မိုဟာမက်ဆာလာ၏ ဒဏ်ရာပြန်လည်သက်သာမည့် ရက်မသိရသေး

မာယာမင်း
မန္တလေး နိုဝင်ဘာ ၁၅

ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လစ်ဗားပူးလ်အသင်းရှေ့တန်းတိုက်စစ်မှူး မိုဟာမက်ဆာလာသည် နိုင်ငံတကာပွဲစဉ်များကစားနေသည့်အချိန် ဘယ်ဖက်ခြေကျင်းဝတ်ဒဏ်ရာကို ကုသမှုခံနေရသည်။

ဆာလာရဲ့ဒဏ်ရာရရှိမှုအခြေအနေကြောင့် နိုဝင်ဘာ ၂၃ရက်နေ့တွင်ကစားမည့် ခရစ်စတယ်ပဲလေ့စ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်ရန် မသေချာသေးကြောင်းသိရှိရသည်။

အောက်တိုဘာ ၅ရက်နေ့က ကစားခဲ့သည့် လက်စတာစီးတီးနှင့်ပွဲတွင် လက်စတာကစားသမား ဟမ်ဇားနှင့် ထိခိုက်မိခဲ့သောကြောင့် ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့ခြင်းဖြစ်ပြီး အသက် ၂၇နှစ်အရွယ် ဆာလာဟာ နိုင်ငံအသင်းအတွက် နောက်ထပ် ၁၀ရက်ကျော်ထိ ကစားပေးနိုင်မည်မဟုတ်ပေ။

အင်္ဂလန်နိုင်ငံအခြေစိုက် Sky Sports သတင်းဋ္ဌာန၏အဆိုအရ လစ်ဗားပူးတိုက်စစ်ကစားသမား ဆာလာသည် ၎င်း၏ခြေကျင်းဝတ်ဒဏ်ရာများပြန်လည်သက်လာပြီး နောက်အပတ်ကြမှသာ လစ်ဗားပူးအသင်းနှင့်အတူ လေ့ကျင့်ခန်းများ ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကိုင်ရိုမြို့တွင်လေ့ကျင့်ခန်းဆင်းနေသည့် အီဂျစ်လက်ရွေးစင်အသင်းကို လာရောက်ကြည့်ရှုခဲ့သည့် ဆာလာသည် ဘယ်ဖက်ခြေကျင်းဝတ်ဒဏ်ရာကိုကာကွယ်သည့် ခြေကာကိုဝတ်ဆင်ထားသည်ဟု Sky Sports သတင်းဋ္ဌာနကဖော်ပြခဲ့ပြီး လစ်ဗားပူးအသင်းကလည်း ၎င်းတို့ကစားသမား ပြန်လည်သက်သာလာမည့်အချိန်ကို မသိရှိသေးကြောင်း ပြောကြားထားသည်ဟု ဆိုသည်။
Ref : NBC Sports ◾

Leave a Reply

Your email address will not be published. Required fields are marked *