Omni Focus လေဆိပ်ကားပေါ်၌ ဝူဟန်ဗိုင်းရပ် သံသယရှိသူဟုဆိုသူမှာ သာမန်ဖျားနာခြင်းသာဖြစ်ဟုဆို
Unicode
Omni Focus လေဆိပ်ကားပေါ်၌ ဝူဟန်ဗိုင်းရပ် သံသယရှိသူဟုဆိုသူမှာ သာမန်ဖျားနာခြင်းသာဖြစ်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
အောင်ချစ်
ရန်ကုန်လေဆိပ်နှင့်ဆူးလေသို့ပြေးဆွဲသည့် Omni Focus လေဆိပ်ကားပေါ်တွင် ဝူဟန်ဗိုင်းရပ် သံသယရှိသူဟုဆိုသူမှာ သာမန်ဖျားနာခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူ လေဆိပ်တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
”သူက ကိုရီးယာကနေပြန်လာတာပါ။လာကတည်းကဖျားနေတော့ သူ့ကိုဝူဟန်ဗိုင်းရပ်စ်သံသယရှိသူဆိုပြီးဖြစ်ကုန်တာပါ။အမှန်တော့ သူကရိုးရိုးဖျားတာပါ”ဟု ၎င်းအမည်မဖော်လိုသူ လေဆိပ်တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီ ၂၃ရက် နံနက် ၆နာရီခန့်က ကိုရီယားနိုင်ငံမှ ရန်ကုန်လေဆိပ်သို့ရောက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦးသည် ၎င်းနေထိုင်ရာသို့ပြန်ရန် ရန်ကုန်လေဆိပ်နှင့်ဆူးလေသို့ပြေးဆွဲလျှက်ရှိသည့် Omni Focus လေဆိပ်ကားပေါ်အရောက်တွင် ဖျားနာမှုပြင်းထန်လာသဖြင့် ၎င်းအားဆေးရုံးသို့ပို့ဆောင်ပေးရန် အကူအညီတောင်းခံရာမှ ဝူဟန်ဗိုင်းရပ်သံသယရှိသူဟုဆိုကာ သတင်းများပျံနှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားမှုကြောင့် ရန်ကုန်လေဆိပ်ရှိ ကျန်းမာရေးဌာနမှ ဆရာဝန်အဖွဲ့များလာရောက်စစ်ဆေးခဲ့ရာတွင် ၎င်းတွင် သာမန်ဖျားနာခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ကြောင်းသိရသည်။◾
Zawgyi
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
အောင်ချစ်
Leave a Reply
Your email address will not be published. Required fields are marked *