ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝတ်ပြုခရီးစဉ်များကို ဆော်ဒီနိုင်ငံက ခေတ္တဆိုင်းငံ့

[ Unicode ]

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တမန်တော်မိုဟာမက်ဗလီသို့ သွားရောက်မည့်သူများအပါအဝင်  အွန်မရာဝတ်ပြုခရီးလာရောက်မည့်သူများကို ဆော်ဒီနိုင်ငံကခေတ္တဆိုင်းငံ့

ရီယဒ် ၊ ဖေဖော်ဝါရီ ၂၅

ကြယ်စင်

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့သွားမည်ကိုစိုးရိမ်သောကြောင့် ဆော်ဒီအာရေဗျနိုင်ငံသို့ အွန်မရာဝတ်ပြုခရီးစဉ် လာရောက်ကြမည့် အစ္စလာမ်ဘာသာဝင်များအား ခေတ္တယာယီရပ်ဆိုင်းထားကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ထိုကဲ့သို့ဆိုင်းငံ့ခြင်းသည် မဒီနဟ်ရှိတမန်တော်၏ဗလီသို့သွားရောက်ရန်ကြိုးစားသူများနှင့်လည်း သက်ဆိုင်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကိုကိုးကားပြီး အာရပ်သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ခြင်းဖြစ်ပြီး အွန်မရာဝတ်ပြုခရီးစဉ်များကို ယခုနှစ်အတွင်း အချိန်မရွေးလုပ်ဆောင် နိုင်ကြောင်းကိုလည်း ရေးသားဖော်ပြခဲ့သည်။

COVID-19 အဖြစ်တရားဝင်လူသိများသော ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မှု၏ဗဟိုချက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် အတူကမ္ဘာလုံးတွင် လူပေါင်း ၂,၇၀၀ ကျော်သေဆုံးလျက်ရှိပြီး ကျန်းမာရေး ကျွမ်းကျင်သူ များကရောဂါပျောက်ကင်းရန်နည်းလမ်းများရှာဖွေနေလျက်ရှိသည်။

အဆိုပါဗိုင်းရပ်စ်သည် တရုတ်ပြည်မကြီးအပြင် အခြားနိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူကေ၊ စင်္ကာပူ၊ ပြင်သစ်၊ ရုရှား၊ စပိန်နှင့်အိန္ဒိယအပါအဝင်နိုင်ငံပေါင်း ၃၀ ကျော်သို့ပျံ့နှံ့ခဲ့ပြီး ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာကျန်းမာရေးနှင့်ပတ်သက်ပြီး အရေးပေါ်ကြေငြာထားသည်။

Ref : aa.com.tr

 

[ Zawgyi ]

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ တမန္ေတာ္မိုဟာမက္ဗလီသို႔ သြားေရာက္မည့္သူမ်ားအပါအ၀င္  အြန္မရာ၀တ္ျပဳခရီးလာေရာက္မည့္သူမ်ားကို ေဆာ္ဒီႏိုင္ငံကေခတၱဆိုင္းငံ့

ရီယဒ္ ၊ ေဖေဖာ္၀ါရီ ၂၅

ၾကယ္စင္

ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔သြားမည္ကိုစိုးရိမ္ေသာေၾကာင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ အြန္မရာ၀တ္ျပဳခရီးစဥ္ လာေရာက္ၾကမည့္ အစၥလာမ္ဘာသာ၀င္မ်ားအား ေခတၱယာယီရပ္ဆိုင္းထားေၾကာင္း ေဒသခံမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

ထိုကဲ့သို႔ဆိုင္းငံ့ျခင္းသည္ မဒီနဟ္ရွိတမန္ေတာ္၏ဗလီသို႔သြားေရာက္ရန္ႀကိဳးစားသူမ်ားႏွင့္လည္း သက္ဆိုင္ေၾကာင္း ေဆာ္ဒီအာေရဗ်ႏိုင္ငံျခားေရး ၀န္ႀကီးဌာန၏ထုတ္ျပန္ခ်က္ကိုကိုးကားၿပီး အာရပ္သတင္း ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့ျခင္းျဖစ္ၿပီး အြန္မရာ၀တ္ျပဳခရီးစဥ္မ်ားကို ယခုႏွစ္အတြင္း အခ်ိန္မေ႐ြးလုပ္ေဆာင္ ႏိုင္ေၾကာင္းကိုလည္း ေရးသားေဖာ္ျပခဲ့သည္။

COVID-19 အျဖစ္တရားဝင္လူသိမ်ားေသာ ကို႐ိုနာဗိုင္းရပ္စ္သည္ ကူးစက္မႈ၏ဗဟိုခ်က္ျဖစ္သည့္ တ႐ုတ္ႏိုင္ငံႏွင့္ အတူကမာၻလုံးတြင္ လူေပါင္း ၂,၇၀၀ ေက်ာ္ေသဆုံးလ်က္ရွိၿပီး က်န္းမာေရး ကြၽမ္းက်င္သူ မ်ားကေရာဂါေပ်ာက္ကင္းရန္နည္းလမ္းမ်ားရွာေဖြေနလ်က္ရွိသည္။

အဆိုပါဗိုင္းရပ္စ္သည္ တ႐ုတ္ျပည္မႀကီးအျပင္ အျခားႏိုင္ငံမ်ားျဖစ္သည့္ အေမရိကန္၊ ယူေက၊ စကၤာပူ၊ ျပင္သစ္၊ ႐ုရွား၊ စပိန္ႏွင့္အိႏၵိယအပါအ၀င္ႏိုင္ငံေပါင္း ၃၀ ေက်ာ္သို႔ပ်ံ႔ႏွံ႔ခဲ့ၿပီး ေရာဂါျဖစ္ပြားမႈႏွင့္ပတ္သက္၍ ကမၻာ့က်န္းမာေရးအဖြဲ႔က ႏိုင္ငံတကာက်န္းမာေရးႏွင့္ပတ္သက္ၿပီး အေရးေပၚေၾကျငာထားသည္။

Ref : aa.com.tr

Leave a Reply

Your email address will not be published. Required fields are marked *