၂၀၂ဝရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရင်ဆိုင်ယှဉ်ပြိုင်မယ့် ဦးဌေးအောင်နဲ့တွေ့ဆုံခြင်း

Unicode

၂၀၂ဝရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရင်ဆိုင်ယှဉ်ပြိုင်မယ့် ဦးဌေးအောင်နဲ့တွေ့ဆုံခြင်း

မြေးချစ်ညိုမေးမြန်းသည်။

မေး။ ။အန်ကယ်ခင်ဗျာ ပထမဆုံး မေးချင်တာကအန်ကယ့်အနေနဲ့ ရွေးကောက် ပွဲဝင်မယ့်ကိစ္စဟာ ဘယ်လိုစိတ်ကူးတွေကြောင့် ဖြစ်ပေါ်လာတာလဲသိချင်ပါတယ်။
ဖြေ။ ။ ကျွန်တော်ရွေးကောက်ပွဲဝင် ကြောင်းကမ္ဘာကိုသိစေချင်တာပါဗျ။ ကမ္ဘာကနေ ကျွန်တော်တို့တိုင်းပြည်ကို စွပ်စွဲနေတဲ့အရာအချို့ကို ကျွန်တော်ကဖြေရှင်းပေးချင်တာပါ။

မေး။ ။အန်ကယ့်အနေနဲ့ ရွေး ကောက်ပွဲကို တစ်သီးပုဂ္ဂလအနေနဲ့ ပြိုင်မှာလား၊ ဒါမှမဟုတ် ပါတီထောင်ပြီးပြိုင်မှာလား ပြောပေးပါဦး။
ဖြေ။ ။ ရွေးကောက်ပွဲကို ကျွန်တော် တစ်သီးပုဂ္ဂလအနေနဲ့ပြိုင်မှာပါ။

မေး။ ။နောက်မေးခွန်းက အန်ကယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်မြေ ဖြစ်တဲ့ကော့မှူးကနေဝင်ပြိုင်မယ်လို့လည်း ကြားနေရပါတယ်။ ဒီသတင်းမှန်မမှန်နဲ့ မှန်တယ် ဆိုရင်ရော ဒေါ်အောင်ဆန်းစုကြည်ကိုယှဉ်ပြိုင်နိုင်ဖို့ ဘယ်လောက်ထိမျှော်လင့်ထားပါလဲ ခင်ဗျ။
ဖြေ။ ။ဟုတ်ပါတယ်။ ကျွန်တော်ကော့မှူးမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင် မှာပါ။ ယှဉ်ပြိုင်ကမယ့် သူကိုလည်းသိပါတယ်။ မိမိနိုင်ကို နိုင်ရမယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြိုင်တာဖြစ်ပါတယ်။

မေး။ ။အန်ကယ့်ရပ်တည်ချက်ကရော မြန်မာမွတ်စလင်လူနည်းစုတွေအတွက် ရပ်တည်မှာလား ဒါမှမဟုတ် နိုင်ငံသားအားလုံးအတွက်လားဆိုတာ ပြောပေးပါဦး။
ဖြေ။ ။ ကျွန်တော့် ရပ်တည်ချက်က နိုင်ငံသားအားလုံးအတွက်ပါ။

မေး။ ။တကယ်လို့များပေါ့လေ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲသာ ရောက်ခဲ့မယ်ဆိုရင် ဘယ်လိုကိစ္စတွေကို ဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာလေး သိချင်ပါ တယ်။
ဖြေ။ ။ ရွေးကောက်ပွဲမှာအနိုင်ရပြီး လွှတ်တော်ထဲသာရောက်ခဲ့ရင်တော့ အစိုးရ၊ ပြည်သူ နဲ့ တပ်မတော်တစ်သားတည်းဖြစ်အောင် ဆောင်ရွက်ပေးလိုတာပါ။ ◾

 

Zawgyi

၂၀၂ဝေရြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ရင္ဆိုင္ယွဥ္ၿပိဳင္မယ့္ ဦးေဌးေအာင္နဲ႔ေတြ႕ဆုံျခင္း

ေျမးခ်စ္ညိဳေမးျမန္းသည္။

ေမး။ ။အန္ကယ္ခင္ဗ်ာ ပထမဆုံး ေမးခ်င္တာကအန္ကယ့္အေနနဲ႔ ေရြးေကာက္ ပြဲဝင္မယ့္ကိစၥဟာ ဘယ္လိုစိတ္ကူးေတြေၾကာင့္ ျဖစ္ေပၚလာတာလဲသိခ်င္ပါတယ္။
ေျဖ။ ။ ကၽြန္ေတာ္ေရြးေကာက္ပြဲဝင္ ေၾကာင္းကမၻာကိုသိေစခ်င္တာပါဗ်။ ကမၻာကေန ကၽြန္ေတာ္တို႔တိုင္းျပည္ကို စြပ္စြဲေနတဲ့အရာအခ်ိဳ႕ကို ကၽြန္ေတာ္ကေျဖရွင္းေပးခ်င္တာပါ။

ေမး။ ။အန္ကယ့္အေနနဲ႔ ေရြး ေကာက္ပြဲကို တစ္သီးပုဂၢလအေနနဲ႔ ၿပိဳင္မွာလား၊ ဒါမွမဟုတ္ ပါတီေထာင္ၿပီးၿပိဳင္မွာလား ေျပာေပးပါဦး။
ေျဖ။ ။ ေရြးေကာက္ပြဲကို ကၽြန္ေတာ္ တစ္သီးပုဂၢလအေနနဲ႔ၿပိဳင္မွာပါ။

ေမး။ ။ေနာက္ေမးခြန္းက အန္ကယ္အေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ နယ္ေၿမ ျဖစ္တဲ့ေကာ့မႉးကေနဝင္ၿပိဳင္မယ္လို႔လည္း ၾကားေနရပါတယ္။ ဒီသတင္းမွန္မမွန္နဲ႔ မွန္တယ္ ဆိုရင္ေရာ ေဒၚေအာင္ဆန္းစုၾကည္ကိုယွဥ္ၿပိဳင္နိုင္ဖို႔ ဘယ္ေလာက္ထိေမၽွာ္လင့္ထားပါလဲ ခင္ဗ်။
ေျဖ။ ။ဟုတ္ပါတယ္။ ကၽြန္ေတာ္ေကာ့မႉးၿမိဳ႕နယ္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ယွဥ္ၿပိဳင္ မွာပါ။ ယွဥ္ၿပိဳင္ကမယ့္ သူကိုလည္းသိပါတယ္။ မိမိနိုင္ကို နိုင္ရမယ္လို႔ ယုံၾကည္ခ်က္အျပည့္နဲ႔ ၿပိဳင္တာျဖစ္ပါတယ္။

ေမး။ ။အန္ကယ့္ရပ္တည္ခ်က္ကေရာ ျမန္မာမြတ္စလင္လူနည္းစုေတြအတြက္ ရပ္တည္မွာလား ဒါမွမဟုတ္ နိုင္ငံသားအားလုံးအတြက္လားဆိုတာ ေျပာေပးပါဦး။
ေျဖ။ ။ ကၽြန္ေတာ့္ ရပ္တည္ခ်က္က နိုင္ငံသားအားလုံးအတြက္ပါ။

ေမး။ ။တကယ္လို႔မ်ားေပါ့ေလ ေရြးေကာက္ပြဲမွာ အနိုင္ရၿပီး လႊတ္ေတာ္ထဲသာ ေရာက္ခဲ့မယ္ဆိုရင္ ဘယ္လိုကိစၥေတြကို ဦးစားေပးေဆာင္ရြက္သြားမယ္ဆိုတာေလး သိခ်င္ပါ တယ္။
ေျဖ။ ။ ေရြးေကာက္ပြဲမွာအနိုင္ရၿပီး လႊတ္ေတာ္ထဲသာေရာက္ခဲ့ရင္ေတာ့ အစိုးရ၊ ျပည္သူ နဲ႔ တပ္မေတာ္တစ္သားတည္းျဖစ္ေအာင္ ေဆာင္ရြက္ေပးလိုတာပါ။ ◾

Leave a Reply

Your email address will not be published. Required fields are marked *