးသည် တရုတ်လူမျိုးတို့၏ခံစားချက်များကိုထိခိုက်စေပြီး သူ၏မှတ်ချက်များက နာဇီများအား ထောက်ပံ့ခြင်းနှင့် နှိုင်းယှဉ်ယူဆ၍ အာဆင်နယ်ကသူ့ကိုအခြားအသင်းသို့ရောင်းရန် အကြံပြုခဲ့သည်။ လူမှုရေးမီဒီယာတစ်ခုတွင် ဘောလုံးသမားတစ်ဦး ရေးသားသော ပို့စ်တစ်ခု လွမ်မိုးထိန်းချုပ် ထားသည်။

တရုတ်နိုင်ငံကိုဝေဖန်မှုများကို ပို့စ်တင်၍ အိုဇေး၏ ပြောဆိုမှုမတိုင်မီ တစ်ရက်အလိုတွင် အာဆင်နယ်ကစားသမား ဟက်တာဘဲလာရင်က သူ့ကု်ိယ်ပိုင်အယူအဆဖြင့် နိုင်ငံရေးဆိုင်ရာ ပို့စ်တစ်ခုတင်ခဲ့သည်။

ဗြိတိန်ရွေးကောက်ပွဲကျင်းပနေသည့် နံနက်ခင်းတွင် မဲဆန္ဒရှင်များအား အလုပ်သမားပါတီ လေဘာပါတီအားထောက်ခံရန်နှင့် လက်ရှိဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကိုငြင်းပယ်ရန် ဘဲလာရင်က တိုက်တွန်းခဲ့သည်။ သူ၏သတင်းစကားမှာ“ F ** k Boris” ဟု ရိုးရှင်းသောစကားလုံးများခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

အာဆင်နယ်ဘာပြောခဲ့သနည်းဆိုသည့် မေးခွန်းအတွက် ဘာမှမပြောကြားခဲ့ပေ။ ဘယ်လာရင်က သူ၏ပုဂ္ဂိုလ်ရေးအမြင်ကိုဖော်ပြနေသည်ဟု ကလပ်ဘက်မှ အထိတ်တလန့်ဖော်ပြချက်မရှိခဲ့ပါ။ ကလပ်ထဲကနေထွက်ခွာဖို့ ကလပ်နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မထုတ်ပြန်ခဲ့ပေ။

တရုတ်နိုင်ငံက မွတ်စလင်များအပေါ်ဖိနှိပ်ချုပ်ခြယ်မှုများကို အာဆင်နယ်ဘောလုံးစတား အိုဇေးက ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားခဲ့သည့်ပို့စ်တွင် “အို အရှေ့တာကစ်စတန်သားတို့ရေ နောက်လိုက် တွေ သွေးထွက်သံယိုဒဏ်ရာတွေနဲ့ သူတို့ကို ဘာသာတရားမှ ခွဲထုတ်ရန်ကြိုးစားသူများကို ဆန့်ကျင်နေရတယ်။ သူတို့ရဲ့ကုရ်အာန်များ မီးရှို့ခံရတယ်။ ဗလီများကိုပိတ်ပစ်ခံရတယ်။ တရုတ်အာဏာပိုင်တွေက ကျောင်းများကိုပိတ်ပင်လိုက်တယ််။ အဲဒီမွတ်စလင်တွေ ဒုက္ခသည်စခန်းများသို့ပြောင်းရွှေ့နေထိုင်နေရပြီးတော့ ၎င်းတို့၏မိသားစုများ တရုတ်အမျိုးသားများနဲ့အတူ နေထိုင်ရန်ဖိအားပေးခံရတယ်။ မွတ်စလင်အမျိုးသမီးများ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် ဖိအားပေးခံရတယ်။ ဒါပေမယ့် အဲဒီလိုဖြစ်ရပ်တွေအတွက် အသံတိတ်ဆိတ်ငြိမ်သက်နေတယ်။ ဆန့်ကျင်ပြောဆိုသံ ဆူညံနေမယ်ဆိုတာမရှိဘူး။ သူတို့ကို လျစ်လျူရှုထားလိုက်ကြပြီ။ ညှဉ်းပန်းနှိပ်စက်ခံနေရတာတွေ ခွင့်ပြုချက်ပေးခြင်းကိုက သူတို့ကိုသူတို့ ညှဉ်းပန်းနှိပ်စက်မှုဖြစ်တယ်ဆိုတဲ့အကြောင်းကို မသိကြဘူးလား”ဟု ရေးသားထားသည်။
Ref : The Herald Sun◾

Leave a Reply

Your email address will not be published. Required fields are marked *