ရွေးကောက်ပွဲအတွက် မီဒီယာနဲ့တွေ့ဆုံလိုက်တဲ့ ဦးဌေးအောင်

[ Unicode ]

ကော့မှူးမဲဆန္ဒနယ်တွင်အနိုင်ရရန် ရာနှုန်းပြည့်ယုံကြည်ဟု တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေးအောင် ပြောကြား

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇

အောင်ချစ်

ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် အားငယ် စိတ်မရှိဘဲ အနိုင်ရရန် ရာနှုန်းပြည်ယုံကြည်မှုရှိကြောင်း ဦးဌေးအောင်က ပြောကြားလိုက်သည်။

ဖေေဖော်ဝါရီလ ၂၇ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ Orchid ဟိုတယ်တွင် ပြုလုပ်သည့် ၂၀၂၀ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံမည့် ဦးဌေးအောင်မှ ပြည်သူများသို့အသိပေးရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုကို အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ကော့မှူးမြို့နယ်မဲဆန္ဒနယ်ကပြိုင်မှာပါ။ ကျွန်တော့်အနေနဲ့ကတော့ အားငယ်စိတ်လည်းမရှိပါဘူး။ တစ်သီးပုဂ္ဂလဝင်ပြိုင်မယ့်နေရာမှာ အနိုင်ရမယ်လို့လည်း ကိုယ့်ကိုကိုယ် ရာနှုန်းပြည့်ယုံကြည်မှုရှိပါတယ်”ဟု ဦးဌေးအောင် ကပြောကြားသည်။

ကော့မှူးမဲဆန္ဒနယ်သည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လက်ရှိ နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်မြေဖြစ်ပြီး ယခုကဲ့သို့ ကော့မှူးမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေးအောင်ကို  ဝေဖန်မှုများလည်းရှိ နေကြောင်းသိရသည်။

ဦးဌေးအောင်ကမူ လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကော့မှူးမဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် ဒေသအကျိုးထမ်းဆောင်နိုင်ရန် ယုံကြည် ချက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းနှင့် လက်ရှိနိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တိုက်တွေ့ဆုံရန် ဖန်တီးနေခြင်းမဟုတ်ကြောင်းနှင့် စတန့်ထွင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမဟုတ်ကြောင်း ဆိုသည်။

ရွေးကောက်ပွဲအစဉ်အလာအရ ယင်းမဲဆန္ဒနယ်မြေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အဓိကပြိုင် ဘက်ပါတီ တစ်ခုဖြစ်ပြီး တခြားသောဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီအား မိတ်ဖက်ပါတီများအဖြစ် သဘောထားကြောင်း နှင့်အတိုင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တခြားသောမဲဆန္ဒနယ်မြေတွင် ယှဉ်ပြိုင်ပါက လိုက်ပါယှဉ်ပြိုင်နေမည် မဟုတ် ကြောင်း၊ ပုဂ္ဂိုလ်ရေးအငြိုးအတေးမရှိကြောင်းနှင့် ဒေသခံပြည်သူများကျေနပ်နှစ်သက်စေမှုမျိုး ဒေသအကျိုးဆောင်ရွက် နိုင်ရန် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ဦးဌေးအောင်က ပြောကြားသည်။

“ ကျွန်တော့်အနေနဲ့အစ်မကြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေမှာ ဝင်ပြိုင်တာဟာ စတန့်ထွင်တာမဟုတ်သလို နာမည်ကြီးချင်လို့မဟုတ်ပါဘူး။အစ်မကြီးအနေနဲ့ ကော့မှူးမှာမပြိုင်ဘဲ တစ်ခြားနေရာပြိုင်မယ်ဆိုရင်လည်း ကျွန်တော် လိုက်ပြိုင်မှာမဟုတ်ပါဘူး။သူနဲ့နေရာတကာ ထိပ်တိုက်တွေ့အောင် လိုက်ဖန်တီးနေမှာလည်းမဟုတ်ပါဘူး။ဘယ်သူနဲ့မှ ပုဂ္ဂိုလ်ရေးအငြိုးအတေး ကျွန်တော့်မှာမရှိပါဘူး။ ကော့မှူး မှာ ဒေသအကျိုးကို ကျွန်တော်ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်ချက်နဲ့အဲဒီနေရာမှာ ဆုံးဖြတ်ချချပြီးဝင်ပြိုင်ရတာပါ”ဟု ဦးဌေးအောင်က ပြောသည်။ ◾

 

[ Zawgyi ]

 

ေကာ့မႉးမဲဆႏၵနယ္တြင္အႏိုင္ရရန္ ရာႏႈန္းျပည့္ယုံၾကည္ဟု တစ္သီးပုဂၢလကိုယ္စားလွယ္အျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးေဌးေအာင္ ေျပာၾကား

 

ရန္ကုန္ ၊ ေဖေဖာ္၀ါရီ ၂၇

ေအာင္ခ်စ္

ရန္ကုန္တိုင္းေဒသႀကီး၊ေကာ့မႉးမဲဆႏၵနယ္မွ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းအျဖစ္၀င္ေရာက္ယွဥ္ၿပိဳင္ရန္ အားငယ္ စိတ္မရွိဘဲ အႏိုင္ရရန္ ရာႏႈန္းျပည္ယုံၾကည္မႈရွိေၾကာင္း ဦးေဌးေအာင္က ေျပာၾကားလိုက္သည္။

ေဖေေဖာ္၀ါရီလ ၂၇ရက္ေန႔ ညေနပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္အတြင္းရွိ Orchid ဟိုတယ္တြင္ ျပဳလုပ္သည့္ ၂၀၂၀ေ႐ြးေကာက္ပြဲတြင္ ပါ၀င္အေ႐ြးခံမည့္ ဦးေဌးေအာင္မွ ျပည္သူမ်ားသို႔အသိေပးရွင္းလင္းသည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ား၏ေမးျမန္းမႈကို အထက္ပါအတ္ိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ့္အေနနဲ႔ ေကာ့မႉးၿမိဳ႕နယ္မဲဆႏၵနယ္ကၿပိဳင္မွာပါ။ ကြၽန္ေတာ့္အေနနဲ႔ကေတာ့ အားငယ္စိတ္လည္းမရွိပါဘူး။ တစ္သီးပုဂၢလဝင္ၿပိဳင္မယ့္ေနရာမွာ အႏိုင္ရမယ္လို႔လည္း ကိုယ့္ကိုကိုယ္ ရာႏႈန္းျပည့္ယုံၾကည္မႈရွိပါတယ္”ဟု ဦးေဌးေအာင္ ကေျပာၾကားသည္။

ေကာ့မႉးမဲဆႏၵနယ္သည္ ၿပီးခဲ့သည့္ ၂၀၁၅ခုႏွစ္ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ လက္ရွိ ႏိုင္ငံေတာ္၏ အတိုင္ခံပုဂၢိဳလ္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ မဲဆႏၵနယ္ေျမျဖစ္ၿပီး ယခုကဲ့သို႔ ေကာ့မႉးမဲဆႏၵနယ္တြင္ တစ္သီးပုဂၢလကိုယ္စားလွယ္ေလာင္းအျဖစ္၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးေဌးေအာင္ကို  ေဝဖန္မႈမ်ားလည္းရွိ ေနေၾကာင္းသိရသည္။

ဦးေဌးေအာင္ကမူ လာမည့္ ၂၀၂၀ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ ေကာ့မႉးမဲဆႏၵနယ္မွ တစ္သီးပုဂၢလကိုယ္စား လွယ္ေလာင္းအျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္ရျခင္းသည္ ေဒသအက်ိဳးထမ္းေဆာင္ႏိုင္ရန္ ယုံၾကည္ ခ်က္ျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ေၾကာင္းႏွင့္ လက္ရွိႏိုင္ငံေတာ္၏ အတိုင္ခံပုဂၢိဳလ္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ထိပ္တိုက္ေတြ႕ဆုံရန္ ဖန္တီးေနျခင္းမဟုတ္ေၾကာင္းႏွင့္ စတန႔္ထြင္ကာ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းမဟုတ္ေၾကာင္း ဆိုသည္။

ေ႐ြးေကာက္ပြဲအစဥ္အလာအရ ယင္းမဲဆႏၵနယ္ေျမတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီသည္ အဓိကၿပိဳင္ ဘက္ပါတီ တစ္ခုျဖစ္ၿပီး တျခားေသာ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီအား မိတ္ဖက္ပါတီမ်ားအျဖစ္ သေဘာထားေၾကာင္း ႏွင့္အတိုင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ တျခားေသာမဲဆႏၵနယ္ေျမတြင္ ယွဥ္ၿပိဳင္ပါက လိုက္ပါယွဥ္ၿပိဳင္ေနမည္ မဟုတ္ ေၾကာင္း၊ ပုဂၢိဳလ္ေရးအၿငိဳးအေတးမရွိေၾကာင္းႏွင့္ ေဒသခံျပည္သူမ်ားေက်နပ္ႏွစ္သက္ေစမႈမ်ိဳး ေဒသအက်ိဳးေဆာင္႐ြက္ ႏိုင္ရန္ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ေၾကာင္း ဦးေဌးေအာင္က ေျပာၾကားသည္။

“ ကြၽန္ေတာ့္အေနနဲ႔အစ္မႀကီး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ မဲဆႏၵနယ္ေျမမွာ ဝင္ၿပိဳင္တာဟာ စတန႔္ထြင္တာမဟုတ္သလို နာမည္ႀကီးခ်င္လို႔မဟုတ္ပါဘူး။အစ္မႀကီးအေနနဲ႔ ေကာ့မႉးမွာမၿပိဳင္ဘဲ တစ္ျခားေနရာၿပိဳင္မယ္ဆိုရင္လည္း ကြၽန္ေတာ္ လိုက္ၿပိဳင္မွာမဟုတ္ပါဘူး။သူနဲ႔ေနရာတကာ ထိပ္တိုက္ေတြ႕ေအာင္ လိုက္ဖန္တီးေနမွာလည္းမဟုတ္ပါဘူး။ဘယ္သူနဲ႔မွ ပုဂၢိဳလ္ေရးအၿငိဳးအေတး ကြၽန္ေတာ့္မွာမရွိပါဘူး။ ေကာ့မႉး မွာ ေဒသအက်ိဳးကို ကြၽန္ေတာ္ထမ္းေဆာင္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္နဲ႔အဲဒီေနရာမွာ ဆုံးျဖတ္ခ်ခ်ၿပီးဝင္ၿပိဳင္ရတာပါ”ဟု ဦးေဌးေအာင္က ေျပာသည္။ ◾

Leave a Reply

Your email address will not be published. Required fields are marked *