မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)မှ ဝန်ထမ်းတစ်ဦးသိန်းပေါင်း တစ်ထောင်ကျော် ခိုးယူထွက်ပြေး

Unicode

မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)မှ ဝန်ထမ်းတစ်ဦးကျပ်သိန်းပေါင်း တစ်ထောင်ကျော် ခိုးယူထွက်ပြေးမှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အောင်ချစ်

photo-internet

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ဝန်ထမ်းတစ်ဦးမှ ငွေကျပ်သိန်းပေါင်း တစ်ထောင်ကျော် ခိုးယူထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၄င်းငွေကျပ် သိန်းတစ်ထောင်ကျော်အား ခိုးယူထွက်ပြေးသည်ဘဏ်ဝန်ထမ်းကို ဘဏ်တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် အင်းစိန်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြာင်း အင်းစိန်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“အမှုလာဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်” ဟု အင်းစိန်မြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ရက်က အင်းစိန်မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေရယူထားသူ ၅ ဦးဖြစ်သည့် လှိုင်သာ ယာမြို့နယ်၊အမှတ် ၁၄ရပ်ကွက်နေ ဦးမြင့်(ရဝနှစ်)၊ဦးထက်ဝေယံ(၃၂ နှစ်)နှင့် ဒေါ်ဆွေဆွေသက်(၃၃နှစ်)တို့အပြင် အင်းစိန်မြို့နယ်နေ ဦးသက်တင်(၇၄နှစ်)နှင့် ဒေါ်ခင်ပို့(၇၁နှစ်) တို့သည် ၎င်းတို့၏ငွေ သွင်း၊ငွေထုတ်စာရင်းများကို ပြန်လည် စစ်ဆေးပေးရန် ဘဏ်တာဝန်ရှိများအား တောင်းဆိုခဲ့သည့်အတွက် ယင်းတောင်းဆိုသူများ၏ ငွေသွင်း၊ငွေထုတ်စာရင်းများကို စစ်ဆေး ခဲ့ရာတွင် ငွေကျပ် ၁၁၇၅ဝဝဝဝဝသိန်းအား ဘဏ်ဝန်ထမ်းတစ်ဦးမှ လက်မှတ်အတုရေးထိုးကာ ခိုးယူထုတ်ယူသွားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းလက်မှတ်အတုရေးထိုးကာ ငွေအားခိုးယူထုတ်ယူခဲ့သည့် ဘဏ်ဝန်ထမ်းအားစစ်ဆေးရာတွင် အင်းစိန်မြို့ နယ်၊မြန်မာ့စီးပွားရေးဘဏ်မှ ဒုကြီးကြပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေသော ဦးတင်ဝင်(၆၀ နှစ်)၊တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေထိုင်သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းအားအရေးယူပေးရန် အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်မန်နေဂျာဒေါ်လှလှထွေးက အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်တန်းခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

လက်ရှိတွင် ၎င်းငွေအားခိုးယူခဲ့သူ ဘဏ်ဝန်ထမ်းအား အင်းစိန်မြို့မရဲစခန်းမှ (ပ)၃၃၄/၂၀၂၀၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်လျှက်ရှိကြောင်း သိရသည်။◾

Zawgyi

ျမန္မာ့စီးပြားေရးဘဏ္(အင္းစိန္)မွ ဝန္ထမ္းတစ္ဦးက်ပ္သိန္းေပါင္း တစ္ေထာင္ေက်ာ္ ခိုးယူထြက္ေျပးမႈျဖစ္ပြား

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆

ေအာင္ခ်စ္

photo-internet

ရန္ကုန္တိုင္းေဒသႀကီး၊ေျမာက္ပိုင္းခရိုင္၊ အင္းစိန္ၿမိဳ႕နယ္ရွိ ျမန္မာ့စီးပြားေရးဘဏ္ ဘဏ္ဝန္ထမ္းတစ္ဦးမွ ေငြက်ပ္သိန္းေပါင္း တစ္ေထာင္ေက်ာ္ ခိုးယူထြက္ေျပးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၄င္းေငြက်ပ္ သိန္းတစ္ေထာင္ေက်ာ္အား ခိုးယူထြက္ေျပးသည္ဘဏ္ဝန္ထမ္းကို ဘဏ္တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီ ၂၅ရက္ေန႔တြင္ အင္းစိန္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္တိုင္ၾကားထားၾကာင္း အင္းစိန္ၿမိဳ႕မရဲစခန္းမွတာဝန္ရွိသူတစ္ဦး က ေျပာၾကားသည္။

“အမႈလာဖြင့္ထားတယ္ဆိုတာ ဟုတ္ပါတယ္” ဟု အင္းစိန္ၿမိဳ႕မရဲစခန္းမွတာဝန္ရွိသူတစ္ဦး က ေျပာၾကားသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၄ရက္က အင္းစိန္ၿမိဳ႕နယ္ရွိ ျမန္မာ့စီးပြားေရးဘဏ္မွ ေခ်းေငြရယူထားသူ ၅ ဦးျဖစ္သည့္ လွိုင္သာ ယာၿမိဳ႕နယ္၊အမွတ္ ၁၄ရပ္ကြက္ေန ဦးျမင့္(ရဝႏွစ္)၊ဦးထက္ေဝယံ(၃၂ ႏွစ္)ႏွင့္ ေဒၚေဆြေဆြသက္(၃၃ႏွစ္)တို႔အျပင္ အင္းစိန္ၿမိဳ႕နယ္ေန ဦးသက္တင္(၇၄ႏွစ္)ႏွင့္ ေဒၚခင္ပို႔(၇၁ႏွစ္) တို႔သည္ ၎တို႔၏ေငြ သြင္း၊ေငြထုတ္စာရင္းမ်ားကို ျပန္လည္ စစ္ေဆးေပးရန္ ဘဏ္တာဝန္ရွိမ်ားအား ေတာင္းဆိုခဲ့သည့္အတြက္ ယင္းေတာင္းဆိုသူမ်ား၏ ေငြသြင္း၊ေငြထုတ္စာရင္းမ်ားကို စစ္ေဆး ခဲ့ရာတြင္ ေငြက်ပ္ ၁၁၇၅ဝဝဝဝဝသိန္းအား ဘဏ္ဝန္ထမ္းတစ္ဦးမွ လက္မွတ္အတုေရးထိုးကာ ခိုးယူထုတ္ယူသြားေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရာမွ သိရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎လက္မွတ္အတုေရးထိုးကာ ေငြအားခိုးယူထုတ္ယူခဲ့သည့္ ဘဏ္ဝန္ထမ္းအားစစ္ေဆးရာတြင္ အင္းစိန္ၿမိဳ႕ နယ္၊ျမန္မာ့စီးပြားေရးဘဏ္မွ ဒုႀကီးၾကပ္ေရးမႉးအျဖစ္တာဝန္ထမ္းေဆာင္ေနေသာ ဦးတင္ဝင္(၆၀ ႏွစ္)၊တာေမြၿမိဳ႕နယ္၊ ေမတၱာညြန႔္ရပ္ကြက္ေနထိုင္သူျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ၎အားအေရးယူေပးရန္ အင္းစိန္ၿမိဳ႕နယ္၊ ျမန္မာ့စီးပြားေရးဘဏ္မွ ခရိုင္မန္ေနဂ်ာေဒၚလွလွေထြးက အင္းစိန္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္တိုင္တန္းခဲ့ျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။

လက္ရွိတြင္ ၎ေငြအားခိုးယူခဲ့သူ ဘဏ္ဝန္ထမ္းအား အင္းစိန္ၿမိဳ႕မရဲစခန္းမွ (ပ)၃၃၄/၂၀၂၀၊ ရာဇာသတ္ႀကီး ဥပေဒပုဒ္မ ၄၀၉ျဖင့္ အမႈဖြင့္လွစ္ကာ ဖမ္းဆီးရမိေရးအတြက္ စုံစမ္းေဖာ္ထုတ္လၽွက္ရွိေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *