တိုင်းရင်းသား ၁၃၅ လား၊ ၁၄၄ လား ငြင်းမနေကြပါနဲ့ ပြည်ထောင်စုနိုင်ငံသားဖြစ်ရေးသာ အဓိကပါ

Unicode

တိုင်းရင်းသား ၁၃၅ လား၊ ၁၄၄ လား ငြင်းမနေကြပါနဲ့ ပြည်ထောင်စုနိုင်ငံသားဖြစ်ရေးသာ အဓိကပါ

ဦးအုန်းမောင်(ရန်ကင်း)တရားလွှတ်တော်ရှေ့နေ

photo-internet

၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေပုဒ်မ၃တွင် ၁၈၂၃ခုနှစ် မတိုင်မီကစပြီး နိုင်ငံတော်တွင် ပါဝင် သော နယ်မြေတစ်ခုခုမှာ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊မွန်၊ ရခိုင်၊ရှမ်းစတဲ့ တိုင်းရင်းသား လူမျိုး တွေနဲ့ မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ် တယ်လို့ဆိုပါတယ်။ ပုဒ်မ၃ကပြောတဲ့ ‘မျိုးနွယ်စုများ’ဆိုတာ ဒီကနေ့ ပြောနေတဲ့ (၁၃၅) မျိုးလို့ အတိအလင်းဖော်ပြထားတာ မတွေ့ရပါ ဘူး။ ဥပဒေနဲ့ ပြဋ္ဌာန်းထားတာလည်း မတွေ့ရ ပါဘူး။

၁၉၄ရခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ၁၁အရ တိုင်းရင်းသားတစ်မျိုးမျိုး ဆိုသည်ကို ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ၃(၁)တွင် ‘မြန်မာတိုင်ရင်းသား တစ်မျိုးမျိုး’ဆိုတဲ့ လူမျိုးကြီး(၈)မျိုးဆိုတာ ၁၈၂၃ခုနှစ် မတိုင်မီက ပြည်ထောင်စုနယ်မြေမှာ အခြေစိုက်နေထိုင်သူ ဖြစ်ရမယ်လို့ လုံးဝဖော်ပြ ထားခြင်းမရှိပါဘူး။ ခုနှစ်ကန့်သတ်ချက်မရှိပါဘူး။ ကျန်မျိုးနွယ်စုတွေကိုသာ ၁၈၂၃ခုနှစ်ဖြင့် ကန့်သတ်ထားတာ တွေ့ရပါတယ်။ ၁၉၄၈ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ၃(၁)မှာ တိုင်းရင်းသားလူမျိုး(၈)မျိုး အမည်သည်လည်း ကောင်း၊ ၁၈၂၃ခုနှစ်မတိုင်မီက ပြည်ထောင်စု နယ်မြေမှ အခြေစိုက်နေထိုင်ခဲ့သော ‘မျိုးနွယ်စု များ’သည်လည်းကောင်းဟု မြန်မာစာ၊ မြန်မာ စကားကို မြန်မာသဒ္ဒါဖြင့် ပီပြင်စွာဖော်ပြထား တာတွေ့ရမှာ ဖြစ်ပါတယ်။ စကားရပ်စာစုနှစ်ခု မတူပါဘူး။

ဒါကြောင့် အဆိုပါဥပဒေပုဒ်မက ရည်ညွှန်း တဲ့ ‘မျိုးနွယ်စုများ’ဆိုတာ လူမျိုးကြီး(၈)မျိုး အောက်က အခြားတိုင်းရင်းသားလူမျိုးများကို ပြောတာမဟုတ်ဘဲအမည်မဖော်ပြဘဲ ၁၈၂၃ခုနှစ် မတိုင်မီကရှိနေတဲ့ အခြားလူမျိုးနွယ်စုတွေကို ဆိုလိုတာဖြစ်တယ်လို့ ကောက်ယူနိုင်ပါတယ်။ မြန်မာစာပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ သမိုင်းပညာရှင်တွေ အမှန်တရားကို ဖော်ထုတ်ဖို့ လိုပါတယ်။

အမျိုးသားခေါင်းဆောင်ကြီးတွေ အသိ အမှတ်ပြု မျှော်မှန်းခဲ့တဲ့ တိုင်းရင်းသားလူမျိုး အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၁၉၈၂ခုနှစ်၊ မြန်မာ နိုင်ငံသား ဥပဒေပုဒ်မ၃မှာ မြန်မာစာ၊ မြန်မာ စကား၊ မြန်မာသဒ္ဒါအရ ၁၉၄၈ခုနှစ်၊ နိုင်ငံသား ဖြစ်မှု အက်ဥပဒေ ပုဒ်မ၃(၁)ပါ ‘လည်းကောင်း’ ဆိုတဲ့ သမ္ဗန္ဓကို ‘နှင့်’ဆိုတဲ့ စကားဆက်နဲ့ ပြုပြင် ပြောင်းလဲပြီး အမည်ဖော်ပြထားတဲ့ တိုင်းရင်းသား လူမျိုး(၈)မျိုးရဲ့ ‘မျိုးနွယ်စုများ’ဖြစ်သယောင် ရေးသားထားတာကို တွေ့ရမှာဖြစ်ပါတယ်။ လက် တစ်လုံးခြား ရေးသားထားတာတွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှု အက် ဥပဒေနဲ့ ဖီလာဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ၁၃၅မျိုးလို့ ဖော်ပြထားခြင်းမရှိပါဘူး။

၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေရေးဆွဲ တာဟာ ၁၉၇၃ခုနှစ်၊ သန်းခေါင်စာရင်းကောက် ယူပြီး(၁ဝ)နှစ်အကြာ ၁၉၈၃ခုနှစ်၊ သန်းခေါင် စာရင်း မကောက်ယူမီရေးဆွဲခြင်းဖြစ်ပြီး (၁၅-၁ဝ-၁၉၈၂)ရက်မှာ ပြဋ္ဌာန်းတာဖြစ်တဲ့အတွက် ၁၉၇၃ခုနှစ်၊ သန်းခေါင်စာရင်း ထုတ်ပြန်ကြေညာချက်အရ တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးအမည် ကို ကမ္ဘာသိအတည်ပြုကြေညာထားပြီး ဖြစ်ပါတယ်။ ၁၉၈၂ခုနှစ်၊ နိုင်ငံသားဥပဒေ ပြဋ္ဌာန်းချိန် ထိ တိုင်းရင်းသားလူမျိုး(၁၄၄)မျိုး အတည်ဖြစ် လျက်ရှိပါတယ်။ (၁၃၅)မျိုးဆိုတာ တရားဝင်ကြေညာခြင်း မရှိသေးပါဘူး။

၁၉၈၃ခုနှစ်၊ သန်းခေါင်စာရင်းအရ တိုင်း ရင်းသားလူမျိုး (၁၃၅)မျိုးဆိုတာ ဥပဒေနဲ့အညီ နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းကြေညာခဲ့ခြင်းလည်း လုံးဝမရှိပါဘူး။ (၁၃၅)မျိုး မရှိသေးပါဘူး။ ဒါ့ကြောင့် ၁၉၈၃ခုနှစ်၊ သန်းခေါင်စာရင်း မကောက်မီက ပြဋ္ဌာန်းခဲ့တဲ့ ၁၉၈၂ခုနှစ်၊ မြန်မာ နိုင်ငံသားဥပဒေအရ တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးဖြစ်ကြောင်း လုံးဝထင်ရှားခြင်းမရှိပါဘူး။ဥပဒေထဲမှာလုံးဝမပါပါဘူး။ ၁၉၈၃ခုနှစ်၊ နိုင်ငံသား ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် လည်း (၁၃၅)မျိုးဆိုတာ လုံးဝဖော်ပြပါရှိခြင်း မရှိပါဘူး။ တိုင်းရင်းသားလူမျိုးအမည်များ စာရင်း ကို ပြည်သူ့အင်အား ဦးစီးဌာန၏(၁၁-၈-၁၉၉၉) ရက်စွဲပါ လူဦးရေဇယား(၈)မျိုးတောင်းခံစာနှင့် အတူပူးတွဲ ဖော်ပြထားကြောင်း လေ့လာသိရှိပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံ တင်ရေးဦးစီးဌာန(ရုံးချုပ်)၏ (၂၇-၈-၁၉၉၉) ရက်စွဲပါ စာဖြင့် လူဦးရေဇယား(၈)မျိုးကို ဆောင် ရွက်ပေးရန် ညွှန်ကြားစာဖြင့် ပူးတွဲပြီး ပြည်သူ့ အင်အားဦးစီးဌာနက ဇယား(၈)မျိုးဖြစ်တဲ့ ပုံစံ- ၉၉/ဝ၁မှ ပုံစံ-၉၉/ဝ၈အထိ နမူနာများနဲ့အတူ တိုင်းရင်းသားလူမျိုးများ အမည်စာရင်းတို့ကို ပေးပို့ချက်အပေါ် ကောက်နုတ်ယူထားကြောင်း လေ့လာသိရှိရပါတယ်။ ၁၉၈၃ခုနှစ်၊ သန်းခေါင် စာရင်းကောက်ပြီး (၁၅)နှစ်ကျော်မှ ပြုလုပ်တာ ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်ရောက်မှ (၁၃၅) မျိုးစာရင်း ဖန်တီးဖော်ထုတ်လာတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးအမည်စာရင်းပြုစုရာမှာ ၁၉၄ရခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ပုဒ်မ၁၁(က)တွင် ဖော်ပြထင်ရှားပြီးဖြစ်တဲ့ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ဗမာ၊မွန်၊ ရခိုင်၊ရှမ်း စတဲ့ လူမျိုးစုကြီး(၈)မျိုးကို ခေါင်းစဉ်တပ်ပြီး မျိုးနွယ်စု များကို ပေါင်းစုဖော်ပြခြင်းဖြစ်ကြောင်း သိရပါတယ်။ ထိုအတိုင်းခေါင်းစဉ်ကြောင့် ထိုလူမျိုးဖြစ်ရ မယ်လို့ မဆိုလိုကြောင်းလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။ အကြောင်းတစ်ခုကြောင့် ဖန်တီး လိုက်တာဖြစ်ပြီး မသေချာဘူးဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးအမည် (၁၃၅)မျိုးဆို တာ လွှတ်တော်က ဥပဒေနှင့်အညီ အတည်ပြုပြီး အစိုးရအဖွဲ့က ဥပဒေနှင့်အညီ တရားဝင် ပြဋ္ဌာန်း ခဲ့တာမဟုတ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ (၁၄၄)မျိုးဟာ ဒီနေ့အထိ အတည်ဖြစ်လျက် ရှိနေ ပါတယ်။ မပယ်ဖျက်ရသေးပါဘူး။ ၂ဝ၁၄-ခုနှစ်၊ သန်းခေါင်စာရင်းအရ လူမျိုးအမည်တွေ ယခုထိ မကြေညာနိုင်သေးပါဘူး။ ကြေညာရင် အဖြေမှန် ပေါ်လာမှာဖြစ်ပါတယ်။ ဘယ်လူမျိုးဟာ တိုင်းရင်းသားဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ လွှတ် တော်မှာ ကြားနာဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။

ယနေ့ပြောနေသော လူမျိုး(၁၃၅)မျိုး မည် သည့်အချိန်က စတင်ရောက်ရှိ၊ တည်ရှိကြောင်း၊ ၁၈၂၃-ခုနှစ် မတိုင်မီက (၁၃၅)မျိုးရှိနေကြောင်း မည်သူမျှ အတိအကျမပြောနိုင်ပါ။ သမိုင်း အထောက်အထားလုံးဝမရှိပါ။ (၁၃၅)မျိုးဆိုတာ ၁၉၉၉ခုနှစ်နောက်ပိုင်းမှ ပေါ်လာခြင်းဖြစ် ပါတယ်။ ၁၉၄ရခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင်လည်း မတွေ့ရပါ။ ၁၉၄၈ခုနှစ်၊ ပြည် ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေတွင် လည်း မတွေ့ရပါဘူး။ လွတ်လပ်ရေးမရမီက မည်သည့်သမိုင်းပညာရှင်၊ မနုဿဗေဒပညာရှင် ကမျှလည်း ဖော်ထုတ်ခဲ့ခြင်း မရှိပါဘူး။ ဒေါက်တာ တိုးလှ၏ ရှေးဟောင်းမြန်မာ့သမိုင်းစာအုပ်မှာ တော့ ခေတ်ပြိုင်ကျောက်စာများတွင် ကုဏ၊ ကန္တု (ကန်တူ)၊ ပုံနာ၊ ပန်သိဃ်၊ ပျူ၊ ပ္လင်၊ မွန်၊ ယွန်း၊ ရခိုင်၊ လဝ၊ သျှ (ရှမ်း) တို့ကို ဖော်ပြထားပါသည်။ ကုလား၊ ပန်းသေး ပါနေပါသည်။

မုံရွေးဆရာတော်မှတ်တမ်း၊ ဘေးရွှေတောင် ဝန်မင်းကြီး မဟာမင်းထင် ရာဇဝင်မှတ်တမ်း၊ ဘေးစဉ့်ကူထောင် အင်းစားအသုံးစာရေး မှတ် တမ်း၊ နိုင်ငံခြားဝန်ထောက်မင်းမှတ်တမ်း၊ စမ္ဗူ တံဆိပ်နှင့် စွယ်စုံကျော်ထင်အဖြေမှတ်တမ်း၊ ဦးကံ သာမှတ်တမ်း၊ ဇာတာတော်ပုံရာဇဝင် (ပုဂံမူ)၊ လောကဟိရာသီကျမ်းလာမှတ်တမ်း၊ ရခိုင် ရာဇဝင်သစ်ကျမ်းလာမှတ်တမ်း၊ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းလာ မှတ်တမ်းများအရ လူမျိုး (၁ဝ၁)ပါးသာ ရှိခဲ့ပါတယ်။ အခေါ်အဝေါ်ကွဲပြား သည်သာ ရှိပါသည်။ ၎င်းလူမျိုး (၁ဝ၁)ပါးစာရင်း တွင် ကုလားအမျိုး (၆ဝ)နှင့် တရုတ်ပါဝင်နေတာ တော့ သေချာပါတယ်။

‘ရှေးဟောင်းကျမ်းစာများတွင် လူမျိုး (၁ဝ၁)ပါးရှိကြောင်း ဖော်ပြကြသည်။ မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းတွင် လူမျိုးများစွာရှိကြောင်းကို ကျမ်းအစောင်စောင်မှ ထုတ်နုတ်၍ ကျယ်ဝန်းစွာ တင်ပြထားသည်ကို တွေ့ရသည်။ ရှေးခေတ် စာပေတို့တွင် လူမျိုး (၁ဝ၁)ပါး မှတ်တမ်းတင်ကြ သကဲ့သို့ နံရံဆေးရေး ပန်းချီများတွင်လည်း မှတ်တမ်းတင် ရေးဆွဲမှုပြုခဲ့ကြသည်။ ရှင်ဗင်ပွင့် လန်းဘုရားအတွင်းတွင် ရေးဆွဲထားသော လူမျိုး (၁ဝ၁)ပါးပုံတို့မှာ ဝတ်စားဆင်ယင်မှု အမျိုးမျိုး ကွဲပြားစွာ ရေးဆွဲထားသည်။ နံရံပန်းချီတွင် တွေ့ ရသောအမည်အချို့မှာ ကရင်၊ ခြင်၊ မါလိန်၊ ဗြဟ္မာ၊ တလိုင်၊ ကသဉ် (ကသည်း)၊ ယိုဝ်တရား၊ ရှန်၊ သထုံန်၊ တလုတ်၊ ရွန်၊တင်ဂျဉ်၊ တရော၊ တပသိ၊ သူလှီ၊ ရခိုင်၊ကြေး၊ လင်စင်၊ စဘား၊ တရိ၊ တနင်သာရီ၊ အင်ဂျယ် စသည်ဖြင့် ဖြစ်သည်’ဟု (၂ဝ-၁ဝ-၂ဝ၁၆)ရက်ထုတ် ရတနာပုံသတင်းစာ၊ စာမျက်နှာ(၄)ပါ ဗိုလ်ရှိတ်(ရတနာပူရ)၏ ‘ရေ စကြိုမြို့နယ်၊ ဆင်ကြို့ရွာမှ သမိုင်းတန်ဖိုးကြီးမား လှသည့် နံရံပန်းချီ’ဆောင်းပါးတွင် ဖော်ပြထား တာကို တွေ့ရပါတယ်။

တိုင်းရင်းသားလူမျိုးလို့ အသုံးပြုနေတဲ့ (၁၃၅)မျိုးကို ဘယ်လိုအတည်ပြု ပြဋ္ဌာန်းခဲ့တယ် ဆိုတာ အဲဒီကာလက ဘယ်ပြဋ္ဌာန်းချက်မှာမှ ဥပဒေနဲ့အညီ အမိန့်ကြော်ငြာစာနဲ့ ပြဋ္ဌာန်းခဲ့တာ ပြန်တမ်းမတွေ့ရပါဘူး။ ၁၉၇၃/၁၉၇၄ သန်း ခေါင်စာရင်းကောက်စဉ်က တိုင်းရင်းသားလူမျိုး (၁၄၄)မျိုးဆိုပြီး တိုင်းသိပြည်သိ၊ ကမ္ဘာသိ အများ ပြည်သူဆိုင်ရာ သက်သေခံအဖြစ် အကျုံးဝင်တဲ့ သတင်းစာတွေကနေ ကြေညာပြီးဖြစ်လို့ အတည် ဖြစ်နေပြီး ဒီနေ့အထိဘယ်ဥပဒေ၊ အမိန့်ကြော်ငြာ စာနဲ့မှ ပယ်ဖျက်ရခြင်း မရှိသေးပါဘူး။ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်တော့လည်း လူမျိုးအမည်တွေနဲ့ တိုင်းရင်းသား လူမျိုးအမည် စာရင်းကို ကြေညာခဲ့ခြင်း မရှိပါဘူး။ ဥပဒေနဲ့ အညီ ပြဋ္ဌာန်းခဲ့ခြင်း မရှိပါဘူး။ ကိုးကွယ်တဲ့ ဘာသာကို အခြေခံပြီး လူမျိုးနဲ့ နိုင်ငံသားကို ခွဲခြားဖို့ ၁၉၉၉-ခုနှစ်၊ နောက်ပိုင်း (၁၃၅)မျိုး စာရင်းကို ထုတ်သုံးလာတာဖြစ်တယ်လို့ လေ့လာ သိရှိ ရပါတယ်။ အဲဒီ (၁၃၅)မျိုးမှာလည်း ချင်းက သူတို့(၅၃)မျိုးမဟုတ်ဘူး။ ချင်းလူမျိုး (National Name)မှ Group လို့ခေါ်တဲ့ အုပ်စု (၅)မျိုးပဲရှိတယ် လို့ အခိုင်အမာဆိုထားပါတယ်။ ဒါကြောင့်လူမျိုးတွေ ဖောင်းပွနေပါတယ်။

၁၉၈၃ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ်-၄မှာ ဖော်ပြထား တာကတော့ ၁၈၂၄-ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပြီး နောက်ပိုင်း နိုင်ငံခြားသား အများအပြား နိုင်ငံတော်အတွင်း ဝင်ရောက် နေထိုင်လာခဲ့ကြတာကြောင့် ၁၈၂၃ခုနှစ်ကို ပိုင်းခြားသတ်မှတ်တယ်လို့ ဆိုပါတယ်။ ၁၈၂၃ ခုနှစ် မတိုင်မီက ရောက်ရှိနေသူတွေနဲ့ မဆိုင်ပါ ဘူး။ ဒီနေရာမှာ ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမပြဋ္ဌာန်းမီက ပြဋ္ဌာန်းခဲ့တဲ့၊ အတည်ဖြစ်ခဲ့ တဲ့နိုင်ငံသားဖြစ်မှု ဥပဒေတွေကို လေ့လာဖို့လိုပါ တယ်။ ၁၈၈၅ခုနှစ်မှာ တတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး ၁၈၈၆ခုနှစ်ကစပြီး မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရကမြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးဖို့ သဘောတူခဲ့တဲ့ ၁၉၄ရခုနှစ်မှာ အခြေခံ မူတွေကို အမျိုးသားခေါင်းဆောင်ကြီးတွေက ချမှတ်ခဲ့ပြီး အောင်ဆန်း-အက်တလီ စာချုပ်အရ ၁၉၄ရခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၁၉၄၈ခုနှစ်၊ နိုင်ငံသားဖြစ်မှုအက်ဥပဒေ၊ ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက် ဥပဒေတွေ ရေးဆွဲခဲ့ပါတယ်။ ဒီဥပဒေတွေထဲမှာ နိုင်ငံသားဖြစ်မှု မျှော်မှန်းချက်တွေ ပါဝင်ပါသည်။အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တို့ ၁၉၄ရခုနှစ်၊ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲစဉ်က တိုင်းရင်းသားလူမျိုးပေါင်း (၆၇)မျိုးသာရှိကြောင်း ဗိုလ်ချုပ်တို့ ပြုစုခဲ့သည့် မှတ်တမ်းစာရင်းများအရ သိရှိရပါသည်ဟု (၂၄-၁-၂ဝ၂ဝ)ရက်ထုတ် မြန်မာ့အလင်းသတင်း စာ၊ စာမျက်နှာ-၉ပါ ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရ ပါတယ်။

‘တိုင်းရင်းသား’ဆိုတဲ့ အဓိပ္ပာယ်ကို ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေပုဒ်မ ၃(၁)မှာ အတိအလင်းဖွင့်ဆိုထားပါတယ်။ မြန်မာ နိုင်ငံသားအဖြစ် ဘယ်သူတွေနဲ့ သက်ဆိုင်ရမယ် ဆိုတာကို ၁၉၄ရခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ၁၁ နဲ့ ၁၉၄၈ခုနှစ်၊ နိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ၃တို့ကို ရည်ညွှန်းပြီး ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော် လွတ်လပ်ရေးအက် ဥပဒေပုဒ်မ၂(၂)မှာ ဖော်ပြထားတဲ့ နယ်မြေတွေ မှာ နေထိုင်သူတွေအားလုံး အကျုံးဝင်ကြောင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

၁၉၈၂ခုနှစ်၊ နိုင်ငံ သားဥပဒေပုဒ်မ၃၊ ပြဋ္ဌာန်းချက်နဲ့ မတူပါဘူး။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် အစည်းအဝေးဒသမနေ့ နံနက်ပိုင်း မှာ မောင်တောမဲဆန္ဒနယ်အမတ် ဦးလှထွန်း ကျော်က တိုင်းရင်းသားမျိုးနွယ်စု (လူမျိုး)အလိုက် လူဦးရေစာရင်းထုတ်ပြန်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး (လ.ဝ.က)ပြည်ထောင် စုဝန်ကြီး ဦးသိန်းဆွေက ၂ဝ၁၄ခုနှစ်၊ သန်းခေါင် စာရင်းတွင် လူမျိုးစာရင်းကိုကောက်ယူခဲ့သော် လည်း လူမျိုးအမည် စာလုံးပေါင်းသတ်ပုံနှင့် လူမျိုးစုငယ်များ ပါဝင်မှုစသည်တို့တွင် အငြင်း ပွားဖွယ်ရာများ ရှိပါသဖြင့် တိုင်းရင်းသားလူမျိုး၏ မျိုးနွယ်စု(လူမျိုး)အလိုက် လူဦးရေစာရင်း ထုတ် ပြန်ပေးမည့် အစီအစဉ် လောလောဆယ် မရှိသေး ပါကြောင်းနှင့် တိုင်းရင်းသားရေးရာကော်မတီ ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်း ရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်၊ ယဉ်ကျေးမှုပညာရှင်နှင့် လူဦးရေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများနှင့် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှု များ ပြုလုပ်၍ တိုင်းရင်းသားလူမျိုးများအတွင်း အကျေအလည်ညှိနှိုင်း သဘောတူညီမှု ရရှိပြီးမှ သာလျှင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြေကြား ချက်ကို လေ့လာကြည့်ရင် သိရှိနိုင်ပါတယ်။

ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၏ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် လူမျိုး (၁၃၅)မျိုးရှိကြောင်းကို ယခုမျက်မှောက်ကာလ တွင်မှန်ကန်မှုရှိ၊ မရှိပြန်လည်စိစစ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေက သန်းခေါင်စာရင်း မကောက်ယူမီနှင့် ကောက်ယူပြီး ကာလများတွင် လူမျိုးအမည်၊ ဖွဲ့စည်းမှု လူမျိုးအုပ်စုများနှင့် ပတ်သက်၍ အငြင်းပွားဖွယ် ကိစ္စများ ရှိခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်၊ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင် ရာ တိုင်းရင်းသားအဖွဲ့အစည်းများထံမှ မေးမြန်း ချက်၊ တင်ပြချက်များစွာကို လက်ခံရရှိခဲ့ပါ ကြောင်း နှင့် သန်းခေါင်စာရင်းတွင် လူမျိုးအမည် မေးခွန်းထည့်သွင်းရာ၌ လူမျိုးအမည်များ မှား ယွင်းနေကြောင်း၊ တိုင်းရင်းသား (၁၃၅)မျိုးအပေါ် အခြေခံခြင်းသည် ပကတိအခြေခံနှင့် ကိုက်ညီမှု မရှိကြောင်း လူမျိုးအုပ်စုကြီးများတွင် ပါဝင်သည့် လူမျိုးစုငယ် အရေအတွက်များ ကွဲလွဲနေကြောင်း၊ သီးခြားလူမျိုးသတ်မှတ်ပေးရေးကိစ္စ၊ မျိုးနွယ်စု ပြောင်းလဲသတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသားလူမျိုး အဖြစ် သတ်မှတ်ပေးရေးကိစ္စစသည့် တောင်းဆို မှုများစွာ ရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိ အသိ အမှတ်ပြုထားသည့် လူမျိုး(၁၃၅)မျိုးကို မျက် မှောက်ကာလတွင်မှန်ကန်မှုရှိ၊ မရှိပြန်လည်စိစစ် ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေ ကြားချက်ကို လေ့လာကြည့်ရင် သိရှိနိုင်ပါတယ်။ ဒါဆို ၁၃၅မျိုး မှန်ပါတယ်လို့ ဝန်ခံချက်မပေးနိုင် တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးရဲ့ ဖြေကြားချက်ထဲမှာ အဓိကအချက်အဖြစ် ‘အငြင်းပွားဖွယ်ရာကိစ္စများ ရှိနေခဲ့ကြောင်း’ ပေါ်ပေါက်နေပါသည်။ ပကတိ လူဦးရေစာရင်းအမှန်နှင့် လူမျိုးစုအမည်မှန်များ ကို ရှုပ်ထွေးအောင်၊ ရှင်းမရအောင် အငြင်းပွား အောင် စနစ်တကျ ဖန်တီးခဲ့ကြ၍သာဖြစ်ကြောင်း နှင့် လူမျိုး(၁၃၅)မျိုးမမှန်ကြောင်း၊ ကွဲလွဲနေ ကြောင်းနှင့် အငြင်းပွားပြဿနာများ ဖြစ်လာမည် ကို စိုးရိမ်သဖြင့် (၁၃၅)မျိုးစာရင်း မှန်၊ မမှန်ကို ပြန်လည်စိစစ်နိုင်ခြင်း မရှိသည့်ကိစ္စမှာ အမှန် တရားနှင့် ကင်းကွာနေကြောင်း သိရှိနိုင်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလူမျိုးကိစ္စကို အငြင်းပွားနေကြလို့ အကျိုးမရှိပါဘူး။ နိုင်ငံသား အချင်းချင်း အိမ်ကြက်ချင်းအိုးမည်းသုတ်တိုက် ခိုင်းတိုင်း တိုက်နေကြလို့ အကျိုးမရှိပါဘူး။ အဓိက အရေးကြီးသည်မှာ အမျိုးသားခေါင်းဆောင်ကြီး များ ရေးဆွဲချမှတ်ခဲ့သည့် ၁၉၄ရခုနှစ်၊ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ၁ဝ ပြဋ္ဌာန်းချက် ဖြစ်သည့် ‘ပြည်ထောင်စုမြန်မာနိုင်ငံသား’ ဖြစ် ရေးသာ အဓိကဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည် တိုင်းရင်းသားများထံတွင် တည်သည်ဟု မပါရှိပါဘူး။ နိုင်ငံသားများထံတွင် တည်သည်ဟု သာ ပြဋ္ဌာန်းထားပါတယ်။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်းပင်လုံစာချုပ်မချုပ်မီ(၁၁-၂-၁၉၄၇)ရက်၌ နယ်စပ်ခေါင်းဆောင်များအား မိန့်ခွန်းပြောကြား ချက်တွင် လူမျိုးရေးနှင့် ပတ်သက်ပြီး ‘လူမျိုးရေး ဆိုတာမှာလည်း ရှေးခေတ်က ဟစ်အော်လာကြ တဲ့ အမျိုးဘာသာ၊ သာသနာပညာဆိုတဲ့ စကား မျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ပါဘူး။ အမျိုးဆိုရာမှာ ဘယ်လိုအမျိုးကို တည်ရမလဲ။ ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် အခြားအမျိုးများ လည်းရှိသေးတယ်။ အခြားနိုင်ငံများကို ကြည့် လိုက်လျှင် ဗမာပြည်မှာလိုတိုင်းရင်းသားလူမျိုး အများ ရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလည်း သည် အတိုင်းပဲ။ အမေရိကန်ပြည်မှာလည်း အင်္ဂလိပ် စကားကို ပြောကြသော်လည်း အင်္ဂလိပ်၊ အီတလီ စတဲ့ လူအမျိုးမျိုးတို့ စုပေါင်းပြီး လူမျိုးတစ်မျိုး၊ ဖြစ်အောင် ထူထောင်ပြီး သူတို့ကိုယ်ကို ‘အမေရိ ကန်’လို့ ဆိုကြတာပဲ။ ဒါကြောင့်လူမျိုးရေးအားဖြင့် ကြည့်လျှင် တစ်မျိုး တစ်မျိုးထဲကို လိပ်ခဲတည်းလဲ စွဲပြီး ယူဆလို့မဖြစ်နိုင်ဘူး။ ဘာသာစကားပင် တူသော်လည်း လူမျိုးခြားနားမှုလည်း ရှိပါတယ်။ ဘာသာပင် မတူသော်လည်း လူမျိုးသီးခြားရှိတာ လည်းရှိပါတယ်။ ဥပမာ အမေရိကန်ကို ကြည့် လျှင် လူအမျိုးမျိုးဖြစ်သော်လည်း ဘာသာစကား တူပါတယ်။ရုရှားပြည်မှာဆိုရင်ဘာသာစကား အမျိုးပေါင်းများစွာကွာသော်လည်း လူမျိုးက တစ်မျိုးတည်းဖြစ်ပါတယ်။ သာသနာဆိုတာက တော့ ကိုယ်ကိုးကွယ်ချင်တဲ့ ဘာသာ၊ သာသနာကို ကိုးကွယ်နိုင်ကြတာပဲ။ ဗမာပြည်မှာ လူအများစု က ဗုဒ္ဓဘာသာဖြစ်ပေမယ့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ၊ မဟာဗေဒင်ဘာသာကိုးကွယ်သူ၊ နတ်ကိုးကွယ်သူ အမျိုးမျိုးရှိတာပဲ။ သည်တော့ ဒါတွေကို စွဲပြီး လူမျိုးရေး တရားလုပ်လို့ မဖြစ်နိုင် ဘူး’ဟု ပြတ်ပြတ်သားသား မိန့်ကြားခဲ့ပါတယ်။

၁၉၄ရခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲရာတွင် အခြေခံမူများ ချမှတ်ရာ၌ နိုင်ငံသားနှင့် စပ်လျဉ်း၍ ပြည်ထောင်စု နိုင်ငံ သားဟူ၍ တစ်စားတည်းရှိသည်။ ရှမ်းပြည်နယ် သား၊ ကချင်ပြည်နယ်သား၊ ကယားပြည်နယ်သား၊ ကရင်ပြည်နယ်သား၊ ချင်းဝိသေသတိုင်းသား၊ မြန်မာပြည်မသားဟူ၍ ခွဲခြားခြင်းမရှိ။ အားလုံး ပြည်ထောင်စု နိုင်ငံသားများ ဖြစ်ကြသည်။ ပြည် ထောင်စု နိုင်ငံသားဘဝကို မွေးရာပါအခွင့် အရေးအဖြစ်လည်း ရနိုင်သည်။ မွေးစဉ်က ပြည် ထောင်စုသား မဟုတ်သော်လည်း ပြည်ထောင်စု သားဖြစ်မှုကိုလျှောက်ထားတောင်းခံ၍ နိုင်ငံတော် အစိုးရက လက်ခံခွင့်ပြုခြင်းဖြင့်လည်း ရရှိနိုင် သည်’ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
‘ပြည်ထောင်စုနိုင်ငံသားဖြစ်သော သို့မဟုတ် အခြေခံဥပဒေစတင် အာဏာတည်သောနေ့၌ အသက်ရှင်လျက်ရှိပါမူ ပြည်ထောင်စုနိုင်ငံသား ဖြစ်ခဲ့မည်ဖြစ်ကြသည့် မိဘနှစ်ပါးမှ ပေါက်ဖွားသူ သို့မဟုတ် အဘိုးအဘွားတစ်ဦးဦးက ပြည်ထောင် စု နိုင်ငံသားဖြစ်ခဲ့၍ မိမိကိုယ်တိုင်လည်း မြန်မာ နိုင်ငံအတွင်း၌ မွေးဖွားခဲ့သူတို့သည် မွေးကထဲက ပြည်ထောင်စုမြန်မာနိုင်ငံသား များဖြစ်ကြသည်။ သဘာဝပြည်ထောင်စုနိုင်ငံသားများဟူ၍ ခေါ် လိုက ခေါ်နိုင်သည်’ဟု ဖော်ပြထားပါတယ်။ ဤ အခြေခံမူများကို၁၉၄ရခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ၁၁တွင် ပြဋ္ဌာန်းထားခြင်းဖြစ် ကြောင်း တွေ့ရမည် ဖြစ်ပါတယ်။ ပုဒ်မ၁၁အရ ဖြစ်သော နိုင်ငံသားအားလုံး ပုဒ်မ၁ဝအရ ‘ပြည် ထောင်စုမြန်မာနိုင်ငံသား’များ ဖြစ်ကြောင်း တွေ့ ရမည် ဖြစ်ပါတယ်။

၁၉၄ရခုနှစ်၊ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင်နိုင်ငံသားများ၏ အခြေခံအခွင့်အရေး များအခြေခံမူတွင် ‘ပြည်သူတို့သည် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ကြသည်။ ဘာသာရေးတွင် သဘောထားကြီးစွာဖြင့် လွတ်လပ်ခွင့်ပေးထား သဖြင့် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာများ၊ နတ်ကိုးကွယ်ခြင်း စသည်တို့ကို လည်းခွင့်ပြုထားသည်။ ဘာသာရေးနှင့် ပတ်သက် ၍ တစ်ဦးနှင့်တစ်ဦးကို ခွဲခြားခြင်းမရှိစေရ။ ဗုဒ္ဓ ဘာသာဝင်များသည်လည်းကောင်း၊ ခရစ်ယာန် ဘာသာဝင်များသည်လည်းကောင်း၊မည်သည့်ဘာသာ ကိုးကွယ်သူမဆို တူညီသောအခွင့်အရေးတို့ကို ရရှိ သည်။ ဥပမာအားဖြင့်ဆိုသော် နိုင်ငံတော်အစိုးရ ဝန်ကြီးများတွင်ဗုဒ္ဓဘာသာဝင်များ၊ အစ္စလာမ်ဘာသာ ဝင်များ၊ ဟိန္ဒူများ၊ ခရစ်ယာန်များနှင့် နတ်ကိုး ကွယ်သူများရှိကြသည်။ အစိုးရအမှုထမ်း၊ အရာ ထမ်းများတွင်လည်း အလားတူပင်ရှိကြသည်။ ပါလီမန်အမတ်အရွေးခံသူ တစ်ဦးဦးသည် ဗုဒ္ဓ ဘာသာဝင်သာလျှင် ဖြစ်ရမည်။ ခရစ်ယာန် ဖြစ်ပါက အရွေးခံရန် အရည်အချင်း ပျက်ယွင်း သည် စသည်ဖြင့်လည်း တားမြစ်ထားခြင်း မရှိ။ ထိုကဲ့သို့ တားမြစ်ပါကလည်း အခြေခံဥပဒေနှင့် ဆန့်ကျင်မည်သာဖြစ်သည်။ ရွေးကောက်ပွဲ၌ အနိုင်ရစေကာမူ ရွေးကောက်ပွဲတွင် မတရား သဖြင့် တစ်ခြားဘာသာကို စော်ကား၍ အနိုင်ရခဲ့ သဖြင့် ဥပဒေအရ အစစ်ဆေးခံရပြီးလျှင် အမတ် အဖြစ်မှ ထုတ်ပယ်ခြင်းခံရနိုင်ပေသည်’ဟု ဖော်ပြ ထားသည်ကို တွေ့ရမည် ဖြစ်ပါတယ်။

သို့ုဖြစ်ပေရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အမျိုးသားခေါင်း ဆောင်များ၏ အမြော်အမြင်ကြီးသော ရည်မှန်း ချက်မှာ လူမျိုးကြီးဝါဒကို လက်မခံ၊ တိုင်းရင်းသား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စသည်ဖြင့် မခွဲခြား၊ပြည်နယ်၊ ပြည်မသားမခွဲခြားဘဲ ပုဂံခေတ် က မျိုးဆက်ပဲဖြစ်ဖြစ်၊ ကုန်းဘောင်ခေတ်မျိုးဆက် ပဲဖြစ်ဖြစ်၊ ၁၈၂၃ခုနှစ် မတိုင်မီက မျိုးဆက်ပဲ ဖြစ်ဖြစ်၊ လွတ်လပ်ရေးမရမီကရှိတဲ့ မျိုးဆက်ပဲ ဖြစ်ဖြစ်၊ ပြည်ထောင်စုနိုင်ငံသားဘဝကို ရရှိမည်။ မွေးရာပါ အခွင့်အရေးရရှိနိုင်မည် ဖြစ်ပါသည်။ မွေးဖွားစဉ်က ပြည်ထောင်စုနိုင်ငံသားမဖြစ်သေး သော်လည်း ဥပဒေနှင့်အညီ နိုင်ငံတော်က နိုင်ငံ သားလက်မှတ်၊ နိုင်ငံသားပြုလက်မှတ်ထုတ်ပေး၍ နိုင်ငံသားဖြစ်လာလျှင်လည်း ပြည်ထောင်စုနိုင်ငံ သားပင်ဖြစ်ပါသည်။ ပြည်ထောင်စု နိုင်ငံသားဖြစ် သော မိဘနှစ်ပါးကမွေးဖွားသူ သို့မဟုတ် ဘိုးဘွား တစ်ဦးဦးသည် ပြည်ထောင်စု နိုင်ငံသားဖြစ်ပြီး မိမိကိုလည်း မြန်မာနိုင်ငံအတွင်း မွေးဖွားခဲ့လျှင် မွေးကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံသား ပင် ဖြစ်ပါသည်။ သဘာဝပြည်ထောင်စုနိုင်ငံသား ပင် ဖြစ်ပါသည်။

နိုင်ငံသားကို တိုင်းရင်းသားမွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသားဟု ခွဲခြားခြင်း မှာ အမျိုးသားခေါင်းဆောင်ကြီးများ၏ မျှော်မှန်း ချက်နှင့် ဆန့်ကျင်ပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ ရရှိပြီးသော ပြည်ထောင်စုနိုင်ငံသား ဖြစ်မှုကို ငြင်းဆိုခြင်းသည် ရရှိပြီး နိုင်ငံသား အခွင့် အရေးကို ဆန့်ကျင်ငြင်းပယ်ရာရောက်ပါတယ်။

သို့ဖြစ်ပါ၍ နိုင်ငံရေးအာဏာရရှိသူများက နိုင်ငံရေးစနစ် တစ်ခုဖန်တီးပြီး နိုင်ငံရေး၊ စီးပွား ရေးအမြတ်ထုတ်ရန် လူမျိုး၊ ဘာသာခွဲခြားပြီး နိုင်ငံသားကို ခွဲခြားသတ်မှတ်ခြင်း၊ မရှိသည့် လူမျိုး အမည်များ ဖန်တီးခြင်း၊ လူမျိုးစုတစ်စုကို လူမျိုး ငယ်များအစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် လုပ်ပစ် ခြင်း (ဥပမာ-ချင်းလူမျိုးကို ၅၃-မျိုးဖြစ်အောင် လုပ်ခြင်း)၊ ရှိသည့် လူမျိုးကို မရှိဟုငြင်းကွယ်ခြင်း၊ မရှိသည့် လူမျိုးအသစ်ကို ဖန်တီးခြင်း၊ တိုင်းရင်း သားဆိုသည့် စကားရပ်ကို ခုတုံးလုပ်အလွဲသုံးစား ပြုပြီး ပြည်ထောင်စုသား အချင်းချင်း ရန်တိုက် စိတ်ဝမ်းကွဲအောင် လုပ်ခဲ့ခြင်း၊ ပဋိပက္ခများ ဖန်တီးခြင်း၊ မင်းမဲ့စရိုက်ဆန်စွာ အနိုင်အထက်ပြု ကျင့်ခြင်း၊ မတရားဖိနှိပ်ခြင်းများ ပြုလုပ်ကာ လူမျိုး(၁ဝ၁)ပါး၊ (၆၇)မျိုး၊ (၁၄၄)မျိုး၊ (၁၄၃)မျိုး၊ (၁၃၅)မျိုးဆိုပြီး အမျိုးဖန်တီးခဲ့ခြင်းမှာ ရိုးသားမှု လည်းမရှိ၊ ဥပဒေနှင့်အညီလည်း တရားဝင် ပြဋ္ဌာန်းခဲ့ခြင်းမရှိခြင်းကြောင့် (၁၃၅)မျိုးတွေ၊ (၁၄၄)မျိုးတွေလုပ်မနေကြပါနှင့်။ ငြင်းမနေကြ ပါနှင့်။ နိုင်ငံခြားသားမဟုတ်ရင် နိုင်ငံသားအား လုံး တစ်မျိုးတည်းသော ပြည်ထောင်စုနိုင်ငံသား များသာ ဖြစ်ကြသည်ဟု ခံယူပြီး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို ပြည်ထောင်စုနိုင်ငံသား အားလုံး စည်းလုံးညီညွတ်စွာဖြင့် တည်ဆောက်ကြ ပါစို့ဟု တိုက်တွန်းအပ်ပါတယ်။ ◾

Zawgyi

တိုင္းရင္းသား ၁၃၅ လား၊ ၁၄၄ လား ျငင္းမေနၾကပါနဲ႔ ျပည္ေထာင္စုနိုင္ငံသားျဖစ္ေရးသာ အဓိကပါ

ဦးအုန္းေမာင္(ရန္ကင္း)တရားလႊတ္ေတာ္ေရွ႕ေန

photo-internet

၁၉၈၂ခုႏွစ္၊ နိုင္ငံသားဥပေဒပုဒ္မ၃တြင္ ၁၈၂၃ခုႏွစ္ မတိုင္မီကစၿပီး နိုင္ငံေတာ္တြင္ ပါဝင္ ေသာ နယ္ေျမတစ္ခုခုမွာ ပင္ရင္းနိုင္ငံအျဖစ္ အျမဲေနထိုင္ခဲ့ေသာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊မြန္၊ ရခိုင္၊ရွမ္းစတဲ့ တိုင္းရင္းသား လူမ်ိဳး ေတြနဲ႔ မ်ိဳးႏြယ္စုမ်ားသည္ ျမန္မာနိုင္ငံသားျဖစ္ တယ္လို႔ဆိုပါတယ္။ ပုဒ္မ၃ကေျပာတဲ့ ‘မ်ိဳးႏြယ္စုမ်ား’ဆိုတာ ဒီကေန႔ ေျပာေနတဲ့ (၁၃၅) မ်ိဳးလို႔ အတိအလင္းေဖာ္ျပထားတာ မေတြ႕ရပါ ဘူး။ ဥပေဒနဲ႔ ျပ႒ာန္းထားတာလည္း မေတြ႕ရ ပါဘူး။

၁၉၄ရခုႏွစ္၊ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒ ပုဒ္မ၁၁အရ တိုင္းရင္းသားတစ္မ်ိဳးမ်ိဳး ဆိုသည္ကို ၁၉၄၈ခုႏွစ္၊ ျမန္မာနိုင္ငံသားျဖစ္မႈ အက္ဥပေဒပုဒ္မ၃(၁)တြင္ ‘ျမန္မာတိုင္ရင္းသား တစ္မ်ိဳးမ်ိဳး’ဆိုတဲ့ လူမ်ိဳးႀကီး(၈)မ်ိဳးဆိုတာ ၁၈၂၃ခုႏွစ္ မတိုင္မီက ျပည္ေထာင္စုနယ္ေျမမွာ အေျခစိုက္ေနထိုင္သူ ျဖစ္ရမယ္လို႔ လုံးဝေဖာ္ၿပ ထားျခင္းမရွိပါဘူး။ ခုႏွစ္ကန႔္သတ္ခ်က္မရွိပါဘူး။ က်န္မ်ိဳးႏြယ္စုေတြကိုသာ ၁၈၂၃ခုႏွစ္ျဖင့္ ကန႔္သတ္ထားတာ ေတြ႕ရပါတယ္။ ၁၉၄၈ခုႏွစ္ ျမန္မာနိုင္ငံသားျဖစ္မႈ အက္ဥပေဒပုဒ္မ၃(၁)မွာ တိုင္းရင္းသားလူမ်ိဳး(၈)မ်ိဳး အမည္သည္လည္း ေကာင္း၊ ၁၈၂၃ခုႏွစ္မတိုင္မီက ျပည္ေထာင္စု နယ္ေျမမွ အေျခစိုက္ေနထိုင္ခဲ့ေသာ ‘မ်ိဳးႏြယ္စု မ်ား’သည္လည္းေကာင္းဟု ျမန္မာစာ၊ ျမန္မာ စကားကို ျမန္မာသဒၵါျဖင့္ ပီျပင္စြာေဖာ္ျပထား တာေတြ႕ရမွာ ျဖစ္ပါတယ္။ စကားရပ္စာစုႏွစ္ခု မတူပါဘူး။

ဒါေၾကာင့္ အဆိုပါဥပေဒပုဒ္မက ရည္ညႊန္း တဲ့ ‘မ်ိဳးႏြယ္စုမ်ား’ဆိုတာ လူမ်ိဳးႀကီး(၈)မ်ိဳး ေအာက္က အျခားတိုင္းရင္းသားလူမ်ိဳးမ်ားကို ေျပာတာမဟုတ္ဘဲအမည္မေဖာ္ျပဘဲ ၁၈၂၃ခုႏွစ္ မတိုင္မီကရွိေနတဲ့ အျခားလူမ်ိဳးႏြယ္စုေတြကို ဆိုလိုတာျဖစ္တယ္လို႔ ေကာက္ယူနိုင္ပါတယ္။ ျမန္မာစာပညာရွင္ေတြ၊ ဥပေဒပညာရွင္ေတြ၊ သမိုင္းပညာရွင္ေတြ အမွန္တရားကို ေဖာ္ထုတ္ဖို႔ လိုပါတယ္။

အမ်ိဳးသားေခါင္းေဆာင္ႀကီးေတြ အသိ အမွတ္ျပဳ ေမၽွာ္မွန္းခဲ့တဲ့ တိုင္းရင္းသားလူမ်ိဳး အဓိပၸာယ္ဖြင့္ဆိုခ်က္ကို ၁၉၈၂ခုႏွစ္၊ ျမန္မာ နိုင္ငံသား ဥပေဒပုဒ္မ၃မွာ ျမန္မာစာ၊ ျမန္မာ စကား၊ ျမန္မာသဒၵါအရ ၁၉၄၈ခုႏွစ္၊ နိုင္ငံသား ျဖစ္မႈ အက္ဥပေဒ ပုဒ္မ၃(၁)ပါ ‘လည္းေကာင္း’ ဆိုတဲ့ သမၺႏၶကို ‘ႏွင့္’ဆိုတဲ့ စကားဆက္နဲ႔ ျပဳျပင္ ေျပာင္းလဲၿပီး အမည္ေဖာ္ျပထားတဲ့ တိုင္းရင္းသား လူမ်ိဳး(၈)မ်ိဳးရဲ့ ‘မ်ိဳးႏြယ္စုမ်ား’ျဖစ္သေယာင္ ေရးသားထားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ လက္ တစ္လုံးျခား ေရးသားထားတာေတြ႕ရမွာ ျဖစ္ပါတယ္။ ၁၉၄၈ခုႏွစ္၊ ျမန္မာနိုင္ငံသားျဖစ္မႈ အက္ ဥပေဒနဲ႔ ဖီလာျဖစ္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေပမဲ့ ၁၃၅မ်ိဳးလို႔ ေဖာ္ျပထားျခင္းမရွိပါဘူး။

၁၉၈၂ခုႏွစ္၊ ျမန္မာနိုင္ငံသားဥပေဒေရးဆြဲ တာဟာ ၁၉၇၃ခုႏွစ္၊ သန္းေခါင္စာရင္းေကာက္ ယူၿပီး(၁ဝ)ႏွစ္အၾကာ ၁၉၈၃ခုႏွစ္၊ သန္းေခါင္ စာရင္း မေကာက္ယူမီေရးဆြဲျခင္းျဖစ္ၿပီး (၁၅-၁ဝ-၁၉၈၂)ရက္မွာ ျပ႒ာန္းတာျဖစ္တဲ့အတြက္ ၁၉၇၃ခုႏွစ္၊ သန္းေခါင္စာရင္း ထုတ္ျပန္ေၾကညာခ်က္အရ တိုင္းရင္းသားလူမ်ိဳး (၁၄၄)မ်ိဳးအမည္ ကို ကမၻာသိအတည္ျပဳေၾကညာထားၿပီး ျဖစ္ပါတယ္။ ၁၉၈၂ခုႏွစ္၊ နိုင္ငံသားဥပေဒ ျပ႒ာန္းခ်ိန္ ထိ တိုင္းရင္းသားလူမ်ိဳး(၁၄၄)မ်ိဳး အတည္ျဖစ္ လ်က္ရွိပါတယ္။ (၁၃၅)မ်ိဳးဆိုတာ တရားဝင္ေၾကညာျခင္း မရွိေသးပါဘူး။

၁၉၈၃ခုႏွစ္၊ သန္းေခါင္စာရင္းအရ တိုင္း ရင္းသားလူမ်ိဳး (၁၃၅)မ်ိဳးဆိုတာ ဥပေဒနဲ႔အညီ နိုင္ငံေတာ္အစိုးရက ျပ႒ာန္းေၾကညာခဲ့ျခင္းလည္း လုံးဝမရွိပါဘူး။ (၁၃၅)မ်ိဳး မရွိေသးပါဘူး။ ဒါ့ေၾကာင့္ ၁၉၈၃ခုႏွစ္၊ သန္းေခါင္စာရင္း မေကာက္မီက ျပ႒ာန္းခဲ့တဲ့ ၁၉၈၂ခုႏွစ္၊ ျမန္မာ နိုင္ငံသားဥပေဒအရ တိုင္းရင္းသားလူမ်ိဳး (၁၃၅) မ်ိဳးျဖစ္ေၾကာင္း လုံးဝထင္ရွားျခင္းမရွိပါဘူး။ဥပေဒထဲမွာလုံးဝမပါပါဘူး။ ၁၉၈၃ခုႏွစ္၊ နိုင္ငံသား ဥပေဒဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ားတြင္ လည္း (၁၃၅)မ်ိဳးဆိုတာ လုံးဝေဖာ္ျပပါရွိျခင္း မရွိပါဘူး။ တိုင္းရင္းသားလူမ်ိဳးအမည္မ်ား စာရင္း ကို ျပည္သူ႔အင္အား ဦးစီးဌာန၏(၁၁-၈-၁၉၉၉) ရက္စြဲပါ လူဦးေရဇယား(၈)မ်ိဳးေတာင္းခံစာႏွင့္ အတူပူးတြဲ ေဖာ္ျပထားေၾကာင္း ေလ့လာသိရွိပါတယ္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပုံ တင္ေရးဦးစီးဌာန(႐ုံးခ်ဳပ္)၏ (၂၇-၈-၁၉၉၉) ရက္စြဲပါ စာျဖင့္ လူဦးေရဇယား(၈)မ်ိဳးကို ေဆာင္ ရြက္ေပးရန္ ညႊန္ၾကားစာျဖင့္ ပူးတြဲၿပီး ျပည္သူ႔ အင္အားဦးစီးဌာနက ဇယား(၈)မ်ိဳးျဖစ္တဲ့ ပုံစံ- ၉၉/ဝ၁မွ ပုံစံ-၉၉/ဝ၈အထိ နမူနာမ်ားနဲ႔အတူ တိုင္းရင္းသားလူမ်ိဳးမ်ား အမည္စာရင္းတို႔ကို ေပးပို႔ခ်က္အေပၚ ေကာက္ႏုတ္ယူထားေၾကာင္း ေလ့လာသိရွိရပါတယ္။ ၁၉၈၃ခုႏွစ္၊ သန္းေခါင္ စာရင္းေကာက္ၿပီး (၁၅)ႏွစ္ေက်ာ္မွ ျပဳလုပ္တာ ျဖစ္ပါတယ္။ ၁၉၉၉ခုႏွစ္ေရာက္မွ (၁၃၅) မ်ိဳးစာရင္း ဖန္တီးေဖာ္ထုတ္လာတာ ျဖစ္ပါတယ္။

တိုင္းရင္းသားလူမ်ိဳးအမည္စာရင္းျပဳစုရာမွာ ၁၉၄ရခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ၊ ပုဒ္မ၁၁(က)တြင္ ေဖာ္ျပထင္ရွားၿပီးျဖစ္တဲ့ ကခ်င္၊ ကရင္၊ ကယား၊ ခ်င္း၊ ဗမာ၊မြန္၊ ရခိုင္၊ရွမ္း စတဲ့ လူမ်ိဳးစုႀကီး(၈)မ်ိဳးကို ေခါင္းစဥ္တပ္ၿပီး မ်ိဳးႏြယ္စု မ်ားကို ေပါင္းစုေဖာ္ျပျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ထိုအတိုင္းေခါင္းစဥ္ေၾကာင့္ ထိုလူမ်ိဳးျဖစ္ရ မယ္လို႔ မဆိုလိုေၾကာင္းလည္း ေဖာ္ျပထားတယ္လို႔ သိရပါတယ္။ အေၾကာင္းတစ္ခုေၾကာင့္ ဖန္တီး လိုက္တာျဖစ္ၿပီး မေသခ်ာဘူးဆိုတာ ေတြ႕ရမွာ ျဖစ္ပါတယ္။

တိုင္းရင္းသားလူမ်ိဳးအမည္ (၁၃၅)မ်ိဳးဆို တာ လႊတ္ေတာ္က ဥပေဒႏွင့္အညီ အတည္ျပဳၿပီး အစိုးရအဖြဲ႕က ဥပေဒႏွင့္အညီ တရားဝင္ ျပ႒ာန္း ခဲ့တာမဟုတ္ေၾကာင္း ေတြ႕ရမွာျဖစ္ပါတယ္။ (၁၄၄)မ်ိဳးဟာ ဒီေန႔အထိ အတည္ျဖစ္လ်က္ ရွိေန ပါတယ္။ မပယ္ဖ်က္ရေသးပါဘူး။ ၂ဝ၁၄-ခုႏွစ္၊ သန္းေခါင္စာရင္းအရ လူမ်ိဳးအမည္ေတြ ယခုထိ မေၾကညာနိုင္ေသးပါဘူး။ ေၾကညာရင္ အေျဖမွန္ ေပၚလာမွာျဖစ္ပါတယ္။ ဘယ္လူမ်ိဳးဟာ တိုင္းရင္းသားျဖစ္တယ္၊ မျဖစ္ဘူးဆိုတာ လႊတ္ ေတာ္မွာ ၾကားနာဆုံးျဖတ္ရဦးမွာ ျဖစ္ပါတယ္။

ယေန႔ေျပာေနေသာ လူမ်ိဳး(၁၃၅)မ်ိဳး မည္ သည့္အခ်ိန္က စတင္ေရာက္ရွိ၊ တည္ရွိေၾကာင္း၊ ၁၈၂၃-ခုႏွစ္ မတိုင္မီက (၁၃၅)မ်ိဳးရွိေနေၾကာင္း မည္သူမၽွ အတိအက်မေျပာနိုင္ပါ။ သမိုင္း အေထာက္အထားလုံးဝမရွိပါ။ (၁၃၅)မ်ိဳးဆိုတာ ၁၉၉၉ခုႏွစ္ေနာက္ပိုင္းမွ ေပၚလာျခင္းျဖစ္ ပါတယ္။ ၁၉၄ရခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒတြင္လည္း မေတြ႕ရပါ။ ၁၉၄၈ခုႏွစ္၊ ျပည္ ေထာင္စုျမန္မာနိုင္ငံသားျဖစ္မႈ အက္ဥပေဒတြင္ လည္း မေတြ႕ရပါဘူး။ လြတ္လပ္ေရးမရမီက မည္သည့္သမိုင္းပညာရွင္၊ မႏုႆေဗဒပညာရွင္ ကမၽွလည္း ေဖာ္ထုတ္ခဲ့ျခင္း မရွိပါဘူး။ ေဒါက္တာ တိုးလွ၏ ေရွးေဟာင္းျမန္မာ့သမိုင္းစာအုပ္မွာ ေတာ့ ေခတ္ၿပိဳင္ေက်ာက္စာမ်ားတြင္ ကုဏ၊ ကႏၲဳ (ကန္တူ)၊ ပုံနာ၊ ပန္သိဃ္၊ ပ်ဴ၊ ပႅင္၊ မြန္၊ ယြန္း၊ ရခိုင္၊ လဝ၊ သၽွ (ရွမ္း) တို႔ကို ေဖာ္ျပထားပါသည္။ ကုလား၊ ပန္းေသး ပါေနပါသည္။

မုံေရြးဆရာေတာ္မွတ္တမ္း၊ ေဘးေရႊေတာင္ ဝန္မင္းႀကီး မဟာမင္းထင္ ရာဇဝင္မွတ္တမ္း၊ ေဘးစဉ့္ကူေထာင္ အင္းစားအသုံးစာေရး မွတ္ တမ္း၊ နိုင္ငံျခားဝန္ေထာက္မင္းမွတ္တမ္း၊ စမၺဴ တံဆိပ္ႏွင့္ စြယ္စုံေက်ာ္ထင္အေျဖမွတ္တမ္း၊ ဦးကံ သာမွတ္တမ္း၊ ဇာတာေတာ္ပုံရာဇဝင္ (ပုဂံမူ)၊ ေလာကဟိရာသီက်မ္းလာမွတ္တမ္း၊ ရခိုင္ ရာဇဝင္သစ္က်မ္းလာမွတ္တမ္း၊ ျမန္မာမင္း အုပ္ခ်ဳပ္ပုံ စာတမ္းလာ မွတ္တမ္းမ်ားအရ လူမ်ိဳး (၁ဝ၁)ပါးသာ ရွိခဲ့ပါတယ္။ အေခၚအေဝၚကြဲျပား သည္သာ ရွိပါသည္။ ၎လူမ်ိဳး (၁ဝ၁)ပါးစာရင္း တြင္ ကုလားအမ်ိဳး (၆ဝ)ႏွင့္ တ႐ုတ္ပါဝင္ေနတာ ေတာ့ ေသခ်ာပါတယ္။

‘ေရွးေဟာင္းက်မ္းစာမ်ားတြင္ လူမ်ိဳး (၁ဝ၁)ပါးရွိေၾကာင္း ေဖာ္ျပၾကသည္။ ျမန္မာမင္း အုပ္ခ်ဳပ္ပုံစာတမ္းတြင္ လူမ်ိဳးမ်ားစြာရွိေၾကာင္းကို က်မ္းအေစာင္ေစာင္မွ ထုတ္ႏုတ္၍ က်ယ္ဝန္းစြာ တင္ျပထားသည္ကို ေတြ႕ရသည္။ ေရွးေခတ္ စာေပတို႔တြင္ လူမ်ိဳး (၁ဝ၁)ပါး မွတ္တမ္းတင္ၾက သကဲ့သို႔ နံရံေဆးေရး ပန္းခ်ီမ်ားတြင္လည္း မွတ္တမ္းတင္ ေရးဆြဲမႈျပဳခဲ့ၾကသည္။ ရွင္ဗင္ပြင့္ လန္းဘုရားအတြင္းတြင္ ေရးဆြဲထားေသာ လူမ်ိဳး (၁ဝ၁)ပါးပုံတို႔မွာ ဝတ္စားဆင္ယင္မႈ အမ်ိဳးမ်ိဳး ကြဲျပားစြာ ေရးဆြဲထားသည္။ နံရံပန္းခ်ီတြင္ ေတြ႕ ရေသာအမည္အခ်ိဳ႕မွာ ကရင္၊ ျခင္၊ မါလိန္၊ ျဗဟၼာ၊ တလိုင္၊ ကသဥ္ (ကသည္း)၊ ယိုဝ္တရား၊ ရွန္၊ သထုံန္၊ တလုတ္၊ ရြန္၊တင္ဂ်ဥ္၊ တေရာ၊ တပသိ၊ သူလွီ၊ ရခိုင္၊ေၾကး၊ လင္စင္၊ စဘား၊ တရိ၊ တနင္သာရီ၊ အင္ဂ်ယ္ စသည္ျဖင့္ ျဖစ္သည္’ဟု (၂ဝ-၁ဝ-၂ဝ၁၆)ရက္ထုတ္ ရတနာပုံသတင္းစာ၊ စာမ်က္ႏွာ(၄)ပါ ဗိုလ္ရွိတ္(ရတနာပူရ)၏ ‘ေရ စႀကိဳၿမိဳ႕နယ္၊ ဆင္ႀကိဳ႕ရြာမွ သမိုင္းတန္ဖိုးႀကီးမား လွသည့္ နံရံပန္းခ်ီ’ေဆာင္းပါးတြင္ ေဖာ္ျပထား တာကို ေတြ႕ရပါတယ္။

တိုင္းရင္းသားလူမ်ိဳးလို႔ အသုံးျပဳေနတဲ့ (၁၃၅)မ်ိဳးကို ဘယ္လိုအတည္ျပဳ ျပ႒ာန္းခဲ့တယ္ ဆိုတာ အဲဒီကာလက ဘယ္ျပ႒ာန္းခ်က္မွာမွ ဥပေဒနဲ႔အညီ အမိန႔္ေၾကာ္ျငာစာနဲ႔ ျပ႒ာန္းခဲ့တာ ျပန္တမ္းမေတြ႕ရပါဘူး။ ၁၉၇၃/၁၉၇၄ သန္း ေခါင္စာရင္းေကာက္စဥ္က တိုင္းရင္းသားလူမ်ိဳး (၁၄၄)မ်ိဳးဆိုၿပီး တိုင္းသိျပည္သိ၊ ကမၻာသိ အမ်ား ျပည္သူဆိုင္ရာ သက္ေသခံအျဖစ္ အက်ဳံးဝင္တဲ့ သတင္းစာေတြကေန ေၾကညာၿပီးျဖစ္လို႔ အတည္ ျဖစ္ေနၿပီး ဒီေန႔အထိဘယ္ဥပေဒ၊ အမိန႔္ေၾကာ္ျငာ စာနဲ႔မွ ပယ္ဖ်က္ရျခင္း မရွိေသးပါဘူး။ ၁၉၈၃ ခုႏွစ္ သန္းေခါင္စာရင္း ေကာက္ေတာ့လည္း လူမ်ိဳးအမည္ေတြနဲ႔ တိုင္းရင္းသား လူမ်ိဳးအမည္ စာရင္းကို ေၾကညာခဲ့ျခင္း မရွိပါဘူး။ ဥပေဒနဲ႔ အညီ ျပ႒ာန္းခဲ့ျခင္း မရွိပါဘူး။ ကိုးကြယ္တဲ့ ဘာသာကို အေျခခံၿပီး လူမ်ိဳးနဲ႔ နိုင္ငံသားကို ခြဲျခားဖို႔ ၁၉၉၉-ခုႏွစ္၊ ေနာက္ပိုင္း (၁၃၅)မ်ိဳး စာရင္းကို ထုတ္သုံးလာတာျဖစ္တယ္လို႔ ေလ့လာ သိရွိ ရပါတယ္။ အဲဒီ (၁၃၅)မ်ိဳးမွာလည္း ခ်င္းက သူတို႔(၅၃)မ်ိဳးမဟုတ္ဘူး။ ခ်င္းလူမ်ိဳး (National Name)မွ Group လို႔ေခၚတဲ့ အုပ္စု (၅)မ်ိဳးပဲရွိတယ္ လို႔ အခိုင္အမာဆိုထားပါတယ္။ ဒါေၾကာင့္လူမ်ိဳးေတြ ေဖာင္းပြေနပါတယ္။

၁၉၈၃ခုႏွစ္၊ ျမန္မာနိုင္ငံသားဥပေဒဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ား အပိုဒ္-၄မွာ ေဖာ္ျပထား တာကေတာ့ ၁၈၂၄-ခုႏွစ္မွာ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲျဖစ္ၿပီး ေနာက္ပိုင္း နိုင္ငံျခားသား အမ်ားအျပား နိုင္ငံေတာ္အတြင္း ဝင္ေရာက္ ေနထိုင္လာခဲ့ၾကတာေၾကာင့္ ၁၈၂၃ခုႏွစ္ကို ပိုင္းျခားသတ္မွတ္တယ္လို႔ ဆိုပါတယ္။ ၁၈၂၃ ခုႏွစ္ မတိုင္မီက ေရာက္ရွိေနသူေတြနဲ႔ မဆိုင္ပါ ဘူး။ ဒီေနရာမွာ ၁၉၈၂ခုႏွစ္ ျမန္မာနိုင္ငံသား ဥပေဒမျပ႒ာန္းမီက ျပ႒ာန္းခဲ့တဲ့၊ အတည္ျဖစ္ခဲ့ တဲ့နိုင္ငံသားျဖစ္မႈ ဥပေဒေတြကို ေလ့လာဖို႔လိုပါ တယ္။ ၁၈၈၅ခုႏွစ္မွာ တတိယအဂၤလိပ္-ျမန္မာ စစ္ပြဲအၿပီး ၁၈၈၆ခုႏွစ္ကစၿပီး ျမန္မာနိုင္ငံဟာ အဂၤလိပ္လက္ေအာက္ က်ေရာက္ခဲ့ပါတယ္။ အဂၤလိပ္အစိုးရကျမန္မာနိုင္ငံကို လြတ္လပ္ေရး ေပးဖို႔ သေဘာတူခဲ့တဲ့ ၁၉၄ရခုႏွစ္မွာ အေျခခံ မူေတြကို အမ်ိဳးသားေခါင္းေဆာင္ႀကီးေတြက ခ်မွတ္ခဲ့ၿပီး ေအာင္ဆန္း-အက္တလီ စာခ်ဳပ္အရ ၁၉၄ရခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒနဲ႔ ၁၉၄၈ခုႏွစ္၊ နိုင္ငံသားျဖစ္မႈအက္ဥပေဒ၊ ၁၉၄၈ ခုႏွစ္၊ ျမန္မာနိုင္ငံသားအျဖစ္ (ေရြးခ်ယ္ေရး)အက္ ဥပေဒေတြ ေရးဆြဲခဲ့ပါတယ္။ ဒီဥပေဒေတြထဲမွာ နိုင္ငံသားျဖစ္မႈ ေမၽွာ္မွန္းခ်က္ေတြ ပါဝင္ပါသည္။အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း တို႔ ၁၉၄ရခုႏွစ္၊ ဖြဲ႕စည္းပုံ အုပ္ခ်ဳပ္ပုံအေျခခံ ဥပေဒေရးဆြဲစဥ္က တိုင္းရင္းသားလူမ်ိဳးေပါင္း (၆၇)မ်ိဳးသာရွိေၾကာင္း ဗိုလ္ခ်ဳပ္တို႔ ျပဳစုခဲ့သည့္ မွတ္တမ္းစာရင္းမ်ားအရ သိရွိရပါသည္ဟု (၂၄-၁-၂ဝ၂ဝ)ရက္ထုတ္ ျမန္မာ့အလင္းသတင္း စာ၊ စာမ်က္ႏွာ-၉ပါ ျပည္ေထာင္စုေန႔အႀကိဳ ဂုဏ္ျပဳေဆာင္းပါးမွာ ေဖာ္ျပထားတာေတြ႕ရ ပါတယ္။

‘တိုင္းရင္းသား’ဆိုတဲ့ အဓိပၸာယ္ကို ၁၉၄၈ ခုႏွစ္၊ ျမန္မာနိုင္ငံသားျဖစ္မႈအက္ဥပေဒပုဒ္မ ၃(၁)မွာ အတိအလင္းဖြင့္ဆိုထားပါတယ္။ ျမန္မာ နိုင္ငံသားအျဖစ္ ဘယ္သူေတြနဲ႔ သက္ဆိုင္ရမယ္ ဆိုတာကို ၁၉၄ရခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒပုဒ္မ၁၁ နဲ႔ ၁၉၄၈ခုႏွစ္၊ နိုင္ငံသားျဖစ္မႈ အက္ဥပေဒပုဒ္မ၃တို႔ကို ရည္ညႊန္းၿပီး ၁၉၄၇ ခုႏွစ္၊ ျမန္မာနိုင္ငံေတာ္ လြတ္လပ္ေရးအက္ ဥပေဒပုဒ္မ၂(၂)မွာ ေဖာ္ျပထားတဲ့ နယ္ေျမေတြ မွာ ေနထိုင္သူေတြအားလုံး အက်ဳံးဝင္ေၾကာင္း ျပ႒ာန္းထားၿပီး ျဖစ္ပါတယ္။

၁၉၈၂ခုႏွစ္၊ နိုင္ငံ သားဥပေဒပုဒ္မ၃၊ ျပ႒ာန္းခ်က္နဲ႔ မတူပါဘူး။ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ အစည္းအေဝးဒသမေန႔ နံနက္ပိုင္း မွာ ေမာင္ေတာမဲဆႏၵနယ္အမတ္ ဦးလွထြန္း ေက်ာ္က တိုင္းရင္းသားမ်ိဳးႏြယ္စု (လူမ်ိဳး)အလိုက္ လူဦးေရစာရင္းထုတ္ျပန္ေပးရန္ အစီအစဥ္ ရွိမရွိ ေမးခြန္းႏွင့္ စပ္လ်ဥ္းၿပီး (လ.ဝ.က)ျပည္ေထာင္ စုဝန္ႀကီး ဦးသိန္းေဆြက ၂ဝ၁၄ခုႏွစ္၊ သန္းေခါင္ စာရင္းတြင္ လူမ်ိဳးစာရင္းကိုေကာက္ယူခဲ့ေသာ္ လည္း လူမ်ိဳးအမည္ စာလုံးေပါင္းသတ္ပုံႏွင့္ လူမ်ိဳးစုငယ္မ်ား ပါဝင္မႈစသည္တို႔တြင္ အျငင္း ပြားဖြယ္ရာမ်ား ရွိပါသျဖင့္ တိုင္းရင္းသားလူမ်ိဳး၏ မ်ိဳးႏြယ္စု(လူမ်ိဳး)အလိုက္ လူဦးေရစာရင္း ထုတ္ ျပန္ေပးမည့္ အစီအစဥ္ ေလာေလာဆယ္ မရွိေသး ပါေၾကာင္းႏွင့္ တိုင္းရင္းသားေရးရာေကာ္မတီ ဝင္မ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ား၊ တိုင္း ရင္းသားကိုယ္စားလွယ္မ်ား၊ သမိုင္းပညာရွင္၊ ယဥ္ေက်းမႈပညာရွင္ႏွင့္ လူဦးေရပညာရွင္မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာအဖြဲ႕ အစည္းမ်ားႏွင့္ အဆင့္ဆင့္ညႇိႏွိုင္းေဆြးေႏြးမႈ မ်ား ျပဳလုပ္၍ တိုင္းရင္းသားလူမ်ိဳးမ်ားအတြင္း အေက်အလည္ညႇိႏွိုင္း သေဘာတူညီမႈ ရရွိၿပီးမွ သာလၽွင္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ေျဖၾကား ခ်က္ကို ေလ့လာၾကည့္ရင္ သိရွိနိုင္ပါတယ္။

ဖာပြန္မဲဆႏၵနယ္မွ ဦးေစာထြန္းျမေအာင္၏ ျမန္မာနိုင္ငံတြင္ မွီတင္းေနထိုင္ၾကသည့္ လူမ်ိဳး (၁၃၅)မ်ိဳးရွိေၾကာင္းကို ယခုမ်က္ေမွာက္ကာလ တြင္မွန္ကန္မႈရွိ၊ မရွိျပန္လည္စိစစ္ရန္ အစီအစဥ္ ရွိ၊ မရွိ ေမးခြန္းႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စု ဝန္ႀကီးဦးသိန္းေဆြက သန္းေခါင္စာရင္း မေကာက္ယူမီႏွင့္ ေကာက္ယူၿပီး ကာလမ်ားတြင္ လူမ်ိဳးအမည္၊ ဖြဲ႕စည္းမႈ လူမ်ိဳးအုပ္စုမ်ားႏွင့္ ပတ္သက္၍ အျငင္းပြားဖြယ္ ကိစၥမ်ား ရွိခဲ့ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕၊ လႊတ္ေတာ္၊ ျပည္ ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ႏွင့္ သက္ဆိုင္ ရာ တိုင္းရင္းသားအဖြဲ႕အစည္းမ်ားထံမွ ေမးျမန္း ခ်က္၊ တင္ျပခ်က္မ်ားစြာကို လက္ခံရရွိခဲ့ပါ ေၾကာင္း ႏွင့္ သန္းေခါင္စာရင္းတြင္ လူမ်ိဳးအမည္ ေမးခြန္းထည့္သြင္းရာ၌ လူမ်ိဳးအမည္မ်ား မွား ယြင္းေနေၾကာင္း၊ တိုင္းရင္းသား (၁၃၅)မ်ိဳးအေပၚ အေျခခံျခင္းသည္ ပကတိအေျခခံႏွင့္ ကိုက္ညီမႈ မရွိေၾကာင္း လူမ်ိဳးအုပ္စုႀကီးမ်ားတြင္ ပါဝင္သည့္ လူမ်ိဳးစုငယ္ အေရအတြက္မ်ား ကြဲလြဲေနေၾကာင္း၊ သီးျခားလူမ်ိဳးသတ္မွတ္ေပးေရးကိစၥ၊ မ်ိဳးႏြယ္စု ေျပာင္းလဲသတ္မွတ္ေရးကိစၥ၊ တိုင္းရင္းသားလူမ်ိဳး အျဖစ္ သတ္မွတ္ေပးေရးကိစၥစသည့္ ေတာင္းဆို မႈမ်ားစြာ ရွိခဲ့ပါေၾကာင္း၊ သို႔ျဖစ္ပါ၍ လက္ရွိ အသိ အမွတ္ျပဳထားသည့္ လူမ်ိဳး(၁၃၅)မ်ိဳးကို မ်က္ ေမွာက္ကာလတြင္မွန္ကန္မႈရွိ၊ မရွိျပန္လည္စိစစ္ ရန္ အစီအစဥ္မရွိေသးပါေၾကာင္း ရွင္းလင္းေၿဖ ၾကားခ်က္ကို ေလ့လာၾကည့္ရင္ သိရွိနိုင္ပါတယ္။ ဒါဆို ၁၃၅မ်ိဳး မွန္ပါတယ္လို႔ ဝန္ခံခ်က္မေပးနိုင္ တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ျပည္ေထာင္စုဝန္ႀကီးရဲ့ ေျဖၾကားခ်က္ထဲမွာ အဓိကအခ်က္အျဖစ္ ‘အျငင္းပြားဖြယ္ရာကိစၥမ်ား ရွိေနခဲ့ေၾကာင္း’ ေပၚေပါက္ေနပါသည္။ ပကတိ လူဦးေရစာရင္းအမွန္ႏွင့္ လူမ်ိဳးစုအမည္မွန္မ်ား ကို ရႈပ္ေထြးေအာင္၊ ရွင္းမရေအာင္ အျငင္းပြား ေအာင္ စနစ္တက် ဖန္တီးခဲ့ၾက၍သာျဖစ္ေၾကာင္း ႏွင့္ လူမ်ိဳး(၁၃၅)မ်ိဳးမမွန္ေၾကာင္း၊ ကြဲလြဲေန ေၾကာင္းႏွင့္ အျငင္းပြားျပႆနာမ်ား ျဖစ္လာမည္ ကို စိုးရိမ္သျဖင့္ (၁၃၅)မ်ိဳးစာရင္း မွန္၊ မမွန္ကို ျပန္လည္စိစစ္နိုင္ျခင္း မရွိသည့္ကိစၥမွာ အမွန္ တရားႏွင့္ ကင္းကြာေနေၾကာင္း သိရွိနိုင္ပါတယ္။

ဒါေၾကာင့္ တိုင္းရင္းသားလူမ်ိဳးကိစၥကို အျငင္းပြားေနၾကလို႔ အက်ိဳးမရွိပါဘူး။ နိုင္ငံသား အခ်င္းခ်င္း အိမ္ၾကက္ခ်င္းအိုးမည္းသုတ္တိုက္ ခိုင္းတိုင္း တိုက္ေနၾကလို႔ အက်ိဳးမရွိပါဘူး။ အဓိက အေရးႀကီးသည္မွာ အမ်ိဳးသားေခါင္းေဆာင္ႀကီး မ်ား ေရးဆြဲခ်မွတ္ခဲ့သည့္ ၁၉၄ရခုႏွစ္၊ ဖြဲ႕စည္း အုပ္ခ်ဳပ္ပုံ အေျခခံဥပေဒပုဒ္မ၁ဝ ျပ႒ာန္းခ်က္ ျဖစ္သည့္ ‘ျပည္ေထာင္စုျမန္မာနိုင္ငံသား’ ျဖစ္ ေရးသာ အဓိကျဖစ္ပါတယ္။ ဖြဲ႕စည္းပုံအေျခခံ ဥပေဒတြင္ နိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ သည္ တိုင္းရင္းသားမ်ားထံတြင္ တည္သည္ဟု မပါရွိပါဘူး။ နိုင္ငံသားမ်ားထံတြင္ တည္သည္ဟု သာ ျပ႒ာန္းထားပါတယ္။

အမ်ိဳးသားေခါင္းေဆာင္ႀကီးဗိုလ္ခ်ဳပ္ေအာင္ ဆန္းပင္လုံစာခ်ဳပ္မခ်ဳပ္မီ(၁၁-၂-၁၉၄၇)ရက္၌ နယ္စပ္ေခါင္းေဆာင္မ်ားအား မိန႔္ခြန္းေျပာၾကား ခ်က္တြင္ လူမ်ိဳးေရးႏွင့္ ပတ္သက္ၿပီး ‘လူမ်ိဳးေရး ဆိုတာမွာလည္း ေရွးေခတ္က ဟစ္ေအာ္လာၾက တဲ့ အမ်ိဳးဘာသာ၊ သာသနာပညာဆိုတဲ့ စကား မ်ိဳးကို လက္သုံးျပဳလို႔ မလုံေလာက္ေတာ့ပါဘူး။ အမ်ိဳးဆိုရာမွာ ဘယ္လိုအမ်ိဳးကို တည္ရမလဲ။ ဗမာ၊ ကရင္၊ ကခ်င္၊ ခ်င္းႏွင့္ အျခားအမ်ိဳးမ်ား လည္းရွိေသးတယ္။ အျခားနိုင္ငံမ်ားကို ၾကည့္ လိုက္လၽွင္ ဗမာျပည္မွာလိုတိုင္းရင္းသားလူမ်ိဳး အမ်ား ရွိတာကို ေတြ႕နိုင္ပါတယ္။ တ႐ုတ္ျပည္၊ ဂ်ပန္ျပည္ႏွင့္ ႐ုရွားျပည္တို႔မွာလည္း သည္ အတိုင္းပဲ။ အေမရိကန္ျပည္မွာလည္း အဂၤလိပ္ စကားကို ေျပာၾကေသာ္လည္း အဂၤလိပ္၊ အီတလီ စတဲ့ လူအမ်ိဳးမ်ိဳးတို႔ စုေပါင္းၿပီး လူမ်ိဳးတစ္မ်ိဳး၊ ျဖစ္ေအာင္ ထူေထာင္ၿပီး သူတို႔ကိုယ္ကို ‘အေမရိ ကန္’လို႔ ဆိုၾကတာပဲ။ ဒါေၾကာင့္လူမ်ိဳးေရးအားျဖင့္ ၾကည့္လၽွင္ တစ္မ်ိဳး တစ္မ်ိဳးထဲကို လိပ္ခဲတည္းလဲ စြဲၿပီး ယူဆလို႔မျဖစ္နိုင္ဘူး။ ဘာသာစကားပင္ တူေသာ္လည္း လူမ်ိဳးျခားနားမႈလည္း ရွိပါတယ္။ ဘာသာပင္ မတူေသာ္လည္း လူမ်ိဳးသီးျခားရွိတာ လည္းရွိပါတယ္။ ဥပမာ အေမရိကန္ကို ၾကည့္ လၽွင္ လူအမ်ိဳးမ်ိဳးျဖစ္ေသာ္လည္း ဘာသာစကား တူပါတယ္။႐ုရွားျပည္မွာဆိုရင္ဘာသာစကား အမ်ိဳးေပါင္းမ်ားစြာကြာေသာ္လည္း လူမ်ိဳးက တစ္မ်ိဳးတည္းျဖစ္ပါတယ္။ သာသနာဆိုတာက ေတာ့ ကိုယ္ကိုးကြယ္ခ်င္တဲ့ ဘာသာ၊ သာသနာကို ကိုးကြယ္နိုင္ၾကတာပဲ။ ဗမာျပည္မွာ လူအမ်ားစု က ဗုဒၶဘာသာျဖစ္ေပမယ့္ ခရစ္ယာန္ဘာသာ ကိုးကြယ္သူ၊ မဟာေဗဒင္ဘာသာကိုးကြယ္သူ၊ နတ္ကိုးကြယ္သူ အမ်ိဳးမ်ိဳးရွိတာပဲ။ သည္ေတာ့ ဒါေတြကို စြဲၿပီး လူမ်ိဳးေရး တရားလုပ္လို႔ မျဖစ္နိုင္ ဘူး’ဟု ျပတ္ျပတ္သားသား မိန႔္ၾကားခဲ့ပါတယ္။

၁၉၄ရခုႏွစ္ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံအေျခခံ ဥပေဒေရးဆြဲရာတြင္ အေျခခံမူမ်ား ခ်မွတ္ရာ၌ နိုင္ငံသားႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စု နိုင္ငံ သားဟူ၍ တစ္စားတည္းရွိသည္။ ရွမ္းျပည္နယ္ သား၊ ကခ်င္ျပည္နယ္သား၊ ကယားျပည္နယ္သား၊ ကရင္ျပည္နယ္သား၊ ခ်င္းဝိေသသတိုင္းသား၊ ျမန္မာျပည္မသားဟူ၍ ခြဲျခားျခင္းမရွိ။ အားလုံး ျပည္ေထာင္စု နိုင္ငံသားမ်ား ျဖစ္ၾကသည္။ ျပည္ ေထာင္စု နိုင္ငံသားဘဝကို ေမြးရာပါအခြင့္ အေရးအျဖစ္လည္း ရနိုင္သည္။ ေမြးစဥ္က ျပည္ ေထာင္စုသား မဟုတ္ေသာ္လည္း ျပည္ေထာင္စု သားျဖစ္မႈကိုေလၽွာက္ထားေတာင္းခံ၍ နိုင္ငံေတာ္ အစိုးရက လက္ခံခြင့္ျပဳျခင္းျဖင့္လည္း ရရွိနိုင္ သည္’ဟု ရွင္းရွင္းလင္းလင္း ေဖာ္ျပထားပါတယ္။
‘ျပည္ေထာင္စုနိုင္ငံသားျဖစ္ေသာ သို႔မဟုတ္ အေျခခံဥပေဒစတင္ အာဏာတည္ေသာေန႔၌ အသက္ရွင္လ်က္ရွိပါမူ ျပည္ေထာင္စုနိုင္ငံသား ျဖစ္ခဲ့မည္ျဖစ္ၾကသည့္ မိဘႏွစ္ပါးမွ ေပါက္ဖြားသူ သို႔မဟုတ္ အဘိုးအဘြားတစ္ဦးဦးက ျပည္ေထာင္ စု နိုင္ငံသားျဖစ္ခဲ့၍ မိမိကိုယ္တိုင္လည္း ျမန္မာ နိုင္ငံအတြင္း၌ ေမြးဖြားခဲ့သူတို႔သည္ ေမြးကထဲက ျပည္ေထာင္စုျမန္မာနိုင္ငံသား မ်ားျဖစ္ၾကသည္။ သဘာဝျပည္ေထာင္စုနိုင္ငံသားမ်ားဟူ၍ ေခၚ လိုက ေခၚနိုင္သည္’ဟု ေဖာ္ျပထားပါတယ္။ ဤ အေျခခံမူမ်ားကို၁၉၄ရခုႏွစ္၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒပုဒ္မ၁၁တြင္ ျပ႒ာန္းထားျခင္းျဖစ္ ေၾကာင္း ေတြ႕ရမည္ ျဖစ္ပါတယ္။ ပုဒ္မ၁၁အရ ျဖစ္ေသာ နိုင္ငံသားအားလုံး ပုဒ္မ၁ဝအရ ‘ျပည္ ေထာင္စုျမန္မာနိုင္ငံသား’မ်ား ျဖစ္ေၾကာင္း ေတြ႕ ရမည္ ျဖစ္ပါတယ္။

၁၉၄ရခုႏွစ္၊ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံ အေျခခံ ဥပေဒတြင္နိုင္ငံသားမ်ား၏ အေျခခံအခြင့္အေရး မ်ားအေျခခံမူတြင္ ‘ျပည္သူတို႔သည္ လြတ္လပ္စြာ ယုံၾကည္ကိုးကြယ္နိုင္ၾကသည္။ ဘာသာေရးတြင္ သေဘာထားႀကီးစြာျဖင့္ လြတ္လပ္ခြင့္ေပးထား သျဖင့္ ခရစ္ယာန္ဘာသာ၊ အစၥလာမ္၊ ဟိႏၵဴ ဘာသာမ်ား၊ နတ္ကိုးကြယ္ျခင္း စသည္တို႔ကို လည္းခြင့္ျပဳထားသည္။ ဘာသာေရးႏွင့္ ပတ္သက္ ၍ တစ္ဦးႏွင့္တစ္ဦးကို ခြဲျခားျခင္းမရွိေစရ။ ဗုဒၶ ဘာသာဝင္မ်ားသည္လည္းေကာင္း၊ ခရစ္ယာန္ ဘာသာဝင္မ်ားသည္လည္းေကာင္း၊မည္သည့္ဘာသာ ကိုးကြယ္သူမဆို တူညီေသာအခြင့္အေရးတို႔ကို ရရွိ သည္။ ဥပမာအားျဖင့္ဆိုေသာ္ နိုင္ငံေတာ္အစိုးရ ဝန္ႀကီးမ်ားတြင္ဗုဒၶဘာသာဝင္မ်ား၊ အစၥလာမ္ဘာသာ ဝင္မ်ား၊ ဟိႏၵဴမ်ား၊ ခရစ္ယာန္မ်ားႏွင့္ နတ္ကိုး ကြယ္သူမ်ားရွိၾကသည္။ အစိုးရအမႈထမ္း၊ အရာ ထမ္းမ်ားတြင္လည္း အလားတူပင္ရွိၾကသည္။ ပါလီမန္အမတ္အေရြးခံသူ တစ္ဦးဦးသည္ ဗုဒၶ ဘာသာဝင္သာလၽွင္ ျဖစ္ရမည္။ ခရစ္ယာန္ ျဖစ္ပါက အေရြးခံရန္ အရည္အခ်င္း ပ်က္ယြင္း သည္ စသည္ျဖင့္လည္း တားျမစ္ထားျခင္း မရွိ။ ထိုကဲ့သို႔ တားျမစ္ပါကလည္း အေျခခံဥပေဒႏွင့္ ဆန႔္က်င္မည္သာျဖစ္သည္။ ေရြးေကာက္ပြဲ၌ အနိုင္ရေစကာမူ ေရြးေကာက္ပြဲတြင္ မတရား သျဖင့္ တစ္ျခားဘာသာကို ေစာ္ကား၍ အနိုင္ရခဲ့ သျဖင့္ ဥပေဒအရ အစစ္ေဆးခံရၿပီးလၽွင္ အမတ္ အျဖစ္မွ ထုတ္ပယ္ျခင္းခံရနိုင္ေပသည္’ဟု ေဖာ္ၿပ ထားသည္ကို ေတြ႕ရမည္ ျဖစ္ပါတယ္။

သို႔ုျဖစ္ေပရာ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္တကြ အမ်ိဳးသားေခါင္း ေဆာင္မ်ား၏ အေျမာ္အျမင္ႀကီးေသာ ရည္မွန္း ခ်က္မွာ လူမ်ိဳးႀကီးဝါဒကို လက္မခံ၊ တိုင္းရင္းသား ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ရွမ္း စသည္ျဖင့္ မခြဲျခား၊ျပည္နယ္၊ ျပည္မသားမခြဲျခားဘဲ ပုဂံေခတ္ က မ်ိဳးဆက္ပဲျဖစ္ျဖစ္၊ ကုန္းေဘာင္ေခတ္မ်ိဳးဆက္ ပဲျဖစ္ျဖစ္၊ ၁၈၂၃ခုႏွစ္ မတိုင္မီက မ်ိဳးဆက္ပဲ ျဖစ္ျဖစ္၊ လြတ္လပ္ေရးမရမီကရွိတဲ့ မ်ိဳးဆက္ပဲ ျဖစ္ျဖစ္၊ ျပည္ေထာင္စုနိုင္ငံသားဘဝကို ရရွိမည္။ ေမြးရာပါ အခြင့္အေရးရရွိနိုင္မည္ ျဖစ္ပါသည္။ ေမြးဖြားစဥ္က ျပည္ေထာင္စုနိုင္ငံသားမျဖစ္ေသး ေသာ္လည္း ဥပေဒႏွင့္အညီ နိုင္ငံေတာ္က နိုင္ငံ သားလက္မွတ္၊ နိုင္ငံသားျပဳလက္မွတ္ထုတ္ေပး၍ နိုင္ငံသားျဖစ္လာလၽွင္လည္း ျပည္ေထာင္စုနိုင္ငံ သားပင္ျဖစ္ပါသည္။ ျပည္ေထာင္စု နိုင္ငံသားျဖစ္ ေသာ မိဘႏွစ္ပါးကေမြးဖြားသူ သို႔မဟုတ္ ဘိုးဘြား တစ္ဦးဦးသည္ ျပည္ေထာင္စု နိုင္ငံသားျဖစ္ၿပီး မိမိကိုလည္း ျမန္မာနိုင္ငံအတြင္း ေမြးဖြားခဲ့လၽွင္ ေမြးကတည္းက ျပည္ေထာင္စုျမန္မာနိုင္ငံသား ပင္ ျဖစ္ပါသည္။ သဘာဝျပည္ေထာင္စုနိုင္ငံသား ပင္ ျဖစ္ပါသည္။

နိုင္ငံသားကို တိုင္းရင္းသားေမြးရာပါ နိုင္ငံသားႏွင့္ ဥပေဒအရ နိုင္ငံသားဟု ခြဲျခားျခင္း မွာ အမ်ိဳးသားေခါင္းေဆာင္ႀကီးမ်ား၏ ေမၽွာ္မွန္း ခ်က္ႏွင့္ ဆန႔္က်င္ပါသည္။ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ၊ ရရွိၿပီးေသာ ျပည္ေထာင္စုနိုင္ငံသား ျဖစ္မႈကို ျငင္းဆိုျခင္းသည္ ရရွိၿပီး နိုင္ငံသား အခြင့္ အေရးကို ဆန႔္က်င္ျငင္းပယ္ရာေရာက္ပါတယ္။

သို႔ျဖစ္ပါ၍ နိုင္ငံေရးအာဏာရရွိသူမ်ားက နိုင္ငံေရးစနစ္ တစ္ခုဖန္တီးၿပီး နိုင္ငံေရး၊ စီးပြား ေရးအျမတ္ထုတ္ရန္ လူမ်ိဳး၊ ဘာသာခြဲျခားၿပီး နိုင္ငံသားကို ခြဲျခားသတ္မွတ္ျခင္း၊ မရွိသည့္ လူမ်ိဳး အမည္မ်ား ဖန္တီးျခင္း၊ လူမ်ိဳးစုတစ္စုကို လူမ်ိဳး ငယ္မ်ားအစိတ္စိတ္အႁမႊာႁမႊာ ျဖစ္ေအာင္ လုပ္ပစ္ ျခင္း (ဥပမာ-ခ်င္းလူမ်ိဳးကို ၅၃-မ်ိဳးျဖစ္ေအာင္ လုပ္ျခင္း)၊ ရွိသည့္ လူမ်ိဳးကို မရွိဟုျငင္းကြယ္ျခင္း၊ မရွိသည့္ လူမ်ိဳးအသစ္ကို ဖန္တီးျခင္း၊ တိုင္းရင္း သားဆိုသည့္ စကားရပ္ကို ခုတုံးလုပ္အလြဲသုံးစား ျပဳၿပီး ျပည္ေထာင္စုသား အခ်င္းခ်င္း ရန္တိုက္ စိတ္ဝမ္းကြဲေအာင္ လုပ္ခဲ့ျခင္း၊ ပဋိပကၡမ်ား ဖန္တီးျခင္း၊ မင္းမဲ့စရိုက္ဆန္စြာ အနိုင္အထက္ျပဳ က်င့္ျခင္း၊ မတရားဖိႏွိပ္ျခင္းမ်ား ျပဳလုပ္ကာ လူမ်ိဳး(၁ဝ၁)ပါး၊ (၆၇)မ်ိဳး၊ (၁၄၄)မ်ိဳး၊ (၁၄၃)မ်ိဳး၊ (၁၃၅)မ်ိဳးဆိုၿပီး အမ်ိဳးဖန္တီးခဲ့ျခင္းမွာ ရိုးသားမႈ လည္းမရွိ၊ ဥပေဒႏွင့္အညီလည္း တရားဝင္ ျပ႒ာန္းခဲ့ျခင္းမရွိျခင္းေၾကာင့္ (၁၃၅)မ်ိဳးေတြ၊ (၁၄၄)မ်ိဳးေတြလုပ္မေနၾကပါႏွင့္။ ျငင္းမေနၾက ပါႏွင့္။ နိုင္ငံျခားသားမဟုတ္ရင္ နိုင္ငံသားအား လုံး တစ္မ်ိဳးတည္းေသာ ျပည္ေထာင္စုနိုင္ငံသား မ်ားသာ ျဖစ္ၾကသည္ဟု ခံယူၿပီး ျပည္ေထာင္စု စိတ္ဓာတ္ျဖင့္ စစ္မွန္ေသာ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုႀကီးကို ျပည္ေထာင္စုနိုင္ငံသား အားလုံး စည္းလုံးညီညြတ္စြာျဖင့္ တည္ေဆာက္ၾက ပါစို႔ဟု တိုက္တြန္းအပ္ပါတယ္။ ◾

Leave a Reply

Your email address will not be published. Required fields are marked *