၂ဝ၂ဝရွေးကောက်ပွဲနှင့် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ

Unicode

၂ဝ၂ဝရွေးကောက်ပွဲနှင့် မြန်မာမွတ်စလင် လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ

မြေးချစ်ညို

ပြည်သူအများစုတင်မြှောက်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်တဲ့ အစိုးရသက်တမ်းသည် မကြာမီကာလတွင် ၅နှစ်ပြည့်မြောက်ပြီဖြစ်၍ ရွေးကောက်ပွဲများပြန်လည်ကျင်းပပြုလုပ်ရတော့မည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ်က ကျင်းပပြုလုပ်သည့်ရွေးကောက်ပွဲတွင် နိုင်ငံသားအစ္စလာမ်ဘာသာဝင်များသည် လူအများစုတို့နှင့် တစ်ထပ်တည်းရပ်တည်ကာ ဒီချုပ်ပါတီကို သောင်ပြိုကမ်းပြို အနိုင်ရအောင်မဲပေးသည့်အထဲတွင် တစ်ထောင့်တစ်နေရာ ကနေပါဝင်ခဲ့ကြပြီးဖြစ်ပါသည်။ ထိုကဲ့သို့မဲပေးခဲ့ရခြင်းမှာလည်း ယခင်စစ်အစိုးရလက်ထက်များနှင့် အရပ်သားအစိုးရဟု အမည်တပ်ထားသည့် အစိုးရဟောင်းလက်ထက်များတွင် နိုင်ငံသားအချင်းချင်းခွဲခြား ဆက်ဆံမှုများ၊ တိုင်းရင်းသားအချင်းချင်းခွဲခြားဆက်ဆံခံရမှုများ၊ ဘာသာရေးလူမျိုးရေးခွဲခြားဆက်ဆံခံရမှုများမှ လွတ်မြောက်စေရန် မျှော်လင့်ရည်သန်ပြီး ဒီချုပ်အစိုးရကို မဲပေး၍တွန်းတင်ခဲ့ကြခြင်းဖြစ်ပါသည်။ သို့သော်အာဏာရ ဒီချုပ်ပါတီ၏ဦးဆောင်မှုဖြင့်အုပ်ချုပ်သည့် အစိုးရသက်တမ်း ၅နှစ်တာကာလတွင် ထိုကဲ့သို့ ခွဲခြားဆက်ဆံမှုများမှာ ဆက်လက်တည်ရှိနေလျက်ပင်ဖြစ်သည်။ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင် များအနေဖြင့် မိမိတို့၏နိုင်ငံသား အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရန်အတွက် ဒီချုပ်အစိုးရကိုပဲ မဲဆက်ပေးမည်လား၊ သို့တည်းမဟုတ် မည်သည့်လမ်းကြောင်းဖြင့် သွားကြမည်လဲဆိုသည်ကို သိရှိလိုပါသဖြင့် Friday Times Journal ကနေ၍ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏ သဘောထား အမြင်များကောက်ခံပြီး အပတ်စဉ်စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဦးတင်မောင်သန်း
(အစ္စလာမ်သာသနာ့ရေးရာကောင်စီ အထွေထွေအတွင်းရေးမှူးချုပ်)

မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို အားရပါသလား။

ဖြေ။ ။ကျွန်တော့်အဖြေကို မွတ်စလင် အများစုကကြိုက်မှာမဟုတ်ဘူး၊ စိတ်အနှောင့်အယှက် ဖြစ်မှာတောင် စိုးရိမ်ရပါတယ်။ ဒါပေမဲ့ အရှိအမြင် အတိုင်းပဲဖြေမှာပါ။
အစိုးရရဲ့ဆောင်ရွက်ချက်တွေထဲမှာ ကြိုက်တာ ရှိသလို၊ မကြိုက်တာလည်းရှိပါတယ်။
NVကတ်ဆက်ပြီးထုတ်ပေးနေတာ၊ မွတ်စလင်တွေ နဲ့ ထိတွေ့ဆက်ဆံမှု အားနည်းတာတွေကိုမကြိုက်ဘူး။
ရခိုင်နဲ့ လူနည်းစုပြဿနာတွေအပေါ် ကိုင်တွယ် ဖြေရှင်းတာတွေမှာ အားနည်းချက်လိုအပ်ချက်အများ ကြီး ရှိနေပါသေးတယ်။
ဒါပေမဲ့လည်း ပြောင်းလဲသင့်တာ အားလုံးကို ဒီသက်တမ်း(၅)နှစ်လောက်နဲ့ ပြောင်းလဲဖို့ဆိုတာ လက် တွေ့မဖြစ်နိုင်ပါဘူး။ အမေရိကန်သမ္မတတွေကို လာ လုပ်ခိုင်းတောင် မရနိုင်ပါဘူး။ ကြိုက်တာ တွေကတော့ အမုန်းစကားပြောဆိုနေတာ ရပ်တန့်ဖို့၊ အကြမ်းဖက်မှု တွေကို ထပ်တိုးမလာ ဖို့ဆောင်ရွက်တာတွေ၊ ပြဿနာ ဖန်တီးသူတွေကို အားမပေးတာ၊ အရေးယူတာတွေကို ကြိုက်ပါတယ်။
အရင်အစိုးရတွေတုန်းက ဒါတွေကိုမဟန့်တားရုံမက အားပေးထောက်ပံ့မှုတွေလုပ်ခဲ့တယ်၊ အမုန်းစကားပြောတာတွေ၊ ပိုစတာတွေကိုင်ပြီးတော့ လူအများမြင်ကွင်းမှာ အစ္စလာမ်ဘာသာကို စော်ကားတာတွေ နေ့စဉ် ရက်ဆက် လုပ်ခဲ့ကြတယ်၊ မွတ်စလင်တွေအပေါ် ပေါ်ပေါ်ထင် အကြမ်းဖက်တာတွေကို ဟန့်တာအရေး ယူဖို့ ပျက်ကွက်တာတွေရှိခဲ့တယ်။
ဒါ့ထက်ဆိုးတာကတရားခံတွေကိုအားပေးထောက်ပံ့ တာတွေကိုပါ လုပ်ခဲ့ကြတယ်။ ဘယ်လောက်အထိ ဆိုး လည်းဆို နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ ဘာသာ ကြီးတစ်ခုကို ”သားဖေါက်နှုန်းမြန်…တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ ပိုစတာများနဲ့ အခြားစော်ကားမှုမျိုးစုံ ပါတဲ့ပိုစတာတွေကိုင်ပြီး စော်ကားတာတွေ၊ စာအုပ် စာစောင်များထုတ်ပြီးစော်ကား လှုံ့ဆော်တာတွေကို ဟန့်တားအရေးယူ မှုတွေမလုပ်ခဲ့ဘူး။
မိတ္ထီလာနဲ့ ရခိုင်ပြည်နယ်အပါအဝင် နေရာအတော် များများမှာ လူနည်းစုတွေကို အကြမ်းဖက်တိုက်ခိုက် တာတွေ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ မီးရှို့တာ တွေကိုလုံလောက်တဲ့ဟန့်တားအရေးယူမှုတွေ မလုပ်ခဲ့ဘူး။ မိတ္ထီလာမှာဆိုရင် မွတ်စလင် လူနည်းစုတွေရဲ့ အိမ်တွေ၊ ဆိုင်တွေကို လုယက်မီးရှို့ဖျက်ဆီးတာတွေ အပြီးသိမ်းယူ လိုက်တာတွေ၊ သာသနိကအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာကိုမဟန့်တားတဲ့အပြင် ဘာသာရေး အဆောက်အအုံတွေကိုပါ ပိတ်ပစ်ခဲ့တာတွေကို အစိုးရ ကိုယ်တိုင်ကျူးလွန်ခဲ့ကြတယ်။
”မွတ်စလင်တွေကို ခေါင်းမဖော်ဝံ့အောင်လုပ်ရ မယ်။ ရခိုင်ဒေသကို အစ္စရေးတွေက ပါလက်စတိုင်း တွေကို လုပ်သလိုလုပ်ပစ်ရမယ်” စတဲ့ အမုန်းတရား လှုံ့ဆော်ဖန်တီးသူတွေကို အရေးယူတာ တွေမလုပ်တဲ့အပြင် အားပေးချီးမြှောက်မှုတွေပါလုပ်ခဲ့ကြတယ်။
အခုအစိုးရက ဒါတွေမလုပ်တဲ့အပြင် အရေးယူခဲ့ တာတွေတောင် ရှိခဲ့တယ်။ အတိုချုံ့ပြောရရင် အရင်အစိုးရက ဘာသာရေးမုန်း တီးရေးလှုံ့ဆော်သူတွေ အကြမ်းဖက်သူတွေကို အားပေးခဲ့ တယ် ဘာသာရေးကို နိုင်ငံရေးအာဏာအရေးအတွက် အသုံးချခဲ့တယ်။
အခုအစိုးရက ဒါတွေမလုပ်ဘူး။ဒါကိုအသိအမှတ် မပြုပါတယ်၊ ဒါပေမဲ့မလုံလောက်သေးဖူး။ ဒီထက်ပို လုပ်ဖို့လို ပါသေးတယ်။

မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာနိုင်ငံ သားအခွင့်အရေးတွေ၊ လူမျိုးရေးအခွင့်အရေးတွေ၊ ဘာသာရေးအခွင့်အရေးတွေ တန်းတူရရှိတယ်လို့ ခံစားရပါသလား။ မရရှိဘူလို့ဆိုရင် ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ ။ ။ မရရှိသေးပါဘူး၊ အထက်မှာပြောခဲ့သလို အများကြီးလိုပါသေးတယ်။ အကြောင်းတရားက အစိုးရရဲ့ စွမ်းဆောင်မှုအား နည်းတာတွေ၊ ဘာသာရေးကို အာဏာအရေးအတွက်အသုံးချသူတွေရဲ့ အန္တရာယ်နဲ့ ဖိအားတွေ ကြီးမားစွာရှိနေတာတွေ၊ စစ်ဘက်နဲ့ အာဏာခွဲဝေးယူထားရပြီး ပြည့်ဝတဲ့ အာဏာဆက်မရှိတာတွေကြောင့်လို့ ထင်ပါတယ်။

မေး။ ။မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူနည်းစုများအခွင့်အရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်မယ့်ပါတီတွေ ဒါမှမဟုတ် နောက်တက်လာမယ့်အစိုးရထံကနေ ဘယ်လိုလုပ် ဆောင်ပေးချက်တွေကို လိုချင်ပါလဲ။
ဖြေ။ ။ရိုဟင်ဂျာပြဿနာကို ကာယကံရှင်ခေါင်းဆောင် တွေညှိနှိုင်းပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဖြေရှင်း ဆောင်ရွက် စေချင်တယ်။
မွတ်စလင်လူနည်းစုတွေကို နိုင်ငံရေးအပါအဝင် ကဏ္ဍပေါင်းစုံက ဖယ်ကြဉ်နေတာတွေ၊ ခွဲခြားဆက်ဆံ နေတာကို ရပ်တန့်အောင်လုပ်ရမယ်။ ဘာသာလူမျိုး အပေါ်အခြေမခံဘဲ အရည်အချင်းအလိုက် ပါဝင်ခွင့်ပြု စေချင်တယ်။
အမုန်းတရားလှုံ့ဆော်ဖန်တီးသူတွေကို ဆက်ပြီး ပြတ်ပြတ်သားသား အရေးယူတားဆီး ပေးသင့်တယ်။
ဘာသာရေးအဆောက်အအုံတွေပိတ်သိမ်းထားတာ တွေကိုပြန်လည် ဖွင့်လှစ်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ ပြုပြင်ခွင့်၊ တည်ဆောက်ခွင့်တွေနဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းတွေ ကို တန်းတူစစ်ဆေး ထုတ်ပေးခြင်းများ အပါအဝင် နိုင်ငံ သားချင်း တန်းတူညီမျှဖြစ်ဖို့၊ ခွဲခြားမှုပပျောက်ဖို့ မဖြစ် မနေအားစိုက်ဆောင်ရွက်စေချင်တယ်။

မေး။ ။လူနည်းစုတွေအနေနဲ့ မိမိတို့ လူ့ အစုအဝေးကိုကိုယ်စားပြုတဲ့ ပါတီတွေ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုပါသလား၊ ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင် သင့်၊ မသင့်ကို ပြောပေးပါ။
ဖြေ ။ ။ နိုင်ငံရေးပါတီများရော အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းလာအောင်လုပ်သင့်သလို လူနည်းစုပါတီနဲ့ အာဏာရပါတီကပါ လွှတ်တော် ကိုယ်စားလှယ် ဖြစ်အောင်ကြိုးစားသင့်တယ်။ အထူးသဖြင့် လူထုထောက်ခံမှု အများဆုံးပါတီကနေ ဝင်ရောက် အရွေးခံနိုင်အောင် ကြိုးစားသင့်တယ်။ သက်ဆိုင်ရာပါတီက လက်ခံလာအောင် နိုင်ငံရေးသမား ကာယကံရှင်တွေ ကိုယ်တိုင်ကြိုးစားရမယ်။ ဒီရွေးကောက်ပွဲမှာ ပါတီဘက် ကလည်း လက်ခံမယ်လို့ထင်ပါတယ်။ ကိုမြအေး၊ ဒေါ်ဝင်း မြမြ၊ ကိုကြည်လင်၊ ကိုထွန်းကြည်၊ ကိုစည်သူမောင်တို့ ကြိုးစားကြမယ် ဆိုရင်ရနိုင်ပါတယ်။ ပါတီက လက်မခံ ခဲ့ရင်တော့ အချို့ပုဂ္ဂိုလ်များ တစ်သီးပုဂ္ဂလဝင်ပြိုင်သင့် ပါတယ်။ ဥပမာ- ကိုမြအေးပါတီက လက်သင့်မခံရင် ပန်းဘဲတန်းက တစ်သီးပုဂ္ဂအနေနဲ့ ဝင်ပြိုင်သင့်ပါတယ်။ အများလက်ခံတဲ့ အခြားပုဂ္ဂိုလ်များလည်း အခြားအမာခံ မဲဆန္ဒနယ်မြေရှိရင် တစ်သီးပုဂ္ဂလ ဝင်ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ အများလက်ခံနိုင်ခြေရှိတဲ့ ပုဂ္ဂိုလ်တွေကိုယ်တိုင် ကြိုးစားကြဖို့အရေးကြီးပါတယ်။ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ မလုပ်ဘဲ ကိုယ်တိုင်ဝင်အရွေးခံမှသာ လက်တွေ့အောင် မြင်နိုင်မှာပါ။ နိုင်ငံရေးသြဇာမရှိတဲ့ လူတစ်ရာအတွက် ကြိုးစားတာထက် နိုင်ငံရေးသြဇာရှိတဲ့ ပုဂ္ဂိုလ်အချို့ အတွက်သာ အားစိုက်ပြီး ကျစ်ကျစ်လျစ်လျစ် ဆောင်ရွက် ရင် အဆင်ပြေနိုင်ပါတယ်။


ဦးစန်းအောင်
( ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့- SEQK )

မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ ကို အားရပါသလား။
ဖြေ။ ။မေးခွန်းတွေမဖြေဆိုခင် ပဏာမ ဆွေးနွေးလိုတဲ့အချက်တွေက . . .
(၁၉၉ဝ)ရွေးကောက်ပွဲတွင်လည်းကောင်း၊ (၂ဝ၁၅) ရွေးကောက်ပွဲတွင်လည်းကောင်း မြန်မာမွတ်စလင် လူနည်းစု (Religious bused minority community) က NLDပါတီကို အုတ်အော်သောင်းတင်း မဲပေးခဲ့ပါတယ်။ နိုင်ငံရေးအခြေအနေအရ အဲဒီကာလနှစ်ခုမှာ NLDပါတီကို မဲပေးခဲ့ခြင်းသည် လုံးဝမှားယွင်းမှု မရှိပါဘူး။ လိုအပ်ချက်အရ မဲပေးခဲ့ခြင်းသာဖြစ်တယ်။ သို့သော် လာမယ့်(၂ဝ၂ဝ)ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ NLDပါတီအနေနဲ့ဖြစ်စေ၊ အခြားမည်သည့်ပါတီဖြစ်စေ မွတ်စလင်တို့ရဲ့မဲပြားကိုလိုချင်ရင်် အောက်ပါမေးခွန်း (၂) ချက်ကိုတော့ အဖြေပေးဖို့လိုအပ်တယ်လို့ ယူဆမိပါတယ်။
(၁)မြန်မာနိုင်ငံသားမွတ်စလင်တို့၏ နိုင်ငံသား (Citizenship) ဖြစ်ခွင့်နှင့်ပတ်သက်၍ အဟန့်အတားဖြစ် နေခြင်း၊ အချိန်ဆွဲလေးဖင့်နေခြင်းစတဲ့ အကန့်အသတ် များကို မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်ပေးမလဲ။
(၂) အစ္စလာမ်ဘာသာဝင်နိုင်ငံသားများ ဘာသာ ရေးယုံကြည်ချက်ကြောင့် ခွဲခြားဆက်ဆံခံနေရခြင်း (Discrimination on the busis of Religious belief) ကို မည်ကဲ့သို့အာမခံချက်ပေးပြီး ကုစားဖြေရှင်းပေးမှာလဲ ဆိုတာပါ။
အစ္စလာမ်ဘာသာဝင် မွတ်စလင်တို့အနေနဲ့ လာမယ့်(၂ဝ၂ဝ) အထွေထွေရွေးကောက်ပွဲတွင် ယခင် ရွေးကောက်ပွဲများမှာထက် မိမိတို့၏မဲပြားကို မိမိတို့ကိုယ် တိုင် ပိုမိုတန်ဖိုးထားလာကြမည်ဖြစ်သလို တစ်ဖက်က မဲရယူလိုက်မယ့်ပါတီ (သိုမဟုတ်) တစ်သီးပုဂ္ဂလအမတ် လောင်းများကလည်း မိမိတို့၏မဲပြားအပေါ် တန်ဖိုးထား လာစေချင်နေကြပြီဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ (၂ဝ၂ဝ)ရွေးကောက်ပွဲတွင် အစ္စလာမ်ဘာသာရေးဆိုင်ရာ လူနည်းစုတွေက ပြီးခဲ့တဲ့ နိုင်ငံရေးသက်တမ်းရဲ့အတွေ့ အကြုံတွေအရ ယုံယုံကြည်ကြည်မဲပေးဖို့ အားနည်းလျက် ရှိပါတယ်။
(၂ဝ၁၅) ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရခဲ့သော NLDဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက် များသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ အားရကျေနပ် မှုမရှိခဲ့ကြပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုရွေး ကောက်ပွဲမတိုင်မီကပေးထားသော ကတိကဝတ်ဖြစ်သည့် (၂ဝဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် မစွမ်း ဆောင်နိုင်ခြင်းကြောင့်ဖြစ်သည်။ တစ်ဖက်ကလည်း စီးပွား ရေးအကျပ်အတည်းများကြောင့် ပြည်သူတို့၏ စားဝတ် နေရေးကိုထိခိုက်လာရမှုများရှိနေတယ်။

မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ နိုင်ငံ သားအခွင့်အရေးတွေ၊ လူမျိုးရေးအခွင့်အရေးတွေ၊ ဘာသာရေးအခွင့်အရေးတွေ တန်းတူရရှိတယ်လို့ ခံစားရပါသလား။ မရရှိဘူးလို့ဆိုရင် ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။NLDပါတီအစိုးရအဖွဲ့၏ လက် အောက်တွင် နိုင်ငံသားအခွင့်အရေး၊ လူမျိုးရေးဆိုင်ရာ အခွင့်အရေး၊ ဘာသာရေးဆိုင်ရာအခွင့်အရေးများ တန်းတူရည်တူမရရှိဘူးလို့ ခံစားမိပါတယ်။
အဲဒီလိုမရရှိခြင်းက NLDပါတီအနေနဲ့ အရင် အစိုးရများထက်ပင် အထူးသဖြင့်မွတ်စလင်လူ့အစုအဖွဲ့နဲ့ ထိတွေ့မှုနည်းခြင်း၊ မွတ်စလင်လူ့အဖွဲ့ အစည်းနှင့် နီးနီး ကပ်ကပ်ဆက်ဆံမယ်ဆိုရင် တစ်ဖက်က အစွန်းရောက် အမျိုးသားရေးဝါဒီ (Radical nationalist)များရဲ့ အထင် လွဲစွပ်စွဲမှုများ ခံရမည် ကိုစိုးရိမ်ခြင်း၊ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ Pluralism (မတူစုံလင်ကွဲပြားသော ပဒေသာစုံယဉ်ကျေးမှု) စနစ်ကို အလေးမပေးတဲ့အပေါ် လွှတ်တော်အတွင်းမှာ မွတ်စလင် အမတ်မရှိခြင်း၊ ဟိန္ဒူ ဘာသာဝင်လွှတ်တော် အမတ်မရှိခြင်း၊ လွှတ်တော်အတွင်း လူနည်းစု ဘာသာဝင်တို့ရဲ့ အရေးကိစ္စဆွေးနွေးမှု တွေ အသံတိတ်ပျောက်ကွယ်နေခြင်းက ရလဒ်တွေပဲဖြစ် ပါတယ်။

မေး။ ။မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူနည်းစုများအခွင့်အရေးအတွက် ရွေးကောက်ပွဲဝင်ရောက်မယ့်ပါတီတွေ ဒါမှမဟုတ် နောက်တက်လာမယ့်အစိုးရထံကနေ ဘယ်လို လုပ်ဆောင်ပေးချက်တွေကို လိုချင်ပါလဲ။
ဖြေ။ ။မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင် ကြတဲ့ လူနည်းစုအခွင့်အရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်မယ့်ပါတီ တွေဖြစ်ဖြစ်၊ နောင်တက်လာမယ့် အစိုးရအဖွဲ့ဖြစ်ဖြစ်၊ မိမိကိုမဲပေးလိုက်တဲ့ ပြည်သူတွေရဲ့ နိုင်ငံသားဖြစ်မှု (Citizenship)နဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့် ခွဲခြား ဆက်ဆံခံနေရတာတွေ (Discrimination on the basis of Religious belief)ကို အာမခံချက်ပေးပြီး ကုစား ဖြေရှင်းပေးစေလိုပါတယ်။

မေး။ ။လူနည်းစုတွေအနေနဲ့ မိမိတို့ လူ့အစုအဝေးကိုကိုယ်စားပြုတဲ့ ပါတီတွေ ဒါမှ မဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် တွေကို လာမယ့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်စေလိုပါသလား၊ ဘာကြောင့် ဝင်ရောက်ယှဉ် ပြိုင်သင့်၊ မသင့်ကို ပြောပေးပါ။
ဖြေ။ ။လူနည်းစုတိုင်းရင်းသားတွေ၊ ဘာသာ ရေးဆိုင်ရာလူနည်းစုများအနေနဲ့ မိမိတို့လူ့အစုအဖွဲ့ကို ကိုယ်စားပြုတဲ့ပါတီတွေ၊ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်တွေအနေနဲ့ လာမယ့်၂ဝ၂ဝအထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်အရွေးခံခြင်းကိုအပြုသဘော အဖြစ်လက်ခံအားပေးပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အထူးသဖြင့်ဘာသာရေး ယုံကြည်ချက်ဆိုင်ရာလူနည်းစုတို့ရဲ့ အရေးကိစ္စတွေကို သက်ဆိုင်ရာတာဝန်ရှိသူတို့က အရေးတယူဆွေးနွေးခြင်း၊ ထင်သာမြင်သာရှိစွာ ဆောင်ရွက် ပေးခြင်းများက မတွေ့ရ သလောက်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် လွှတ်တော်အတွင်း မိမိအစုအဖွဲ့ရဲ့အရေးကိစ္စကို မိမိတို့ကိုယ်တိုင် တောင်းဆို ဆွေးနွေးဖြေရှင်းခြင်းကသာ အကောင်းဆုံးပင်ဖြစ်မယ် လို့ ယုံကြည်ပါတယ်။

ဦးထင်ကျော်
(မြန်မာမွတ်စလင်အရေး တက်ကြွလှုပ်ရှားသူ)
မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ ကို အားရပါသလား။
ဖြေ။ ။အားရပါတယ်။ကျေနပ်ပါတယ်။ ဒါပေမယ့် ဘာသာသာသနာရေးကိစ္စ လူမျိုးရေးကိစ္စတွေ မှာတော့ ယခင်အစိုးရလက်ထက်အတိုင်း မထူးမခြားနား ပါဘဲ။ အတူတူပါဘဲ။ အခြားဟာသတွဲပြောရလျှင် ယခင် အစိုးရလက်ထက်က တစ်ရာဖိုးကားနှစ်စီးအဖြစ် အောက် ခြေလူတန်းစားက ကားဝယ်စီးနိုင်ပေမယ့် အခုအစိုးရ လက်ထက်မှာ ကားတစ်စီး တစ်ရာ့ငါးဆယ်ဖြစ်နေပါ တယ်။ လမ်းတွေတော့ကောင်းလာတာပေါ့။ ပိုရှင်းရှင်း လင်းလင်းမြင်စေချင်တော့ ယနေ့အစိုးရရဲ ့ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေးတွေက အိန္ဒိယနိုင်ငံရဲ ့ နိုင်ငံရေးရုပ်ရှင်ဇတ်ကားတွေနဲ ့့တစ်ထပ်တည်းကျနေပါ တယ်။

မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ နိုင်ငံ သားအခွင့်အရေးတွေ၊ လူမျိုးရေးအခွင့်အရေးတွေ၊ ဘာသာရေးအခွင့်အရေးတွေ တန်းတူရရှိတယ်လို့ ခံစားရပါသလား။ မရရှိဘူလို့ဆိုရင် ဘာ့ကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။တန်းတူအခွင့်အရေးမခံစားရ ပါဘူး။ တန်းတူမရရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အစ္စလာမ်သာသနာဝင်တွေ ဖြစ်နေကြလို ့ပါဘဲ။ ယခင်အစိုးရလက်ထက်မှာ အစိုးရနဲ ့ ပြည်သူကြား မှာ ကျွန်တော်တို့ညှပ်ပိတ်မိနေတယ်။ ယခုအစိုးရလက် ထက်မှာ ကျွန်တော်တို့က အစိုးရ၊ တပ်မတော်၊ ပြည်သူ သုံးပွင့်ဆိုင်ကြားမှာ တံစားခံ မဖြစ်အောင် အနေအထိုင် အထူးသတိထားနေရသည့် ဘဝအခြေအနေဖြစ်နေ ပါတယ်။
ကျွန်တော်တို ့စောင့်ကြည့်နေပါတယ်။ဘာလုပ်ရ မည်လည်း အကောင်းဆုံးပြင်ဆက်ထားပါတယ်။ အဓိကကတော့ ငြိမ်းချမ်းချင်တာပေါ့ဗျာ။

မေး။ ။မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူနည်းစုများအခွင့်အရေးအတွက် ရွေးကောက်ပွဲဝင်ရောက်မယ့်ပါတီတွေ ဒါမှမဟုတ် နောက်တက်လာမယ့်အစိုးရထံကနေ ဘယ်လို လုပ်ဆောင်ပေးချက်တွေကို လိုချင်ပါလဲ။
ဖြေ။ ။နောင်တတ်လာမည့် အစိုးရက ဖွဲ ့စည်းပုံအခြေခံဥပဒေနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွတ်စေလိုပါတယ်။ နုတ်မိန့်နဲ့ပိတ်ဆို့ထားတဲ့ အုပ်ချုပ်မှုတွေ လူတန်းသားခွဲခြားထားမှုတွေ မရှိစေချင် တော့ပါဘူး။ ကျွန်တော်တို ့မျှော်လင့်ပါတယ်။

မေး။ ။လူနည်းစုတွေအနေနဲ့ မိမိတို့ လူ့ အစုအဝေးကိုကိုယ်စားပြုတဲ့ ပါတီတွေ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုပါသလား၊ ဘာ့ကြောင့် ဝင်ရောက်ယှဉ်ပြိုင် သင့်မသင့်ကို ပြောပေးပါ။
ဖြေ။ ။ပါတီစုံ ဒီမိုကရေစီစံနစ်မှာ လူတစ်ယောက်၊ လူအုပ်စုလိုက်အစုအဖွဲ့အစည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ကို ကျွန်တော်တို ့တားပိုင်ခွင့်မရှိပါဘူး။ မည်သို့မှ မှတ်ချက်မပေးပါဘူး။

ဦးမင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ ကို အားရပါသလား။
ဖြေ။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် တဲ့ အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို အားရပါ သလားဆိုတာနဲ့ပတ်သက်လို့ပြောရရင်တော့ အားရခြင်း၊ အားမရခြင်းဆိုတာထက် အနိုင်ရပါတီက ဦးဆောင် ဖွဲ့စည်းထားတဲ့ လက်ရှိအရပ်သားအစိုးရအနေနဲ့ လူထု ရွေးချယ်တင်မြောက်လိုက်တဲ့ အရပ်သားစစ်စစ် အစိုးရတစ်ရပ်အဖြစ်ရပ်တည်ပြီး စီမံအုပ်ချုပ်ခွင့် ရနေပြီလား၊ အုပ်ချုပ်မှုအာဏာအပြည့်အဝရှိတဲ့ အစိုးရ လားဆိုတာကို ပထမဆုံးထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ အစိုးရရဲ့ခံယူချက်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေ အတိုင်းအုပ်ချုပ်နိုင်နေပြီလား။ အစိုးရအဖွဲ့ ဖော်ဆောင် လိုတဲ့အုပ်ချုပ်မှုပုံစံအတိုင်း ကျင့်သုံးအုပ်ချုပ်နိုင်နေပြီ လား။ ရွေးကောက်ပွဲကာလက ပေးထားတဲ့ ကတိကဝတ် တွေအတိုင်း စီမံပြီးလက်တွေ့ အကောင်အထည်ဖော်နိုင် နေပြီလား။ အစိုးရအဖွဲ့ရဲ့စိတ်ရင်းစေတနာအတိုင်း အကောင် အထည်ဖော်လျှောက်လှမ်းနိုင်ပြီလားဆိုတာကို ထည့်သွင်းစဉ်းစားပေးရမှာဖြစ်တယ်။
ဖွဲ့စည်းပုံအကျပ်အတည်းနဲ့ ချုပ်နှောင်ထားမှုတွေကို မကျော်လွန်နိုင်သေးသရွေ့တော့ လူထုမျှော်လင့်ထားတဲ့ အတိုင်း အပြည့်အဝ ကျေနပ်အားရကြလိမ့်မယ် မဟုတ်ဘူးလို့တော့ မြင်ပါတယ်။

မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ နိုင်ငံ သားအခွင့်အရေးတွေ၊ လူမျိုးရေးအခွင့်အရေးတွေ၊ ဘာသာရေးအခွင့်အရေးတွေ တန်းတူရရှိတယ်လို့ ခံစားရပါသလား။ မရရှိဘူလို့ဆိုရင် ဘာ့ကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ နိုင်ငံသား အခွင့်အရေး၊ လူမျိုးရေးအခွင့်အရေး၊ ဘာသာရေးအခွင့် အရေးတွေတန်းတူရရှိဖို့ဆိုတာ စစ်မှန်တဲ့ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရမယ်။ ပင်လုံစိတ်ဓာတ်နဲ့ ပင်လုံကတိကဝတ်တွေကို စိတ်ရင်း စေတနာမှန်နဲ့ လေးစားတန်ဖိုးထားပြီးတော့ လူမျိုးကြီး ဝါဒအ၊ ခြေမခံဘဲ၊ ပြည်ထောင်စုစနစ်ကိုအခြေခံပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရမယ်။ အဓိက အရေးကြီးဆုံးလုပ်ဖို့ လိုအပ်တာကတော့ ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းတန်ဘိုးတွေနဲ့ ကိုက်ညီဆီလျော်တဲ့ ဖွဲ့စည်း ပုံဖြစ်ဖို့ လက်ရှိဖွဲ့စည်းပုံကို လူထုဆန္ဒနဲ့အညီ ပြင်ဆင်၊ အသစ်ရေးဆွဲဖို့လိုအပ်တယ်။

မေး။ ။မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူနည်းစုများအခွင့်အရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်မယ့်ပါတီတွေ ဒါမှမဟုတ် နောက်တက်လာမယ့်အစိုးရထံကနေ ဘယ်လို လုပ်ဆောင်ပေးချက်တွေကို လိုချင်ပါလဲ။
ဖြေ။ ။ ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ တရား မျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတာ အနှစ်သာရဖြစ်တဲ့ အတွက် လူနည်းစုတွေရဲ့အခွင့်အရေးတို့၊ လူများစု အခွင့် အရေးတို့ ခွဲခြားပြီးဆက်ဆံနေတာကိုက ဒီမိုကရေစီ မဟုတ်ဘူးလို့မြင်ပါတယ်။ ဒီမိုကရေစီဆိုတာ ဝါဒ၊ လမ်း စဉ်တစ်ခုလို့ပြောတာထက် ကျင့်စဉ်တစ်ရပ်လို့ပြောချင် တယ်။ ဒီမိုကရေစီကို အမှန်တကယ်ယုံကြည်လို့ တက်လာမယ့် အစိုးရမှန်သမျှဒီမိုကရေစီကျင့်စဉ်တွေကို ကျင့်ကြံအားထုတ်လေးစားလိုက်နာမှသာ ကိုယ်ကျိုး စီးပွားကင်းပြီး အခွင့်အရေးတန်းတူညီမျှမှာဖြစ်တယ်။

မေး။ ။လူနည်းစုတွေအနေနဲ့ မိမိတို့ လူ့ အစုအဝေးကိုကိုယ်စားပြုတဲ့ ပါတီတွေ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုပါသလား၊ ဘာ့ကြောင့် ဝင်ရောက်ယှဉ်ပြိုင် သင့်မသင့်ကို ပြောပေးပါ။
ဖြေ ။ ။အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်း ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖော်ဆောင် နေတဲ့အချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီကို ဖော်ဆောင်မယ့် ဒီမိုကရက်တစ်တွေ အစိုးရဖွဲ့နိုင်ဖို့ စည်းစည်လုံးလုံး ညီညီညွတ်ညွတ်နဲ့ပူးပေါင်းပြီး အင်နဲ့အားနဲ့ ဝိုင်းတွန်းပေး ကြဖို့ အရေးတကြီးလိုအပ်တယ်။ တိုင်းရင်းသားပြည်နယ် တွေမှာတော့ တိုင်းရင်းသားပါတီတွေ အားကောင်း မောင်းသန် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရဖို့နဲ့ ဒီမိုကရက် တစ်တွေနဲ့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီကို ပံ့ပိုးနိုင်ဖို့ အစိုးရအဖွဲ့မှာ ပါဝင်စေချင်ပါတယ်။

ဦးသက်ကိုကို
မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ ကို အားရပါသလား။
ဖြေ။ ။ နိုင်ငံသားလူနည်းစုဘာသာဝင် တစ်ဦးအမြင်အရပြောရရင် ယခင်ကထက် အမုန်းတရား ဟောကြားမှုတွေ အကြမ်းဖက်တိုက်ခိုက်မှုတွေ စိုးတထင့် ထင့်နဲ့သွားလာ လှုပ်ရှားနေရတာတွေ အများကြီးလျော့ နည်းသွားပါတယ်၊ ပိုလုံခြုံမှုရလာတယ်လို့ ခံစားမိပါတယ်၊ ရာနှုန်းပြည့် အားရပါးရဖြစ်ရတယ်ဆိုတဲ့ အစိုးရမျိုးကို ဘယ်နိုင်ငံရဲ့ နိုင်ငံသားကမျှမရသေးပါဘူး။ ဒါပေမယ့် ပိုမိုအားရစရာကောင်းတဲ့ အခြေအနေတွေဆက်ဖြစ်လာ ဖို့ကိုတော့ မျှော်လင့်ပါတယ်။ လက်ရှိဖြစ်ပေါ်တိုးတက် မှုတွေ ကိုလည်း အသိအမှတ်ပြုပါတယ်။ အတိုင်းအတာ တစ်ခုထိကို အားရပါတယ်။

မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ နိုင်ငံ သားအခွင့်အရေးတွေ၊ လူမျိုးရေးအခွင့်အရေးတွေ၊ ဘာသာရေးအခွင့်အရေးတွေ တန်းတူရရှိတယ်လို့ ခံစားရပါသလား။ မရရှိဘူလို့ဆိုရင် ဘာ့ကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတော်အများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကဝိသေသဂုဏ်ထူးနဲ့ ပြည့်စုံတဲ့ဘာသာလို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူ ကျန်နိုင်ငံသားတွေ ကိုးကွယ်တဲ့ခရစ်ယာန်၊ဟိန္ဒူ၊ အစ္စလာမ်ဘာသာတို့ကို လည်း အသိအမှတ်ပြုတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် ကျန်ဘာသာတွေကအများစုကိုးကွယ်တဲ့ ဘာသာတရားနဲ့ ထပ်တူ ညီမျှတန်းတူဖြစ်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အခုအစိုးရရယ်မှမဟုတ်ပါဘူး။ ဘယ်အစိုးရတက်တက် အများစုကိုးကွယ်ရာနဲ့ လူနည်းစုကိုးကွယ်ရာတို့တွေက ထပ်တူဖြစ်လာဖို့မလွယ်ပါဘူး။ အခြေခံဥပဒေမှာ ဖော်ပြ ထားတာကြောင့်မို့လိုယူဆပါတယ်။ လက်တလော ပြင် ဆင်ချက်တွေမှာလည်း ပြင်ဆင်ရေးအပိုင်းမှ မပါပါဘူး။ ဒီပြဌာန်းချက်က ဆက်လက်တည်ရှိနေအုံးမှပါ။ တဖက် မှာလည်းနိုင်ငံတော်အသိအမှတ်ပြု ဘာသာသာသနာတွေ ကို သူ့အတိုင်း အတာနဲ့ သူအခွင့်အရေးပေးစေလိုတာမျိုး လိုအပ်ပါတယ်။ ဟာဂျ်ခရီးစဉ် ဟလလ်စားသောက်ကုန် စတာတွေ ပိုမိုချောမွေ့အောင် လူနည်းစုဘာသာဝင်တွေ ပိုအဆင်ပြေအောင် အုပ်ချုပ်ရေးနည်းလမ်း ဥပဒေပြုရေး နည်းလမ်းတွေနဲ့ ကူညီစောင့်ရှောက်ပေးစေလိုပါတယ်။ နိုင်ငံသားအခွင့်အရေးရရှိရေးကို ဘာသာကိုး ကွယ်မှုကို အကြောင်းခံပြီးခွဲခြားတာမျိုး ကန့်သတ်တာမျိုး မရှိစေဖို့ ပိုအားထုတ်စေလိုပါတယ်။ နိုင်ငံသား လူနည်းစုဘာသာ ဝင်တွေ အကြားအမိနိုင်ငံတော်ကို ချစ်ခင်စိတ် သစ္စာ စောင့်သိရိုသေစိတ်တွေပိုအားကောင်းလာအောင် လူနည်း စုဘာသာဝင်တွေရဲ့ အခက်အခဲတွေပိုမို သိရှိလာစေဖို့ အုပ်ချုပ်ရေးဘက်ကပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထိတွေ့ ဆက်ဆံရေးတွေများများ လုပ်ပေးစေလိုပါတယ်။

မေး။ ။မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူနည်းစုများအခွင့်အရေးအတွက် ရွေးကောက်ပွဲဝင်ရောက်မယ့်ပါတီတွေ ဒါမှမဟုတ် နောက်တက်လာမယ့်အစိုးရထံကနေ ဘယ်လို လုပ်ဆောင်ပေးချက်တွေကို လိုချင်ပါလဲ။
ဖြေ။ ။နိုင်ငံသားဖြစ်ခြင်းသည်သာပဓာနဆိုတဲ့မူဝါဒ အား ကောင်းလာစေဖို့ မြေပြင်ထိရောက်အောင် လူအမျာစုဆီ ပြန့်နှံ့အောင် လက်ရှိအစိုးရအနေနဲ့ ရောနောက်နောင် တက်လာမယ်အစိုးရအနေနဲ့ပါ ကြိုးစားပေးစေလိုပါတယ်။ လူမျိုးရေးဘာသာရေး နိုင်ငံရေးဝါဒတွေ စုံလင်ကွဲပြား ရာကနေ ပက်ကြားအက်နေတဲ့ လယ်ကွင်းအိုလိုနိုင်ငံကို မဖြစ်စေချင်ပါဘူး။ ဒီအကွဲအဟတွေကို တစ်သားတည်း ဖြစ်စေအောင် လုပ်နိုင်တာကနိုင်ငံသားဖြစ်ခြင်းသာ ပဓာနဆိုတဲ့ မူဝါဒလိုမြင်ပါတယ်။ ဘယ်ပါတီမဆို နိုင်ငံ သားသာပဓာနဆိုတဲ့မူကို ဆွဲကိုင်စေလိုပါတယ်။အမှန် တကယ် အကောင်အထည်ဖော်ခဲ့လိုရှိရင် ကျန်လို အပ်နေတဲ့ အကန့်အသတ်ခံရတဲ့ နိုင်ငံသားအခွင့်အရေး တွေရသွားမယ်လို ယူဆပါတယ်။

မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ ကို အားရပါသလား။
ဖြေ။ ။အထက်ကဆိုခဲ့သလို နိုင်ငံသား ဖြစ်ခြင်းသာပဓာနဆိုတာ ပါတီတွေအုပ်ချုပ်သူတွေ အတွက်တင် မဟုတ်ပါဘူး၊ ပြည်သူတွေ အကြားမှာပါ လိုအပ်တဲ့တစ်ခုတည်းသော Identity ပဲဖြစ်ပါတယ်။ မတူတဲ့ဝိသေသလက္ခဏာကို ရှေ့တန်းဖို့ ဗိုလ်ချုပ်အောင် ဆန်းတို့ ဆရာကြီး ဦးရာဇာတ်တို့လို ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ လမ်းမပြခဲ့ကြပါဘူး။ ကွဲပြားနေမှုကို ဘေးဖယ်ပြီးဘုံ တူညီတဲ့ဝိသေနကို ပေါ်လွင်စေဖို့ပဲမိန့်ကြားခဲ့ပါတယ်။ အုပ်ချုပ်သူတွေ အတွက်ရော ပြည်သူတွေအတွက်ပါ ဘယ်လိုနေထိုင်ရပ် တည်ရမလဲဆိုတာ အမျိုးသားခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့ပြီးသားပါ။ ဒီလမ်းစဉ်ကိုပဲ ယုံယုံကြည်ကြည် အကောင်အထည်ဖော်ပေးဖို့ လက်ခံကျင့်သုံးဖို့ပဲလိုပါတယ်။ မေးခွန်းကိုဖြေရရင် မတူကွဲပြားတဲ့ ဝိသေသတွေကို အားပေးမြင့်တင်ပေးမယ့် နိုင်ငံရေးပါတီတွေထက် တစ်သားတည်းဖြစ်ချင်းကိုအားပေးတဲ့ နိုင်ငံသား အခွင့် အရေးကို အာမခံတဲ့ပါတီကို အားပေးသင့်ပါတယ်။ လူနည်းစုမို့လို လူနည်းစုအရေးလုပ်မို့ ရွေးကောက်ပွဲ ဝင်ပြိုင်တာထက် မြန်မာနိုင်ငံသားမို့လို နိုင်ငံ့အရေး လုပ်မို့ရွေးကောက်ပွဲ ဝင်ပြိုင်ကြတာမျိုးပဲလိုလား ပါတယ်။အကွဲအဟတွေ အများကြီးအကြားမှာကိုယ် ကိုယ်တိုင်က အကွဲအဟတစ်ခု မဖြစ်စေချင်ပါဘူး။

ဦးထွန်းလွင်ဦး (တရားလွှတ်တော်ရှေ့နေ)
မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ ကို အားရပါသလား။
ဖြေ။ ။ဒီချုပ်ကိုပဲမဲပေးပါမယ်။လူနည်းစု အခွင့်အရေးကို လေးစားရန် အသိပေးတိုက်တွန်း တောင်းဆိုသွားမယ်။

မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ နိုင်ငံ သားအခွင့်အရေးတွေ၊ လူမျိုးရေးအခွင့်အရေးတွေ၊ ဘာသာရေးအခွင့်အရေးတွေ တန်းတူရရှိတယ်လို့ ခံစားရပါသလား။ မရရှိဘူလို့ဆိုရင် ဘာ့ကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ အတိုင်းအတာတစ်ခုထိ ရရှိသည်ဟု ခံစားရပါတယ်။ တန်းတူညီမျှမှုပေါ်အခြေခံသော စစ်မှန်သည့် ဖယ်ဒရယ် နိုင်ငံအဖြစ်ရပ်တည်နေလိုပါ တယ်။

မေး။ ။မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူနည်းစုများအခွင့်အရေးအတွက် ရွေးကောက်ပွဲဝင်ရောက်မယ့်ပါတီတွေ ဒါမှမဟုတ် နောက်တက်လာမယ့်အစိုးရထံကနေ ဘယ်လို လုပ်ဆောင်ပေးချက်တွေကို လိုချင်ပါလဲ။
ဖြေ။ ။လူအခွင့်အရေး အပြည့်အဝခံစား လိုပါတယ်။ နိုင်ငံသားအခွင့်အရေးလည်း အပြည့်အဝ နှင့် ရပ်တည်လိုပါတယ်။ လစ်ဘရယ်ဒီမိုက ရေစီမူပေါ် တွင်ပြတ်သားစွာရပ်တည်စေလိုပါတယ်။

မေး။ ။လူနည်းစုတွေအနေနဲ့ မိမိတို့ လူ့ အစုအဝေးကိုကိုယ်စားပြုတဲ့ ပါတီတွေ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုပါသလား၊ ဘာ့ကြောင့် ဝင်ရောက်ယှဉ်ပြိုင် သင့်မသင့်ကို ပြောပေးပါ။
ဖြေ။ ။လူနည်းစုအတွက်ပါတီရှိရပါမယ်။ ရွေးကောက်ပွဲတွင်လည်းပါဝင်စေချင်ပါတယ်။ အနိုင်ရ နိုင်တဲ့ပါတီနှင့်ပူးပေါင်းဆောင်ရွက်စေလိုပါတယ်။

ဦးကျော်စွာ (မြန်မာမွတ်စလင်အစည်းအရုံး – BMA)
မေး။ ။၂ဝ၁၅ခုနှစ်တွင် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များ ကို အားရပါသလား။
ဖြေ။ ။လုံးဝ အားမရပါ။


မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့အစိုးရအဖွဲ့ရဲ့ လက်အောက်မှာ နိုင်ငံ သားအခွင့်အရေးတွေ၊ လူမျိုးရေးအခွင့်အရေးတွေ၊ ဘာသာရေးအခွင့်အရေးတွေ တန်းတူရရှိတယ်လို့ ခံစားရပါသလား။ မရရှိဘူလို့ဆိုရင် ဘာ့ကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ တန်းတူအခွင့်အရေးများ မရရှိပါ။ အဘယ်ကြောင့်ဆိုသော် လူနည်းစုဘာသာဝင်များ အထူး သဖြင့် အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို နေရာအတော်များများတွင် ယခင်မူအတိုင်း ဆက်လက်ကျင့်သုံးနေသည့်အပြင် အချို့နေရာများတွင် ပိုမိုတင်းကြပ်ခဲ့သည်များပင် ရှိခဲ့ ပါသည်။

မေး။ ။မြန်မာနိုင်ငံတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ လူနည်းစုများအခွင့်အရေးအတွက် ရွေးကောက်ပွဲဝင်ရောက်မယ့်ပါတီတွေ ဒါမှမဟုတ် နောက်တက်လာမယ့်အစိုးရထံကနေ ဘယ်လို လုပ်ဆောင်ပေးချက်တွေကို လိုချင်ပါလဲ။
ဖြေ။ ။လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ အခြား ဘာသာဝင်များနည်းတူ စစ်မှန်တဲ့ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို လေးစားလိုက်နာပြီး နိုင်ငံသား တိုင်းတန်း တူအခွင့်အရေးကို ဦးစားပေးသင့်ပါတယ်။

မေး။ ။လူနည်းစုတွေအနေနဲ့ မိမိတို့ လူ့ အစုအဝေးကိုကိုယ်စားပြုတဲ့ ပါတီတွေ ဒါမှမဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုပါသလား၊ ဘာ့ကြောင့် ဝင်ရောက်ယှဉ်ပြိုင် သင့်မသင့်ကို ပြောပေးပါ။
ဖြေ။ ။လူနည်းစုများအနေဖြင့် မိမိတို့ အစုအဝေးမှ အရည်အချင်းပြည့်ဝသူများကို လာမည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်စေလိုပါတယ်။ ဒီမိုကရေစီအခွင့်အရေး မိမိတို့ရဲ့နိုင်ငံသား အခွင့် အရေးကို ကျင့်သုံးခြင်းဖြစ်ပါတယ်။ မိမိတို့အစုအဝေးရဲ့ လိုအပ်ချက် အခက်အခဲများကို မိမိတို့ကသာ အသိနိုင် ဆုံးဖြစ်ပါတယ်။ လွှတ်တော်တွင်းမှာ မိမိတို့အစုအဝေးရဲ့ လိုအပ်ချက်များကို တင်ပြတောင်းဆိုနိုင်ရန်ဖြစ်ပါတယ်။◾

Zawgyi

၂ဝ၂ဝေ႐ြးေကာက္ပြဲႏွင့္ ျမန္မာမြတ္စလင္ လူ႕အဖြဲ႕အစည္း၏ အခန္းက႑

ေျမးခ်စ္ညိဳ

ျပည္သူအမ်ားစုတင္ေျမႇာက္ထားသည္႕ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ကဦးေဆာင္တဲ့ အစိုးရသက္တမ္းသည္ မၾကာမီကာလတြင္ ၅ႏွစ္ျပည္႕ေျမာက္ၿပီျဖစ္၍ ေရြးေကာက္ပြဲမ်ားျပန္လည္က်င္းပျပဳလုပ္ရေတာ့မည္႕အခ်ိန္သို႔ ေရာက္ရွိလာၿပီျဖစ္ပါသည္။ ၿပီးခဲ့သည့္ ၂ဝ၁၅ခုႏွစ္က က်င္းပျပဳလုပ္သည့္ေရြးေကာက္ပြဲတြင္ ႏိုင္ငံသားအစၥလာမ္ဘာသာဝင္မ်ားသည္ လူအမ်ားစုတို့ႏွင့္ တစ္ထပ္တည္းရပ္တည္ကာ ဒီခ်ဳပ္ပါတီကို ေသာင္ၿပိဳကမ္းၿပိဳ အနိုင္ရေအာင္မဲေပးသည့္အထဲတြင္ တစ္ေထာင့္တစ္ေနရာ ကေနပါဝင္ခဲ့ၾကၿပီးျဖစ္ပါသည္။ ထိုကဲ့သို႔မဲေပးခဲ့ရျခင္းမွာလည္း ယခင္စစ္အစိုးရလက္ထက္မ်ားႏွင့္ အရပ္သားအစိုးရဟု အမည္တပ္ထားသည့္ အစိုးရေဟာင္းလက္ထက္မ်ားတြင္ ႏိုင္ငံသားအခ်င္းခ်င္းခြဲျခား ဆက္ဆံမႈမ်ား၊ တိုင္းရင္းသား အခ်င္းခ်င္းခြဲျခားဆက္ဆံခံရမႈမ်ား၊ ဘာသာေရးလူမ်ိဳးေရးခြဲျခားဆက္ဆံခံရမႈမ်ားမွ လြတ္ေျမာက္ေစရန္ ေမွ်ာ္လင့္ရည္သန္ၿပီး ဒီခ်ဳပ္အစိုးရကို မဲေပး၍တြန္းတင္ခဲ့ၾကျခင္းျဖစ္ပါသည္။ သို႔ေသာ္အာဏာရဒီခ်ဳပ္ပါတီ၏ဦးေဆာင္မႈျဖင့္အုပ္ခ်ဳပ္သည့္ အစိုးရသက္တမ္း ၅ႏွစ္တာကာလတြင္ ထိုကဲ့သို႔ ခြဲျခားဆက္ဆံမႈမ်ားမွာ ဆက္လက္တည္ရွိေနလ်က္ပင္ျဖစ္သည္။ ထို႔ေၾကာင့္ လာမည့္ ေရြးေကာက္ပြဲတြင္ ျမန္မာႏိုင္ငံသားအစၥလာမ္ဘာသာဝင္မ်ားအေနျဖင့္ မိမိတို႔၏ႏိုင္ငံသား အခြင့္အေရးမ်ား ျပည္႕ျပည္႕ဝဝရရွိရန္အတြက္ ဒီခ်ဳပ္အစိုးရကိုပဲ မဲဆက္ေပးမည္လား၊ သို႔တည္းမဟုတ္ မည္သည္႕လမ္းေၾကာင္းျဖင္႕ သြားၾကမည္လဲဆိုသည္ကို သိရွိလိုပါသျဖင့္ Friday Times Journal ကေန၍ ျမန္မာႏိုင္ငံသားအစၥလာမ္ဘာသာဝင္မ်ား၏ သေဘာထား အျမင္မ်ားေကာက္ခံၿပီး အပတ္စဥ္စုစည္းေဖာ္ျပေပးသြားမည္ျဖစ္ပါသည္။

ဦးတင္ေမာင္သန္း
(အစၥလာမ္သာသနာ့ေရးရာေကာင္စီ အေထြေထြအတြင္းေရးမွဴးခ်ဳပ္)

ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ားကို အားရပါသလား။
ေျဖ။ ။ကြၽန္ေတာ့္အေျဖကို မြတ္စလင္ အမ်ားစုကႀကိဳက္မွာမဟုတ္ဘူး၊ စိတ္အေႏွာင့္အယွက္ ျဖစ္မွာေတာင္ စိုးရိမ္ရပါတယ္။ ဒါေပမဲ့ အရွိအျမင္ အတိုင္းပဲေျဖမွာပါ။
အစိုးရရဲ႕ေဆာင္႐ြက္ခ်က္ေတြထဲမွာ ႀကိဳက္တာ ရွိသလို၊ မႀကိဳက္တာလည္းရွိပါတယ္။
NVကတ္ဆက္ၿပီးထုတ္ေပးေနတာ၊ မြတ္စလင္ေတြ နဲ႔ ထိေတြ႕ဆက္ဆံမႈ အားနည္းတာေတြကိုမႀကိဳက္ဘူး။
ရခိုင္နဲ႔ လူနည္းစုျပႆနာေတြအေပၚ ကိုင္တြယ္ ေျဖရွင္းတာေတြမွာ အားနည္းခ်က္လိုအပ္ခ်က္အမ်ား ႀကီး ရွိေနပါေသးတယ္။
ဒါေပမဲ့လည္း ေျပာင္းလဲသင့္တာ အားလုံးကို ဒီသက္တမ္း(၅)ႏွစ္ေလာက္နဲ႔ ေျပာင္းလဲဖို႔ဆိုတာ လက္ ေတြ႕မျဖစ္ႏိုင္ပါဘူး။ အေမရိကန္သမၼတေတြကို လာ လုပ္ခိုင္းေတာင္ မရႏိုင္ပါဘူး။ ႀကိဳက္တာ ေတြကေတာ့ အမုန္းစကားေျပာဆိုေနတာ ရပ္တန႔္ဖို႔၊ အၾကမ္းဖက္မႈ ေတြကို ထပ္တိုးမလာ ဖို႔ေဆာင္႐ြက္တာေတြ၊ ျပႆနာ ဖန္တီးသူေတြကို အားမေပးတာ၊ အေရးယူတာေတြကို ႀကိဳက္ပါတယ္။
အရင္အစိုးရေတြတုန္းက ဒါေတြကိုမဟန႔္တား႐ုံမက အားေပးေထာက္ပံ့မႈေတြလုပ္ခဲ့တယ္၊ အမုန္းစကားေျပာတာေတြ၊ ပိုစတာေတြကိုင္ၿပီးေတာ့ လူအမ်ားျမင္ကြင္းမွာ အစၥလာမ္ဘာသာကို ေစာ္ကားတာေတြ ေန႔စဥ္ ရက္ဆက္ လုပ္ခဲ့ၾကတယ္၊ မြတ္စလင္ေတြအေပၚ ေပၚေပၚထင္ အၾကမ္းဖက္တာေတြကို ဟန႔္တာအေရး ယူဖို႔ ပ်က္ကြက္တာေတြရွိခဲ့တယ္။
ဒါ့ထက္ဆိုးတာကတရားခံေတြကိုအားေပးေထာက္ပံ့ တာေတြကိုပါ လုပ္ခဲ့ၾကတယ္။ ဘယ္ေလာက္အထိ ဆိုး လည္းဆို ႏိုင္ငံေတာ္က အသိအမွတ္ျပဳထားတဲ့ ဘာသာ ႀကီးတစ္ခုကို ”သားေဖါက္ႏႈန္းျမန္…တိရစၧာန္ဝါဒ ဆန႔္က်င္ၾက” ဆိုတဲ့ ပိုစတာမ်ားနဲ႔ အျခားေစာ္ကားမႈမ်ိဳးစုံ ပါတဲ့ပိုစတာေတြကိုင္ၿပီး ေစာ္ကားတာေတြ၊ စာအုပ္ စာေစာင္မ်ားထုတ္ၿပီးေစာ္ကား လႈံ႔ေဆာ္တာေတြကို ဟန႔္တားအေရးယူ မႈေတြမလုပ္ခဲ့ဘူး။
မိတၳီလာနဲ႔ ရခိုင္ျပည္နယ္အပါအဝင္ ေနရာအေတာ္ မ်ားမ်ားမွာ လူနည္းစုေတြကို အၾကမ္းဖက္တိုက္ခိုက္ တာေတြ၊ ညႇဥ္းပန္းႏွိပ္စက္သတ္ျဖတ္တာေတြ မီး႐ႈိ႕တာ ေတြကိုလုံေလာက္တဲ့ဟန႔္တားအေရးယူမႈေတြ မလုပ္ခဲ့ဘူး။ မိတၳီလာမွာဆိုရင္ မြတ္စလင္ လူနည္းစုေတြရဲ႕ အိမ္ေတြ၊ ဆိုင္ေတြကို လုယက္မီး႐ႈိ႕ဖ်က္ဆီးတာေတြ အၿပီးသိမ္းယူ လိုက္တာေတြ၊ သာသနိကအေဆာက္အအုံေတြကို မီး႐ႈိ႕ဖ်က္ဆီးတာကိုမဟန႔္တားတဲ့အျပင္ ဘာသာေရး အေဆာက္အအုံေတြကိုပါ ပိတ္ပစ္ခဲ့တာေတြကို အစိုးရ ကိုယ္တိုင္က်ဴးလြန္ခဲ့ၾကတယ္။
”မြတ္စလင္ေတြကို ေခါင္းမေဖာ္ဝံ့ေအာင္လုပ္ရ မယ္။ ရခိုင္ေဒသကို အစၥေရးေတြက ပါလက္စတိုင္း ေတြကို လုပ္သလိုလုပ္ပစ္ရမယ္” စတဲ့ အမုန္းတရား လႈံ႕ေဆာ္ဖန္တီးသူေတြကို အေရးယူတာ ေတြမလုပ္တဲ့အျပင္ အားေပးခ်ီးေျမႇာက္မႈေတြပါလုပ္ခဲ့ၾကတယ္။
အခုအစိုးရက ဒါေတြမလုပ္တဲ့အျပင္ အေရးယူခဲ့ တာေတြေတာင္ ရွိခဲ့တယ္။ အတိုခ်ဳံ႕ေျပာရရင္ အရင္အစိုးရက ဘာသာေရးမုန္း တီးေရးလႈံ႕ေဆာ္သူေတြ အၾကမ္းဖက္သူေတြကို အားေပးခဲ့ တယ္ ဘာသာေရးကို ႏိုင္ငံေရးအာဏာအေရးအတြက္ အသုံးခ်ခဲ့တယ္။
အခုအစိုးရက ဒါေတြမလုပ္ဘူး။ဒါကိုအသိအမွတ္ မျပဳပါတယ္၊ ဒါေပမဲ့မလုံေလာက္ေသးဖူး။ ဒီထက္ပို လုပ္ဖို႔လို ပါေသးတယ္။

ေမး။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ႕ လက္ေအာက္မွာႏိုင္ငံ သားအခြင့္အေရးေတြ၊ လူမ်ိဳးေရးအခြင့္အေရးေတြ၊ ဘာသာေရးအခြင့္အေရးေတြ တန္းတူရရွိတယ္လို႔ ခံစားရပါသလား။ မရရွိဘူလို႔ဆိုရင္ ဘာေၾကာင့္လို႔ ထင္ပါသလဲ။
ေျဖ ။ ။ မရရွိေသးပါဘူး၊ အထက္မွာေျပာခဲ့သလို အမ်ားႀကီးလိုပါေသးတယ္။ အေၾကာင္းတရားက အစိုးရရဲ႕ စြမ္းေဆာင္မႈအား နည္းတာေတြ၊ ဘာသာေရးကို အာဏာအေရးအတြက္အသုံးခ်သူေတြရဲ႕ အႏၲရာယ္နဲ႔ ဖိအားေတြ ႀကီးမားစြာရွိေနတာေတြ၊ စစ္ဘက္နဲ႔ အာဏာခြဲေဝးယူထားရၿပီး ျပည့္ဝတဲ့ အာဏာဆက္မရွိတာေတြေၾကာင့္လို႔ ထင္ပါတယ္။

ေမး။ ။ျမန္မာႏိုင္ငံတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ လူနည္းစုမ်ားအခြင့္အေရးအတြက္ ေရြးေကာက္ပြဲ ဝင္ေရာက္မယ့္ပါတီေတြ ဒါမွမဟုတ္ ေနာက္တက္လာမယ့္အစိုးရထံကေန ဘယ္လိုလုပ္ ေဆာင္ေပးခ်က္ေတြကို လိုခ်င္ပါလဲ။
ေျဖ။ ။႐ိုဟင္ဂ်ာျပႆနာကို ကာယကံရွင္ေခါင္းေဆာင္ ေတြညႇိႏႈိင္းၿပီး ႏိုင္ငံတကာနဲ႔ ပူးေပါင္းေျဖရွင္း ေဆာင္႐ြက္ ေစခ်င္တယ္။
မြတ္စလင္လူနည္းစုေတြကို ႏိုင္ငံေရးအပါအဝင္ က႑ေပါင္းစုံက ဖယ္ၾကဥ္ေနတာေတြ၊ ခြဲျခားဆက္ဆံ ေနတာကို ရပ္တန႔္ေအာင္လုပ္ရမယ္။ ဘာသာလူမ်ိဳး အေပၚအေျခမခံဘဲ အရည္အခ်င္းအလိုက္ ပါဝင္ခြင့္ျပဳ ေစခ်င္တယ္။
အမုန္းတရားလႈံ႕ေဆာ္ဖန္တီးသူေတြကို ဆက္ၿပီး ျပတ္ျပတ္သားသား အေရးယူတားဆီး ေပးသင့္တယ္။
ဘာသာေရးအေဆာက္အအုံေတြပိတ္သိမ္းထားတာ ေတြကိုျပန္လည္ ဖြင့္လွစ္ခြင့္၊ ပိုင္ဆိုင္ခြင့္၊ ျပဳျပင္ခြင့္၊ တည္ေဆာက္ခြင့္ေတြနဲ႔ ႏိုင္ငံသား စိစစ္ေရးလုပ္ငန္းေတြ ကို တန္းတူစစ္ေဆး ထုတ္ေပးျခင္းမ်ား အပါအဝင္ ႏိုင္ငံ သားခ်င္း တန္းတူညီမွ်ျဖစ္ဖို႔၊ ခြဲျခားမႈပေပ်ာက္ဖို႔ မျဖစ္ မေနအားစိုက္ေဆာင္႐ြက္ေစခ်င္တယ္။

ေမး။ ။လူနည္းစုေတြအေနနဲ႔ မိမိတို႔ လူ႔ အစုအေဝးကိုကိုယ္စားျပဳတဲ့ ပါတီေတြ ဒါမွမဟုတ္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လာမယ့္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ေစလိုပါသလား၊ ဘာေၾကာင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ သင့္၊ မသင့္ကို ေျပာေပးပါ။
ေျဖ ။ ။ ႏိုင္ငံေရးပါတီမ်ားေရာ အရပ္ဘက္ အဖြဲ႕အစည္းမ်ား အားေကာင္းလာေအာင္လုပ္သင့္သလို လူနည္းစုပါတီနဲ႔ အာဏာရပါတီကပါ လႊတ္ေတာ္ ကိုယ္စားလွယ္ ျဖစ္ေအာင္ႀကိဳးစားသင့္တယ္။ အထူးသျဖင့္ လူထုေထာက္ခံမႈ အမ်ားဆုံးပါတီကေန ဝင္ေရာက္ အေ႐ြးခံႏိုင္ေအာင္ ႀကိဳးစားသင့္တယ္။ သက္ဆိုင္ရာပါတီက လက္ခံလာေအာင္ ႏိုင္ငံေရးသမား ကာယကံရွင္ေတြ ကိုယ္တိုင္ႀကိဳးစားရမယ္။ ဒီေ႐ြးေကာက္ပြဲမွာ ပါတီဘက္ ကလည္း လက္ခံမယ္လို႔ထင္ပါတယ္။ ကိုျမေအး၊ ေဒၚဝင္း ျမျမ၊ ကိုၾကည္လင္၊ ကိုထြန္းၾကည္၊ ကိုစည္သူေမာင္တို႔ ႀကိဳးစားၾကမယ္ ဆိုရင္ရႏိုင္ပါတယ္။ ပါတီက လက္မခံ ခဲ့ရင္ေတာ့ အခ်ိဳ႕ပုဂၢိဳလ္မ်ား တစ္သီးပုဂၢလဝင္ၿပိဳင္သင့္ ပါတယ္။ ဥပမာ- ကိုျမေအးပါတီက လက္သင့္မခံရင္ ပန္းဘဲတန္းက တစ္သီးပုဂၢအေနနဲ႔ ဝင္ၿပိဳင္သင့္ပါတယ္။ အမ်ားလက္ခံတဲ့ အျခားပုဂၢိဳလ္မ်ားလည္း အျခားအမာခံ မဲဆႏၵနယ္ေျမရွိရင္ တစ္သီးပုဂၢလ ဝင္ၿပိဳင္ႏိုင္ပါတယ္။ ဒါေပမဲ့ အမ်ားလက္ခံႏိုင္ေျခရွိတဲ့ ပုဂၢိဳလ္ေတြကိုယ္တိုင္ ႀကိဳးစားၾကဖို႔အေရးႀကီးပါတယ္။ ဟိုလူ႔လႊဲခ်၊ ဒီလူ႔လႊဲခ် မလုပ္ဘဲ ကိုယ္တိုင္ဝင္အေ႐ြးခံမွသာ လက္ေတြ႕ေအာင္ ျမင္ႏိုင္မွာပါ။ ႏိုင္ငံေရးၾသဇာမရွိတဲ့ လူတစ္ရာအတြက္ ႀကိဳးစားတာထက္ ႏိုင္ငံေရးၾသဇာရွိတဲ့ ပုဂၢိဳလ္အခ်ိဳ႕ အတြက္သာ အားစိုက္ၿပီး က်စ္က်စ္လ်စ္လ်စ္ ေဆာင္႐ြက္ ရင္ အဆင္ေျပႏိုင္ပါတယ္။


ဦးစန္းေအာင္
( ကုရ္အာန္အသိပညာျပန္႔ပြားေရးအဖြဲ႕- SEQK )

ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား ကို အားရပါသလား။
ေျဖ။ ။ေမးခြန္းေတြမေျဖဆိုခင္ ပဏာမ ေဆြးေႏြးလိုတဲ့အခ်က္ေတြက . . .
(၁၉၉ဝ)ေရြးေကာက္ပြဲတြင္လည္းေကာင္း၊ (၂ဝ၁၅) ေရြးေကာက္ပြဲတြင္လည္းေကာင္း ျမန္မာမြတ္စလင္ လူနည္းစု (Religious bused minority community) က NLDပါတီကို အုတ္ေအာ္ေသာင္းတင္း မဲေပးခဲ့ပါတယ္။ ႏိုင္ငံေရးအေျခအေနအရ အဲဒီကာလႏွစ္ခုမွာ NLDပါတီကို မဲေပးခဲ့ျခင္းသည္ လံုးဝမွားယြင္းမႈ မရွိပါဘူး။ လိုအပ္ခ်က္အရ မဲေပးခဲ့ျခင္းသာျဖစ္တယ္။ သို႔ေသာ္ လာမယ့္(၂ဝ၂ဝ)ျပည့္ႏွစ္အေထြေထြေရြးေကာက္ပြဲမွာ NLDပါတီအေနနဲ႔ျဖစ္ေစ၊ အျခားမည္သည့္ပါတီျဖစ္ေစ မြတ္စလင္တို႔ရဲ႕မဲျပားကိုလိုခ်င္ရင္္ ေအာက္ပါေမးခြန္း (၂) ခ်က္ကိုေတာ့ အေျဖေပးဖို႔လိုအပ္တယ္လို႔ ယူဆမိပါတယ္။
(၁)ျမန္မာႏိုင္ငံသားမြတ္စလင္တို႔၏ ႏိုင္ငံသား (Citizenship) ျဖစ္ခြင့္ႏွင့္ပတ္သက္၍ အဟန္႔အတားျဖစ္ ေနျခင္း၊ အခ်ိန္ဆြဲေလးဖင့္ေနျခင္းစတဲ့ အကန္႔အသတ္ မ်ားကို မည္ကဲ့သို႔ေျဖရွင္းေဆာင္ရြက္ေပးမလဲ။
(၂) အစၥလာမ္ဘာသာဝင္ႏိုင္ငံသားမ်ား ဘာသာ ေရးယံုၾကည္ခ်က္ေၾကာင့္ ခြဲျခားဆက္ဆံခံေနရျခင္း (Discrimination on the busis of Religious belief) ကို မည္ကဲ့သို႔အာမခံခ်က္ေပးၿပီး ကုစားေျဖရွင္းေပးမွာလဲ ဆိုတာပါ။
အစၥလာမ္ဘာသာဝင္ မြတ္စလင္တို႔အေနနဲ႔ လာမယ့္(၂ဝ၂ဝ) အေထြေထြေရြးေကာက္ပြဲတြင္ ယခင္ ေရြးေကာက္ပြဲမ်ားမွာထက္ မိမိတို႔၏မဲျပားကို မိမိတို႔ကိုယ္ တိုင္ ပိုမိုတန္ဖိုးထားလာၾကမည္ျဖစ္သလို တစ္ဖက္က မဲရယူလိုက္မယ့္ပါတီ (သိုမဟုတ္) တစ္သီးပုဂၢလအမတ္ ေလာင္းမ်ားကလည္း မိမိတို႔၏မဲျပားအေပၚ တန္ဖိုးထား လာေစခ်င္ေနၾကၿပီျဖစ္ပါတယ္။ လက္ရွိအေနအထားမွာ (၂ဝ၂ဝ)ေရြးေကာက္ပြဲတြင္ အစၥလာမ္ဘာသာေရးဆိုင္ရာ လူနည္းစုေတြက ၿပီးခဲ့တဲ့ ႏိုင္ငံေရးသက္တမ္းရဲ႕အေတြ႔ အႀကံဳေတြအရ ယံုယံုၾကည္ၾကည္မဲေပးဖို႔ အားနည္းလ်က္ ရွိပါတယ္။
(၂ဝ၁၅) ခုႏွစ္တြင္ ေရြးေကာက္ပြဲအနိုင္ရခဲ့ေသာ NLDဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္ မ်ားသည္ တစ္ႏိုင္ငံလံုးအတိုင္းအတာအရ အားရေက်နပ္ မႈမရွိခဲ့ၾကပါ။ အဘယ္ေၾကာင့္ဆိုေသာ္ မိမိတို႔ကိုေရြး ေကာက္ပြဲမတိုင္မီကေပးထားေသာ ကတိကဝတ္ျဖစ္သည့္ (၂ဝဝ၈) ဖြဲ႔စည္းပံုအေျခခံဥပေဒကိုျပင္ဆင္ရန္ မစြမ္း ေဆာင္ႏိုင္ျခင္းေၾကာင့္ျဖစ္သည္။ တစ္ဖက္ကလည္း စီးပြား ေရးအက်ပ္အတည္းမ်ားေၾကာင့္ ျပည္သူတို႔၏ စားဝတ္ ေနေရးကိုထိခိုက္လာရမႈမ်ားရွိေနတယ္။

ေမး။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ႕ လက္ေအာက္မွာ ႏိုင္ငံ သားအခြင့္အေရးေတြ၊ လူမ်ိဳးေရးအခြင့္အေရးေတြ၊ ဘာသာေရးအခြင့္အေရးေတြ တန္းတူရရွိတယ္လို႔ ခံစားရပါသလား။ မရရွိဘူးလို႔ဆိုရင္ ဘာေၾကာင့္လို႔ ထင္ပါသလဲ။
ေျဖ။ ။NLDပါတီအစိုးရအဖြဲ႔၏ လက္ ေအာက္တြင္ ႏိုင္ငံသားအခြင့္အေရး၊ လူမ်ိဳးေရးဆိုင္ရာ အခြင့္အေရး၊ ဘာသာေရးဆိုင္ရာအခြင့္အေရးမ်ား တန္းတူရည္တူမရရွိဘူးလို႔ ခံစားမိပါတယ္။
အဲဒီလိုမရရွိျခင္းက NLDပါတီအေနနဲ႔ အရင္ အစိုးရမ်ားထက္ပင္ အထူးသျဖင့္မြတ္စလင္လူ႔အစုအဖြဲ႔နဲ႔ ထိေတြ႔မႈနည္းျခင္း၊ မြတ္စလင္လူ႔အဖြဲ႔ အစည္းႏွင့္ နီးနီး ကပ္ကပ္ဆက္ဆံမယ္ဆိုရင္ တစ္ဖက္က အစြန္းေရာက္ အမ်ိဳးသားေရးဝါဒီ (Radical nationalist)မ်ားရဲ႕ အထင္ လြဲစြပ္စြဲမႈမ်ား ခံရမည္ ကိုစိုးရိမ္ျခင္း၊ ဒီမိုကေရစီရဲ႕ အေျခခံ အုတ္ျမစ္ျဖစ္တဲ့ Pluralism (မတူစံုလင္ကြဲျပားေသာ ပေဒသာစံုယဥ္ေက်းမႈ) စနစ္ကို အေလးမေပးတဲ့အေပၚ လႊတ္ေတာ္အတြင္းမွာ မြတ္စလင္ အမတ္မရွိျခင္း၊ ဟိႏၵဴ ဘာသာဝင္လႊတ္ေတာ္ အမတ္မရွိျခင္း၊ လႊတ္ေတာ္အတြင္း လူနည္းစု ဘာသာဝင္တို႔ရဲ႕ အေရးကိစၥေဆြးေႏြးမႈ ေတြ အသံတိတ္ေပ်ာက္ကြယ္ေနျခင္းက ရလဒ္ေတြပဲျဖစ္ ပါတယ္။

ေမး။ ။ျမန္မာႏိုင္ငံတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ လူနည္းစုမ်ားအခြင့္အေရးအတြက္ ေရြးေကာက္ပြဲဝင္ေရာက္မယ့္ပါတီေတြ ဒါမွမဟုတ္ ေနာက္တက္လာမယ့္အစိုးရထံကေန ဘယ္လို လုပ္ေဆာင္ေပးခ်က္ေတြကို လိုခ်င္ပါလဲ။
ေျဖ။ ။ျမန္မာႏိုင္ငံအတြင္းမွီတင္းေနထိုင္ ၾကတဲ့ လူနည္းစုအခြင့္အေရးအတြက္ ေရြးေကာက္ပြဲ ဝင္ေရာက္မယ့္ပါတီ ေတြျဖစ္ျဖစ္၊ ေနာင္တက္လာမယ့္ အစိုးရအဖြဲ႕ျဖစ္ျဖစ္၊ မိမိကိုမဲေပးလိုက္တဲ့ ျပည္သူေတြရဲ႕ ႏိုင္ငံသားျဖစ္မႈ (Citizenship)နဲ႔ ဘာသာေရး ယံုၾကည္ခ်က္ေၾကာင့္ ခြဲျခား ဆက္ဆံခံေနရတာေတြ (Discrimination on the basis of Religious belief)ကို အာမခံခ်က္ေပးၿပီး ကုစား ေျဖရွင္းေပးေစလိုပါတယ္။

ေမး။ ။လူနည္းစုေတြအေနနဲ႔ မိမိတို႔ လူ႔အစုအေဝးကိုကိုယ္စားျပဳတဲ့ ပါတီေတြ ဒါမွ မဟုတ္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ ေတြကို လာမယ့္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ ၿပိဳင္ေစလိုပါသလား၊ ဘာေၾကာင့္ ဝင္ေရာက္ယွဥ္ ၿပိဳင္သင့္၊ မသင့္ကို ေျပာေပးပါ။
ေျဖ။ ။လူနည္းစုတိုင္းရင္းသားေတြ၊ ဘာသာ ေရးဆိုင္ရာလူနည္းစုမ်ားအေနနဲ႔ မိမိတို႔လူ႔အစုအဖြဲ႔ကို ကိုယ္စားျပဳတဲ့ပါတီေတြ၊ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္ စားလွယ္ေတြအေနနဲ႔ လာမယ့္၂ဝ၂ဝအေထြေထြေရြး ေကာက္ပြဲတြင္ ဝင္ေရာက္အေရြးခံျခင္းကိုအျပဳသေဘာ အျဖစ္လက္ခံအားေပးပါတယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္မွာ အထူးသျဖင့္ဘာသာေရး ယံုၾကည္ခ်က္ဆိုင္ရာလူနည္းစုတို႔ရဲ႕ အေရးကိစၥေတြကို သက္ဆိုင္ရာတာဝန္ရွိသူတို႔က အေရးတယူေဆြးေႏြးျခင္း၊ ထင္သာျမင္သာရွိစြာ ေဆာင္ရြက္ ေပးျခင္းမ်ားက မေတြ႔ရ သေလာက္ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္အတြင္း မိမိအစုအဖြဲ႔ရဲ႕အေရးကိစၥကို မိမိတို႔ကိုယ္တိုင္ ေတာင္းဆို ေဆြးေႏြးေျဖ႐ွင္းျခင္းကသာ အေကာင္းဆံုးပင္ျဖစ္မယ္ လို႔ ယုံၾကည္ပါတယ္။

 

ဦးထင္ေက်ာ္
(ျမန္မာမြတ္စလင္အေရး တက္ၾကြလႈပ္ရွားသူ)
ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား ကို အားရပါသလား။
ေျဖ။ ။အားရပါတယ္။ေက်နပ္ပါတယ္။ ဒါေပမယ့္ ဘာသာသာသနာေရးကိစၥ လူမ်ဳိးေရးကိစၥေတြ မွာေတာ့ ယခင္အစိုးရလက္ထက္အတိုင္း မထူးမျခားနား ပါဘဲ။ အတူတူပါဘဲ။ အျခားဟာသတြဲေျပာရလွ်င္ ယခင္ အစိုးရလက္ထက္က တစ္ရာဖိုးကားႏွစ္စီးအျဖစ္ ေအာက္ ေျခလူတန္းစားက ကားဝယ္စီးႏိုင္ေပမယ့္ အခုအစိုးရ လက္ထက္မွာ ကားတစ္စီး တစ္ရာ့ငါးဆယ္ျဖစ္ေနပါ တယ္။ လမ္းေတြေတာ့ေကာင္းလာတာေပါ့။ ပိုရွင္းရွင္း လင္းလင္းျမင္ေစခ်င္ေတာ့ ယေန႔အစိုးရရဲ ့ ႏိုင္ငံေရး စီးပြားေရး အုပ္ခ်ဳပ္ေရးေတြက အိႏၵိယႏိုင္ငံရဲ ့ ႏိုင္ငံေရးရုပ္ရွင္ဇတ္ကားေတြနဲ ့့တစ္ထပ္တည္းက်ေနပါ တယ္။

ေမး။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ႕ လက္ေအာက္မွာ ႏိုင္ငံ သားအခြင့္အေရးေတြ၊ လူမ်ိဳးေရးအခြင့္အေရးေတြ၊ ဘာသာေရးအခြင့္အေရးေတြ တန္းတူရရွိတယ္လို႔ ခံစားရပါသလား။ မရရွိဘူလို႔ဆိုရင္ ဘာ့ေၾကာင့္လို႔ ထင္ပါသလဲ။
ေျဖ။ ။တန္းတူအခြင့္အေရးမခံစားရ ပါဘူး။ တန္းတူမရရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို့က အစၥလာမ္သာသနာဝင္ေတြ ျဖစ္ေနၾကလို ့ပါဘဲ။ ယခင္အစိုးရလက္ထက္မွာ အစိုးရနဲ ့ ျပည္သူၾကား မွာ ကြၽန္ေတာ္တို႔ညႇပ္ပိတ္မိေနတယ္။ ယခုအစိုးရလက္ ထက္မွာ ကြၽန္ေတာ္တို႔က အစိုးရ၊ တပ္မေတာ္၊ ျပည္သူ သံုးပြင့္ဆိုင္ၾကားမွာ တံစားခံ မျဖစ္ေအာင္ အေနအထိုင္ အထူးသတိထားေနရသည့္ ဘဝအေျခအေနျဖစ္ေန ပါတယ္။
ကြၽန္ေတာ္တို ့ေစာင့္ၾကည့္ေနပါတယ္။ဘာလုပ္ရ မည္လည္း အေကာင္းဆံုးျပင္ဆက္ထားပါတယ္။ အဓိကကေတာ့ ျငိမ္းခ်မ္းခ်င္တာေပါ့ဗ်ာ။

ေမး။ ။ျမန္မာႏိုင္ငံတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ လူနည္းစုမ်ားအခြင့္အေရးအတြက္ ေရြးေကာက္ပြဲဝင္ေရာက္မယ့္ပါတီေတြ ဒါမွမဟုတ္ ေနာက္တက္လာမယ့္အစိုးရထံကေန ဘယ္လို လုပ္ေဆာင္ေပးခ်က္ေတြကို လိုခ်င္ပါလဲ။
ေျဖ။ ။ေနာင္တတ္လာမည့္ အစိုးရက ဖြဲ ့စည္းပံုအေျခခံဥပေဒနဲ႔အညီ အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြတ္ေစလိုပါတယ္။ ႏုတ္မိန္႔နဲ႔ပိတ္ဆို႔ထားတဲ့ အုပ္ခ်ဳပ္မႈေတြ လူတန္းသားခြဲျခားထားမႈေတြ မရွိေစခ်င္ ေတာ့ပါဘူး။ ကြၽန္ေတာ္တို ့ေမွ်ာ္လင့္ပါတယ္။

ေမး။ ။လူနည္းစုေတြအေနနဲ႔ မိမိတို႔ လူ႔ အစုအေဝးကိုကိုယ္စားျပဳတဲ့ ပါတီေတြ ဒါမွမဟုတ္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လာမယ့္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ေစလိုပါသလား၊ ဘာ့ေၾကာင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ သင့္မသင့္ကို ေျပာေပးပါ။
ေျဖ။ ။ပါတီစံု ဒီမိုကေရစီစံနစ္မွာ လူတစ္ေယာက္၊ လူအုပ္စုလိုက္အစုအဖြဲ႕အစည္း ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္ေတြ ကို ကြၽန္ေတာ္တို ့တားပိုင္ခြင့္မရွိပါဘူး။ မည္သို႔မွ မွတ္ခ်က္မေပးပါဘူး။

ဦးမင္းမ်ိဳးဝင္း(ရန္ကုန္တကၠသိုလ္)
ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား ကို အားရပါသလား။
ေျဖ။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္ တဲ့ အစိုးရအဖြဲ႕ရဲ႕ ေဆာင္ရြက္ခ်က္ေတြကို အားရပါ သလားဆိုတာနဲ႔ပတ္သက္လို႔ေျပာရရင္ေတာ့ အားရျခင္း၊ အားမရျခင္းဆိုတာထက္ အႏိုင္ရပါတီက ဦးေဆာင္ ဖြဲ႕စည္းထားတဲ့ လက္ရွိအရပ္သားအစိုးရအေနနဲ႔ လူထု ေရြးခ်ယ္တင္ေျမာက္လိုက္တဲ့ အရပ္သားစစ္စစ္ အစိုးရတစ္ရပ္အျဖစ္ရပ္တည္ၿပီး စီမံအုပ္ခ်ဳပ္ခြင့္ ရေနၿပီလား၊ အုပ္ခ်ဳပ္မႈအာဏာအျပည့္အဝရွိတဲ့ အစိုးရ လားဆိုတာကို ပထမဆုံးထည့္သြင္းစဥ္းစားရမွာ ျဖစ္တယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့ အစိုးရရဲ႕ခံယူခ်က္၊ ရည္ရြယ္ခ်က္၊ ဦးတည္ခ်က္ေတြ အတိုင္းအုပ္ခ်ဳပ္ႏိုင္ေနၿပီလား။ အစိုးရအဖြဲ႕ ေဖာ္ေဆာင္ လိုတဲ့အုပ္ခ်ဳပ္မႈပုံစံအတိုင္း က်င့္သုံးအုပ္ခ်ဳပ္ႏိုင္ေနၿပီ လား။ ေရြးေကာက္ပြဲကာလက ေပးထားတဲ့ ကတိကဝတ္ ေတြအတိုင္း စီမံၿပီးလက္ေတြ႕ အေကာင္အထည္ေဖာ္ႏိုင္ ေနၿပီလား။ အစိုးရအဖြဲ႕ရဲ႕စိတ္ရင္းေစတနာအတိုင္း အေကာင္ အထည္ေဖာ္ေလွ်ာက္လွမ္းႏိုင္ၿပီလားဆိုတာကို ထည့္သြင္းစဥ္းစားေပးရမွာျဖစ္တယ္။
ဖြဲ႕စည္းပုံအက်ပ္အတည္းနဲ႔ ခ်ဳပ္ေႏွာင္ထားမႈေတြကို မေက်ာ္လြန္နိုင္ေသးသေရြ႕ေတာ့ လူထုေမွ်ာ္လင့္ထားတဲ့ အတိုင္း အျပည့္အဝ ေက်နပ္အားရၾကလိမ့္မယ္ မဟုတ္ဘူးလို႔ေတာ့ ျမင္ပါတယ္။

ေမး။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ႕ လက္ေအာက္မွာ ႏိုင္ငံ သားအခြင့္အေရးေတြ၊ လူမ်ိဳးေရးအခြင့္အေရးေတြ၊ ဘာသာေရးအခြင့္အေရးေတြ တန္းတူရရွိတယ္လို႔ ခံစားရပါသလား။ မရရွိဘူလို႔ဆိုရင္ ဘာ့ေၾကာင့္လို႔ ထင္ပါသလဲ။
ေျဖ။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ့ လက္ေအာက္မွာ ႏိုင္ငံသား အခြင့္အေရး၊ လူမ်ိဳးေရးအခြင့္အေရး၊ ဘာသာေရးအခြင့္ အေရးေတြတန္းတူရရွိဖို႔ဆိုတာ စစ္မွန္တဲ့ဖက္ဒရယ္ ဒီမိုကေရစီစနစ္ကို အေကာင္အထည္ေဖာ္ေဆာင္ရမယ္။ ပင္လုံစိတ္ဓာတ္နဲ႔ ပင္လုံကတိကဝတ္ေတြကို စိတ္ရင္း ေစတနာမွန္နဲ႔ ေလးစားတန္ဖိုးထားၿပီးေတာ့ လူမ်ိဳးႀကီး ဝါဒအ၊ ေျခမခံဘဲ၊ ျပည္ေထာင္စုစနစ္ကိုအေျခခံၿပီး တိုင္းျပည္ကို ျပန္လည္တည္ေဆာက္ရမယ္။ အဓိက အေရးႀကီးဆုံးလုပ္ဖို႔ လိုအပ္တာကေတာ့ ဖက္ဒရယ္ ဒီမိုကေရစီစံႏႈန္းတန္ဘိုးေတြနဲ႔ ကိုက္ညီဆီေလ်ာ္တဲ့ ဖြဲ႕စည္း ပုံျဖစ္ဖို႔ လက္ရွိဖြဲ႕စည္းပုံကို လူထုဆႏၵနဲ႔အညီ ျပင္ဆင္၊ အသစ္ေရးဆြဲဖို႔လိုအပ္တယ္။

ေမး။ ။ျမန္မာႏိုင္ငံတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ လူနည္းစုမ်ားအခြင့္အေရးအတြက္ ေရြးေကာက္ပြဲ ဝင္ေရာက္မယ့္ပါတီေတြ ဒါမွမဟုတ္ ေနာက္တက္လာမယ့္အစိုးရထံကေန ဘယ္လို လုပ္ေဆာင္ေပးခ်က္ေတြကို လိုခ်င္ပါလဲ။
ေျဖ။ ။ ဒီမိုကေရစီလို႔ဆိုလိုက္တာနဲ႔ တရား မွ်တျခင္း၊ တန္းတူညီမွ်ျခင္းဆိုတာ အႏွစ္သာရျဖစ္တဲ့ အတြက္ လူနည္းစုေတြရဲ႕အခြင့္အေရးတို႔၊ လူမ်ားစု အခြင့္ အေရးတို႔ ခြဲျခားၿပီးဆက္ဆံေနတာကိုက ဒီမိုကေရစီ မဟုတ္ဘူးလို႔ျမင္ပါတယ္။ ဒီမိုကေရစီဆိုတာ ဝါဒ၊ လမ္း စဥ္တစ္ခုလို႔ေျပာတာထက္ က်င့္စဥ္တစ္ရပ္လို႔ေျပာခ်င္ တယ္။ ဒီမိုကေရစီကို အမွန္တကယ္ယုံၾကည္လို႔ တက္လာမယ့္ အစိုးရမွန္သမွ်ဒီမိုကေရစီက်င့္စဥ္ေတြကို က်င့္ႀကံအားထုတ္ေလးစားလိုက္နာမွသာ ကိုယ္က်ိဳး စီးပြားကင္းၿပီး အခြင့္အေရးတန္းတူညီမွ်မွာျဖစ္တယ္။

ေမး။ ။လူနည္းစုေတြအေနနဲ႔ မိမိတို႔ လူ႔ အစုအေဝးကိုကိုယ္စားျပဳတဲ့ ပါတီေတြ ဒါမွမဟုတ္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လာမယ့္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ေစလိုပါသလား၊ ဘာ့ေၾကာင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ သင့္မသင့္ကို ေျပာေပးပါ။
ေျဖ ။ ။အာဏာရွင္စနစ္အၿပီးတိုင္ ခ်ဳပ္ၿငိမ္း ၿပီး စစ္မွန္တဲ့ ဒီမိုကေရစီစနစ္ကို ေျပာင္းလဲေဖာ္ေဆာင္ ေနတဲ့အခ်ိန္မွာ ဖက္ဒရယ္ဒီမိုကေရစီကို ေဖာ္ေဆာင္မယ့္ ဒီမိုကရက္တစ္ေတြ အစိုးရဖြဲ႕ႏိုင္ဖို႔ စည္းစည္လုံးလုံး ညီညီညြတ္ညြတ္နဲ႔ပူးေပါင္းၿပီး အင္နဲ႔အားနဲ႔ ဝိုင္းတြန္းေပး ၾကဖို႔ အေရးတႀကီးလိုအပ္တယ္။ တိုင္းရင္းသားျပည္နယ္ ေတြမွာေတာ့ တိုင္းရင္းသားပါတီေတြ အားေကာင္း ေမာင္းသန္ ဝင္ေရာက္ယွဥ္ၿပိဳင္အႏိုင္ရဖို႔နဲ႔ ဒီမိုကရက္ တစ္ေတြနဲ႔ ပူးေပါင္းၿပီး ဖက္ဒရယ္ဒီမိုကေရစီကို ပံ့ပိုးႏိုင္ဖို႔ အစိုးရအဖြဲ႕မွာ ပါဝင္ေစခ်င္ပါတယ္။

ဦးသက္ကိုကို
ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား ကို အားရပါသလား။
ေျဖ။ ။ ႏိုင္ငံသားလူနည္းစုဘာသာဝင္ တစ္ဦးအျမင္အရေျပာရရင္ ယခင္ကထက္ အမုန္းတရား ေဟာၾကားမႈေတြ အၾကမ္းဖက္တိုက္ခိုက္မႈေတြ စိုးတထင့္ ထင့္နဲ႔သြားလာ လႈပ္ရွားေနရတာေတြ အမ်ားႀကီးေလ်ာ့ နည္းသြားပါတယ္၊ ပိုလုံၿခဳံမႈရလာတယ္လို႔ ခံစားမိပါတယ္၊ ရာႏႈန္းျပည့္ အားရပါးရျဖစ္ရတယ္ဆိုတဲ့ အစိုးရမ်ိဳးကို ဘယ္ႏိုင္ငံရဲ႕ နိုင္ငံသားကမွ်မရေသးပါဘူး။ ဒါေပမယ့္ ပိုမိုအားရစရာေကာင္းတဲ့ အေျခအေနေတြဆက္ျဖစ္လာ ဖို႔ကိုေတာ့ ေမွ်ာ္လင့္ပါတယ္။ လက္ရွိျဖစ္ေပၚတိုးတက္ မႈေတြ ကိုလည္း အသိအမွတ္ျပဳပါတယ္။ အတိုင္းအတာ တစ္ခုထိကို အားရပါတယ္။

ေမး။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ႕ လက္ေအာက္မွာ ႏိုင္ငံ သားအခြင့္အေရးေတြ၊ လူမ်ိဳးေရးအခြင့္အေရးေတြ၊ ဘာသာေရးအခြင့္အေရးေတြ တန္းတူရရွိတယ္လို႔ ခံစားရပါသလား။ မရရွိဘူလို႔ဆိုရင္ ဘာ့ေၾကာင့္လို႔ ထင္ပါသလဲ။
ေျဖ။ ။ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ကြၽန္ေတာ္တို႔ရဲ႕ ညီအစ္ကိုေတာ္အမ်ားစုကိုးကြယ္တဲ့ ဗုဒၶဘာသာကဝိေသသဂုဏ္ထူးနဲ႔ ျပည့္စုံတဲ့ဘာသာလို႔ ျပ႒ာန္းထားပါတယ္။ အလားတူ က်န္ႏိုင္ငံသားေတြ ကိုးကြယ္တဲ့ခရစ္ယာန္၊ဟိႏၵဴ၊ အစၥလာမ္ဘာသာတို႔ကို လည္း အသိအမွတ္ျပဳတယ္လို႔ ေဖာ္ျပပါတယ္။ ဒါေၾကာင့္ က်န္ဘာသာေတြကအမ်ားစုကိုးကြယ္တဲ့ ဘာသာတရားနဲ႔ ထပ္တူ ညီမွ်တန္းတူျဖစ္ဖို႔ မလြယ္ပါဘူး။ ဒါေၾကာင့္ အခုအစိုးရရယ္မွမဟုတ္ပါဘူး။ ဘယ္အစိုးရတက္တက္ အမ်ားစုကိုးကြယ္ရာနဲ႔ လူနည္းစုကိုးကြယ္ရာတို႔ေတြက ထပ္တူျဖစ္လာဖို႔မလြယ္ပါဘူး။ အေျခခံဥပေဒမွာ ေဖာ္ျပ ထားတာေၾကာင့္မို႔လိုယူဆပါတယ္။ လက္တေလာ ျပင္ ဆင္ခ်က္ေတြမွာလည္း ျပင္ဆင္ေရးအပိုင္းမွ မပါပါဘူး။ ဒီျပဌာန္းခ်က္က ဆက္လက္တည္ရွိေနအုံးမွပါ။ တဖက္ မွာလည္းႏိုင္ငံေတာ္အသိအမွတ္ျပဳ ဘာသာသာသနာေတြ ကို သူ႔အတိုင္း အတာနဲ႔ သူအခြင့္အေရးေပးေစလိုတာမ်ိဳး လိုအပ္ပါတယ္။ ဟာဂ်္ခရီးစဥ္ ဟလလ္စားေသာက္ကုန္ စတာေတြ ပိုမိုေခ်ာေမြ႕ေအာင္ လူနည္းစုဘာသာဝင္ေတြ ပိုအဆင္ေျပေအာင္ အုပ္ခ်ဳပ္ေရးနည္းလမ္း ဥပေဒျပဳေရး နည္းလမ္းေတြနဲ႔ ကူညီေစာင့္ေရွာက္ေပးေစလိုပါတယ္။ ႏိုင္ငံသားအခြင့္အေရးရရွိေရးကို ဘာသာကိုး ကြယ္မႈကို အေၾကာင္းခံၿပီးခြဲျခားတာမ်ိဳး ကန႔္သတ္တာမ်ိဳး မရွိေစဖို႔ ပိုအားထုတ္ေစလိုပါတယ္။ ႏိုင္ငံသား လူနည္းစုဘာသာ ဝင္ေတြ အၾကားအမိႏိုင္ငံေတာ္ကို ခ်စ္ခင္စိတ္ သစၥာ ေစာင့္သိ႐ိုေသစိတ္ေတြပိုအားေကာင္းလာေအာင္ လူနည္း စုဘာသာဝင္ေတြရဲ႕ အခက္အခဲေတြပိုမို သိရွိလာေစဖို႔ အုပ္ခ်ဳပ္ေရးဘက္ကပြင့္လင္းျမင္သာမႈရွိရွိနဲ႔ ထိေတြ႕ ဆက္ဆံေရးေတြမ်ားမ်ား လုပ္ေပးေစလိုပါတယ္။

ေမး။ ။ျမန္မာႏိုင္ငံတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ လူနည္းစုမ်ားအခြင့္အေရးအတြက္ ေရြးေကာက္ပြဲဝင္ေရာက္မယ့္ပါတီေတြ ဒါမွမဟုတ္ ေနာက္တက္လာမယ့္အစိုးရထံကေန ဘယ္လို လုပ္ေဆာင္ေပးခ်က္ေတြကို လိုခ်င္ပါလဲ။
ေျဖ။ ။ႏိုင္ငံသားျဖစ္ျခင္းသည္သာပဓာနဆိုတဲ့မူဝါဒ အားေကာင္းလာေစဖို႔ ေျမျပင္ထိေရာက္ေအာင္ လူအမ်ာစုဆီ ျပန႔္ႏွံ့ေအာင္ လက္ရွိအစိုးရအေနနဲ႔ ေရာေနာက္ေနာင္ တက္လာမယ္အစိုးရအေနနဲ႔ပါ ႀကိဳးစားေပးေစလိုပါတယ္။ လူမ်ိဳးေရးဘာသာေရး ႏိုင္ငံေရးဝါဒေတြ စုံလင္ကြဲျပား ရာကေန ပက္ၾကားအက္ေနတဲ့ လယ္ကြင္းအိုလိုႏိုင္ငံကို မျဖစ္ေစခ်င္ပါဘူး။ ဒီအကြဲအဟေတြကို တစ္သားတည္း ျဖစ္ေစေအာင္ လုပ္ႏိုင္တာကနိုင္ငံသားျဖစ္ျခင္းသာ ပဓာနဆိုတဲ့ မူဝါဒလိုျမင္ပါတယ္။ ဘယ္ပါတီမဆို ႏိုင္ငံ သားသာပဓာနဆိုတဲ့မူကို ဆြဲကိုင္ေစလိုပါတယ္။အမွန္ တကယ္ အေကာင္အထည္ေဖာ္ခဲ့လိုရွိရင္ က်န္လို အပ္ေနတဲ့ အကန႔္အသတ္ခံရတဲ့ ႏိုင္ငံသားအခြင့္အေရး ေတြရသြားမယ္လို ယူဆပါတယ္။

ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား ကို အားရပါသလား။
ေျဖ။ ။အထက္ကဆိုခဲ့သလို ႏိုင္ငံသား ျဖစ္ျခင္းသာပဓာနဆိုတာ ပါတီေတြအုပ္ခ်ဳပ္သူေတြ အတြက္တင္ မဟုတ္ပါဘူး၊ ျပည္သူေတြ အၾကားမွာပါ လိုအပ္တဲ့တစ္ခုတည္းေသာ Identity ပဲျဖစ္ပါတယ္။ မတူတဲ့ဝိေသသလကၡဏာကို ေရွ႕တန္းဖို႔ ဗိုလ္ခ်ဳပ္ေအာင္ ဆန္းတို႔ ဆရာႀကီး ဦးရာဇာတ္တို႔လို ကြၽန္ေတာ္တို႔ရဲ႕ အမ်ိဳးသားေခါင္းေဆာင္ႀကီးေတြ လမ္းမျပခဲ့ၾကပါဘူး။ ကြဲျပားေနမႈကို ေဘးဖယ္ၿပီးဘုံ တူညီတဲ့ဝိေသနကို ေပၚလြင္ေစဖို႔ပဲမိန႔္ၾကားခဲ့ပါတယ္။ အုပ္ခ်ဳပ္သူေတြ အတြက္ေရာ ျပည္သူေတြအတြက္ပါ ဘယ္လိုေနထိုင္ရပ္ တည္ရမလဲဆိုတာ အမ်ိဳးသားေခါင္းေဆာင္ႀကီးေတြ ခ်မွတ္ခဲ့ၿပီးသားပါ။ ဒီလမ္းစဥ္ကိုပဲ ယုံယုံၾကည္ၾကည္ အေကာင္အထည္ေဖာ္ေပးဖို႔ လက္ခံက်င့္သုံးဖို႔ပဲလိုပါတယ္။ ေမးခြန္းကိုေျဖရရင္ မတူကြဲျပားတဲ့ ဝိေသသေတြကို အားေပးျမင့္တင္ေပးမယ့္ ႏိုင္ငံေရးပါတီေတြထက္ တစ္သားတည္းျဖစ္ခ်င္းကိုအားေပးတဲ့ ႏိုင္ငံသား အခြင့္ အေရးကို အာမခံတဲ့ပါတီကို အားေပးသင့္ပါတယ္။ လူနည္းစုမို႔လို လူနည္းစုအေရးလုပ္မို႔ ေရြးေကာက္ပြဲ ဝင္ၿပိဳင္တာထက္ ျမန္မာႏိုင္ငံသားမို႔လို ႏိုင္ငံ့အေရး လုပ္မို႔ေရြးေကာက္ပြဲ ဝင္ၿပိဳင္ၾကတာမ်ိဳးပဲလိုလား ပါတယ္။အကြဲအဟေတြ အမ်ားႀကီးအၾကားမွာကိုယ္ ကိုယ္တိုင္က အကြဲအဟတစ္ခု မျဖစ္ေစခ်င္ပါဘူး။

ဦးထြန္းလြင္ဦး (တရားလႊတ္ေတာ္ေရွ႕ေန)
ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား ကို အားရပါသလား။
ေျဖ။ ။ဒီခ်ဳပ္ကိုပဲမဲေပးပါမယ္။လူနည္းစု အခြင့္အေရးကို ေလးစားရန္ အသိေပးတိုက္တြန္း ေတာင္းဆိုသြားမယ္။

ေမး။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ႕ လက္ေအာက္မွာ ႏိုင္ငံ သားအခြင့္အေရးေတြ၊ လူမ်ိဳးေရးအခြင့္အေရးေတြ၊ ဘာသာေရးအခြင့္အေရးေတြ တန္းတူရရွိတယ္လို႔ ခံစားရပါသလား။ မရရွိဘူလို႔ဆိုရင္ ဘာ့ေၾကာင့္လို႔ ထင္ပါသလဲ။
ေျဖ။ ။ အတိုင္းအတာတစ္ခုထိ ရရွိသည္ဟု ခံစားရပါတယ္။ တန္းတူညီမွ်မႈေပၚအေျခခံေသာ စစ္မွန္သည့္ ဖယ္ဒရယ္ ႏိုင္ငံအျဖစ္ရပ္တည္ေနလိုပါ တယ္။

ေမး။ ။ျမန္မာႏိုင္ငံတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ လူနည္းစုမ်ားအခြင့္အေရးအတြက္ ေရြးေကာက္ပြဲဝင္ေရာက္မယ့္ပါတီေတြ ဒါမွမဟုတ္ ေနာက္တက္လာမယ့္အစိုးရထံကေန ဘယ္လို လုပ္ေဆာင္ေပးခ်က္ေတြကို လိုခ်င္ပါလဲ။
ေျဖ။ ။လူအခြင့္အေရး အျပည့္အဝခံစား လိုပါတယ္။ ႏိုင္ငံသားအခြင့္အေရးလည္း အျပည့္အဝ ႏွင့္ ရပ္တည္လိုပါတယ္။ လစ္ဘရယ္ဒီမိုက ေရစီမူေပၚ တြင္ျပတ္သားစြာရပ္တည္ေစလိုပါတယ္။

ေမး။ ။လူနည္းစုေတြအေနနဲ႔ မိမိတို႔ လူ႔ အစုအေဝးကိုကိုယ္စားျပဳတဲ့ ပါတီေတြ ဒါမွမဟုတ္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လာမယ့္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ေစလိုပါသလား၊ ဘာ့ေၾကာင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ သင့္မသင့္ကို ေျပာေပးပါ။
ေျဖ။ ။လူနည္းစုအတြက္ပါတီရွိရပါမယ္။ ေရြးေကာက္ပြဲတြင္လည္းပါဝင္ေစခ်င္ပါတယ္။ အႏိုင္ရ ႏိုင္တဲ့ပါတီႏွင့္ပူးေပါင္းေဆာင္ရြက္ေစလိုပါတယ္။

ဦးေက်ာ္စြာ (ျမန္မာမြတ္စလင္အစည္းအ႐ုံး – BMA)
ေမး။ ။၂ဝ၁၅ခုႏွစ္တြင္ ေရြးေကာက္ပြဲ အႏိုင္ရခဲ့သည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္သည့္ အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ား ကို အားရပါသလား။
ေျဖ။ ။လုံးဝ အားမရပါ။


ေမး။ ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဦးေဆာင္တဲ့အစိုးရအဖြဲ႕ရဲ႕ လက္ေအာက္မွာ ႏိုင္ငံ သားအခြင့္အေရးေတြ၊ လူမ်ိဳးေရးအခြင့္အေရးေတြ၊ ဘာသာေရးအခြင့္အေရးေတြ တန္းတူရရွိတယ္လို႔ ခံစားရပါသလား။ မရရွိဘူလို႔ဆိုရင္ ဘာ့ေၾကာင့္လို႔ ထင္ပါသလဲ။
ေျဖ။ ။ တန္းတူအခြင့္အေရးမ်ား မရရွိပါ။ အဘယ္ေၾကာင့္ဆိုေသာ္ လူနည္းစုဘာသာဝင္မ်ား အထူး သျဖင့္ အစၥလာမ္ဘာသာဝင္မ်ားႏွင့္ပတ္သက္ေသာ လုပ္ထုံးလုပ္နည္းမ်ားကို ေနရာအေတာ္မ်ားမ်ားတြင္ ယခင္မူအတိုင္း ဆက္လက္က်င့္သုံးေနသည့္အျပင္ အခ်ိဳ႕ေနရာမ်ားတြင္ ပိုမိုတင္းၾကပ္ခဲ့သည္မ်ားပင္ ရွိခဲ့ ပါသည္။

ေမး။ ။ျမန္မာႏိုင္ငံတြင္းမွာ မွီတင္း ေနထိုင္ၾကတဲ့ လူနည္းစုမ်ားအခြင့္အေရးအတြက္ ေရြးေကာက္ပြဲဝင္ေရာက္မယ့္ပါတီေတြ ဒါမွမဟုတ္ ေနာက္တက္လာမယ့္အစိုးရထံကေန ဘယ္လို လုပ္ေဆာင္ေပးခ်က္ေတြကို လိုခ်င္ပါလဲ။
ေျဖ။ ။လူမ်ိဳးဘာသာ ခြဲျခားမႈမရွိဘဲ အျခား ဘာသာဝင္မ်ားနည္းတူ စစ္မွန္တဲ့ဒီမိုကေရစီနဲ႔ လူ႔ အခြင့္အေရးကို ေလးစားလိုက္နာၿပီး ႏိုင္ငံသား တိုင္းတန္း တူအခြင့္အေရးကို ဦးစားေပးသင့္ပါတယ္။

ေမး။ ။လူနည္းစုေတြအေနနဲ႔ မိမိတို႔ လူ႔ အစုအေဝးကိုကိုယ္စားျပဳတဲ့ ပါတီေတြ ဒါမွမဟုတ္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လာမယ့္ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ ေစလိုပါသလား၊ ဘာ့ေၾကာင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ သင့္မသင့္ကို ေျပာေပးပါ။

ေျဖ။ ။လူနည္းစုမ်ားအေနျဖင့္ မိမိတို႔ အစုအေဝးမွ အရည္အခ်င္းျပည့္ဝသူမ်ားကို လာမည့္ ေရြးေကာက္ပြဲ၌ ဝင္ေရာက္ယွဥ္ၿပိဳင္ေစလိုပါတယ္။ ဒီမိုကေရစီအခြင့္အေရး မိမိတို႔ရဲ႕ႏိုင္ငံသား အခြင့္ အေရးကို က်င့္သုံးျခင္းျဖစ္ပါတယ္။ မိမိတို႔အစုအေဝးရဲ့ လိုအပ္ခ်က္ အခက္အခဲမ်ားကို မိမိတို႔ကသာ အသိႏိုင္ ဆုံးျဖစ္ပါတယ္။ လႊတ္ေတာ္တြင္းမွာ မိမိတို႔အစုအေဝးရဲ့ လိုအပ္ခ်က္မ်ားကို တင္ျပေတာင္းဆိုႏိုင္ရန္ျဖစ္ပါတယ္။◾

Leave a Reply

Your email address will not be published. Required fields are marked *