ရွှေစာရံဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုမရှိစေရန် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

Unicode

လူဦးရေတစ်သိန်းကျော်လာရောက်သည့် ရွှေစာရံဘုရားပွဲတော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု မရှိစေရန် ကျန်းမာရေးဌာနက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေး၊ ဖေဖော်ဝါရီ ၂၆

MTK


ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ခေါ် Covid-19 ဖြစ်ပွားနေသည့်ကာလဖြစ်နေသော်လည်း မကြာမီကျင်းပမည့် လူဦးရေတစ်သိန်းကျော်လာရောက်မည့် သမိုင်းဝင်ရွှေစာရံဘုရားပွဲတော်ကို ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရန် ကျန်းမာရေးဦးစီးဌာနမှ ကြိုတင်ကာကွယ်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

“ရွှေစာရံဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပကြမှာပါပဲ။ ကျွန်မတို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနဲ့ လူစုလူဝေးကိုအတတ်နိုင်ဆုံးမလုပ်ရန်၊ အကယ်၍ မဖြစ်မနေလုပ်ရမယ်ဆိုတာရှိခဲ့ရင် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးနည်းလမ်းများကိုအတိအကျ ဆောင်ရွက်ရန်ဆိုပြီး ထုတ်ပြန်ထားပြီးသားပါ။ ဒါကြောင့်မို့ ကျွန်မတို့ကရွွှေစာရံပွဲတော်မှာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရယ်၊ ပုသိမ်ကြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရယ်ပေါင်းပြီးတော့ ဘုရားပွဲတော်လာပြည်သူတွေကို အသိပညာပေးဖို့ အတွက် ဗီနိုင်းထောင််တာတွေ၊ လက်ကမ်းစာစောင်ဝေတာတွေ၊ ကျန်းမာရေးပြခန်းထဲမှာ လက်ဆေး နည်းတွေကို တောက်လျှောက်လုပ်နေတယ်။ ဘုရားထဲမှာဂေါပကအဖွဲ့ကိုပြောပြီး ဘုရားထဲမှာအတတ် နိုင်ဆုံး လက်ဆေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမယ်။ ကျန်းမာရေးပညာပေးလုပ်ငန်းတွေလုပ်မယ်။ တတ်နိုင်သလောက်လူစုလူဝေးမလာဖို့ပြောပေမယ့် ဒါကဘာသာရေးပွဲတစ်ခုဖြစ်နေတာကြောင့်လာကြ မှာပဲ။ ဒီအပေါ်မှာ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေလုပ်ပေးသွားမယ်။ ပွဲပိတ်ခြင်း၊ မပိတ်ခြင်းကတော့ ဘာမှမပြောပါဘူး။”ဟု မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သန်းသန်းမြင့်က ပြောကြားခဲ့သည်။

သမိုင်းဝင်ရွှေစာရံဘုရားပွဲတော်ကို ၁၃၈၁ခုနှစ်၊ တပေါင်းလပြည့်နေ့မှ လပြည့်ကျော်(၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ပြည်သူများလာရောက်လျက်ရှိရာ နှစ်စဉ် လူဦးရေတစ်သိန်းကျော်ရှိနေကြောင်း ရွှေစာရံဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးပြေငြိမ်းက ဆိုသည်။
“အခုဘုရားပရိဝုဏ်နဲ့ စျေးတန်းဘက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရောဂါဖြစ်ပွားမှုမရှိစေဖို့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်။ ဟောပြောပွဲတွေလည်း လုပ်ပြီးပါပြီ။ ကျန်းမာရေးဦးစီးဌာနပူးပေါင်းပြီးတော့ပွဲတော်အတွင်းမှာလိုအပ်ချက်တွေကိုဆောင်ရွက်နေပါတယ်။”ဟု ပြောကြားခဲ့သည်။

ယခုနှစ်ဘုရားပွဲတော်အတွက် စျေးဆိုင်ခန်းပေါင်း(၁၀၀၀)ကျော်ကို ဖွင့်လှစ်ပေးထားပြီး ဆိုင်ခန်းခ အနေဖြင့် ရှမ်းတိုင်းရင်းသား ဖြစ်ပါက ကျပ်(၂၀၀၀၀)နှင့်အခြား ကျပ်(၃၀၀၀၀)နှုန်းဖြင့်သတ်မှတ်ချ ထားပေးခဲ့ကာ ရွှေစာရံဘုန်းတော်ကြီး သင်ပညာရေးကျောင်း ရန်ပုံငွေရရှိစေရန် ဘုရားဂေါပကအဖွဲ့က စျေးဆိုင်ခန်းပေါင်း(၁၄၀)ကို လှူဒါန်းခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဖေဖော်ဝါရီ(၂၃)ရက် ညပိုင်းက မြန်မာနိုင်ငံအတွင်း ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ခေါ် Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ တစ်ဦးမျှ မတွေ့သေးသော်လည်း အဆိုပါရောဂါ ဖြစ်ပွားသူများ ရုတ်တရက် တပြိုင်နက် တွေ့ရှိလာနိုင် ၍ ပွဲလမ်းသဘင်များနှင့် လူစုလူဝေးများ ရှိရာသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် Covid-19 ရောဂါ ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေပြီး ယင်းရောဂါသည် လူနာနှင့်တိုက်ရိုက် ထိတွေ့မှု သို့မဟုတ် ရောဂါဖြစ်ပွားရာနိုင်ငံသို့ လတ်တလော သွားရောက်ခဲ့ခြင်းမရှိ သူများကိုပင် ရောဂါကူးစက်နေသည်ကို တွေ့ရှိရသည့်အပြင် လူစုလူဝေးများပြားသောနေရာများတွင် ရောဂါဖြစ်ပွားသူ သို့မဟုတ် ရောဂါလက္ခဏာမပြသေးဘဲ ရောဂါရှိသူထံမှ အခြားသူများသို့ ကူးစက် ပျံ့ပွားနိုင်ကြောင်း၊ လူစုလူဝေးရှိရာ ပွဲလမ်းသဘင်အခမ်းအနားများသို့ သွားရောက်ခြင်း မပြုဘဲ သတိပြု ဆင်ခြင်ပါက ရောဂါကူးစက်နိုင်ခြေနည်းပါးပြီး ပြည်သူတစ်ဦးချင်းစီက ရောဂါကာကွယ်နိုင်ရေး အလေး ထားသင့်ကြောင်း၊ အခြေအနေအရ မဖြစ်မနေ ကျင်းပရမည့် ပွဲလမ်းသဘင်များကိုသာ ကျင်းပရန်နှင့် ထိုသို့ကျင်းပပါကလည်း ဌာနမှထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ပညာပေးနှိုးဆော်ချက်များကို စနစ်တကျ လိုက်နာကြရန်လိုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နှိုးဆော်ပန်ကြား အပ်ပါသည်ဟု ဖော်ပြထားကြောင်း သိရသည်။◾

Zawgyi

လူဦးေရတစ္သိန္းေက်ာ္လာေရာက္သည့္ ေရႊစာရံဘုရားပြဲေတာ္ကို ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္မႈ မရွိေစရန္ က်န္းမာေရးဌာနက ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္

မႏၲေလး၊ ေဖေဖာ္ဝါရီ ၂၆

MTK


ဝူဟန္ကိုရိုနာဗိုင္းရပ္စ္ေခၚ Covid-19 ျဖစ္ပြားေနသည့္ကာလျဖစ္ေနေသာ္လည္း မၾကာမီက်င္းပမည့္ လူဦးေရတစ္သိန္းေက်ာ္လာေရာက္မည့္ သမိုင္းဝင္ေရႊစာရံဘုရားပြဲေတာ္ကို ေရာဂါပိုးကူးစက္မႈ မျဖစ္ေပၚေစရန္ က်န္းမာေရးဦးစီးဌာနမွ ႀကိဳတင္ကာကြယ္မႈလုပ္ငန္းမ်ားကိုေဆာင္ရြက္ေပးလ်က္ရွိ ေၾကာင္း သိရသည္။

“ေရႊစာရံဘုရားပြဲေတာ္ကို ႏွစ္စဥ္က်င္းပၾကမွာပါပဲ။ ကၽြန္မတို႔က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန အေနနဲ႔ လူစုလူေဝးကိုအတတ္နိုင္ဆုံးမလုပ္ရန္၊ အကယ္၍ မျဖစ္မေနလုပ္ရမယ္ဆိုတာရွိခဲ့ရင္ က်န္းမာ ေရးႏွင့္အားကစားဝန္ႀကီးဌာနကထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးနည္းလမ္းမ်ားကိုအတိအက် ေဆာင္ရြက္ရန္ဆိုၿပီး ထုတ္ျပန္ထားၿပီးသားပါ။ ဒါေၾကာင့္မို႔ ကၽြန္မတို႔ကေရြႊစာရံပြဲေတာ္မွာ တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕ရဲ့ လမ္းညႊန္မႈျဖင့္ မႏၲေလးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရယ္၊ ပုသိမ္ႀကီး ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနရယ္ေပါင္းၿပီးေတာ့ ဘုရားပြဲေတာ္လာျပည္သူေတြကို အသိပညာေပးဖို႔ အတြက္ ဗီနိုင္းေထာင္္တာေတြ၊ လက္ကမ္းစာေစာင္ေဝတာေတြ၊ က်န္းမာေရးျပခန္းထဲမွာ လက္ေဆး နည္းေတြကို ေတာက္ေလၽွာက္လုပ္ေနတယ္။ ဘုရားထဲမွာေဂါပကအဖြဲ႕ကိုေျပာၿပီး ဘုရားထဲမွာအတတ္ နိုင္ဆုံး လက္ေဆးနိုင္ဖို႔ ေဆာင္ရြက္ေပးသြားမယ္။ က်န္းမာေရးပညာေပးလုပ္ငန္းေတြလုပ္မယ္။ တတ္နိုင္သေလာက္လူစုလူေဝးမလာဖို႔ေျပာေပမယ့္ ဒါကဘာသာေရးပြဲတစ္ခုျဖစ္ေနတာေၾကာင့္လာၾက မွာပဲ။ ဒီအေပၚမွာ ကာကြယ္ႏွိမ္နင္းေရးလုပ္ငန္းေတြလုပ္ေပးသြားမယ္။ ပြဲပိတ္ျခင္း၊ မပိတ္ျခင္းကေတာ့ ဘာမွမေျပာပါဘူး။”ဟု မႏၲေလးတိုင္းေဒသႀကီးျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာနမွ ဦးစီးမႉး ေဒၚသန္းသန္းျမင့္က ေျပာၾကားခဲ့သည္။

သမိုင္းဝင္ေရႊစာရံဘုရားပြဲေတာ္ကို ၁၃၈၁ခုႏွစ္၊ တေပါင္းလျပည့္ေန႔မွ လျပည့္ေက်ာ္(၈)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ရာ ပြဲေတာ္သို႔ အနယ္နယ္အရပ္ရပ္မွ ျပည္သူမ်ားလာေရာက္လ်က္ရွိရာ ႏွစ္စဥ္ လူဦးေရတစ္သိန္းေက်ာ္ရွိေနေၾကာင္း ေရႊစာရံဘုရားေဂါပကအဖြဲ႕ဥကၠဌ ဦးေျပၿငိမ္းက ဆိုသည္။
“အခုဘုရားပရိဝုဏ္နဲ႔ ေစ်းတန္းဘက္ေတြမွာ ကိုရိုနာဗိုင္းရပ္စ္ပိုးေရာဂါျဖစ္ပြားမႈမရွိေစဖို႔အတြက္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းေတြေဆာင္ရြက္ေနတယ္။ ေဟာေျပာပြဲေတြလည္း လုပ္ၿပီးပါၿပီ။ က်န္းမာေရးဦးစီးဌာနပူးေပါင္းၿပီးေတာ့ပြဲေတာ္အတြင္းမွာလိုအပ္ခ်က္ေတြကိုေဆာင္ရြက္ေနပါတယ္။”ဟု ေျပာၾကားခဲ့သည္။

ယခုႏွစ္ဘုရားပြဲေတာ္အတြက္ ေစ်းဆိုင္ခန္းေပါင္း(၁၀၀၀)ေက်ာ္ကို ဖြင့္လွစ္ေပးထားၿပီး ဆိုင္ခန္းခ အေနျဖင့္ ရွမ္းတိုင္းရင္းသား ျဖစ္ပါက က်ပ္(၂၀၀၀၀)ႏွင့္အျခား က်ပ္(၃၀၀၀၀)ႏႈန္းျဖင့္သတ္မွတ္ခ် ထားေပးခဲ့ကာ ေရႊစာရံဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္း ရန္ပုံေငြရရွိေစရန္ ဘုရားေဂါပကအဖြဲ႕က ေစ်းဆိုင္ခန္းေပါင္း(၁၄၀)ကို လႉဒါန္းခဲ့သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ေဖေဖာ္ဝါရီ(၂၃)ရက္ ညပိုင္းက ျမန္မာနိုင္ငံအတြင္း ဝူဟန္ကိုရိုနာဗိုင္းရပ္စ္ေခၚ Covid-19 လတ္တေလာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားသူ တစ္ဦးမၽွ မေတြ႕ေသးေသာ္လည္း အဆိုပါေရာဂါ ျဖစ္ပြားသူမ်ား ႐ုတ္တရက္ တၿပိဳင္နက္ ေတြ႕ရွိလာနိုင္ ၍ ပြဲလမ္းသဘင္မ်ားႏွင့္ လူစုလူေဝးမ်ား ရွိရာသို႔ သြားလာျခင္းမွ ေရွာင္ၾကဥ္ၾကရန္ ထုတ္ျပန္ခဲ့သည္။

တ႐ုတ္နိုင္ငံတြင္ Covid-19 ေရာဂါ ျဖစ္ပြားမႈ ဆက္လက္ျမင့္တက္ေနၿပီး ယင္းေရာဂါသည္ လူနာႏွင့္တိုက္ရိုက္ ထိေတြ႕မႈ သို႔မဟုတ္ ေရာဂါျဖစ္ပြားရာနိုင္ငံသို႔ လတ္တေလာ သြားေရာက္ခဲ့ျခင္းမရွိ သူမ်ားကိုပင္ ေရာဂါကူးစက္ေနသည္ကို ေတြ႕ရွိရသည့္အျပင္ လူစုလူေဝးမ်ားျပားေသာေနရာမ်ားတြင္ ေရာဂါျဖစ္ပြားသူ သို႔မဟုတ္ ေရာဂါလကၡဏာမျပေသးဘဲ ေရာဂါရွိသူထံမွ အျခားသူမ်ားသို႔ ကူးစက္ ပ်ံ႕ပြားနိုင္ေၾကာင္း၊ လူစုလူေဝးရွိရာ ပြဲလမ္းသဘင္အခမ္းအနားမ်ားသို႔ သြားေရာက္ျခင္း မျပဳဘဲ သတိျပဳ ဆင္ျခင္ပါက ေရာဂါကူးစက္နိုင္ေျခနည္းပါးၿပီး ျပည္သူတစ္ဦးခ်င္းစီက ေရာဂါကာကြယ္နိုင္ေရး အေလး ထားသင့္ေၾကာင္း၊ အေျခအေနအရ မျဖစ္မေန က်င္းပရမည့္ ပြဲလမ္းသဘင္မ်ားကိုသာ က်င္းပရန္ႏွင့္ ထိုသို႔က်င္းပပါကလည္း ဌာနမွထုတ္ျပန္ထားသည့္ ေရာဂါကာကြယ္ေရး ပညာေပးႏွိုးေဆာ္ခ်က္မ်ားကို စနစ္တက် လိုက္နာၾကရန္လိုေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ႏွိုးေဆာ္ပန္ၾကား အပ္ပါသည္ဟု ေဖာ္ျပထားေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *