မြင်းခြံသံမဏိစက်ရုံစီမံကိန်းရပ်ဆိုင်းထားရသော်လည်း ချေးငွေရယူထားသည့် တရုတ်ဘဏ်သို့ ကျပ်သိန်းပေါင်း ကိုးသောင်းလေးထောင်ကိုးရာကျော်ကိုနေ့စဉ်ပေးဆပ်နေ

Unicode

မြင်းခြံသံမဏိစက်ရုံစီမံကိန်းရပ်ဆိုင်းထားရသော်လည်း ချေးငွေရယူထားသည့် တရုတ်ဘဏ်သို့ ကျပ်သိန်းပေါင်း ကိုးသောင်းလေးထောင်ကိုးရာကျော်ကိုနေ့စဉ်ပေးဆပ်နေ

မြင်းခြံ၊ ဖေဖော်ဝါရီ ၁၉

MTK

photo-internet

အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)စီမံကိန်းရပ်ဆိုင်းထားသော်လည်း ချေးငွေရယူခဲ့သော တရုတ်နိုင်ငံ China Development Bank (CDB)သို့ တစ်နေ့လျှင် ကျပ်သိန်းပေါင်း ကိုးသောင်းလေးထောင်ကိုးရာ ကျော်က ပေးဆပ်နေရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

“MECအနေဖြင့် တရုတ်နိုင်ငံ CDBမှ ယူရိုငွေ ၁ဒဿမ၁၁၇ ဘီလီယံ ချေးယူခဲ့ပြီး စီမံကိန်းဆောင်ရွက်ခဲ့တယ်။ အဲဒီနောက်မှာ စက်မှုဝန်ကြီးဌာနကိုလွဲပြောင်းခဲ့တယ်။ ပြည်ထောင်စုုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကြောင့် စက်ရုံကိုရပ်နားလိုက်ရတယ်။ ယခုအချိန်မှာ အတိုးပေါင်းအရင်း ၁ဒဿမ၆၂၅ ဘီလီယံ‌ကျော် ဖြစ်‌နေပြီ။ ယခုလက်ရှိ အချိန်အထိ ရင်းနှီးမြုပ်နှံငွေမှာ ကျပ်ငွေ(၂၃၆)ဘီလီယံ ဖြစ်ပြီး စီမံကိန်းအပြီးသတ်ရန် ထပ်မံလိုငွေမှာ (ကျပ်) (၂၂၅)ဘီလီယံ ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် CDB သို့ နေ့စဉ်ပေးဆပ်နေရသည့် အတိုးပေါင်းအရင်းမှာ ယူရိုငွေ (၃၁၅၂၇၁ဒဿမ၁၂) ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ယူရိုငွေ (၃၀၆၀၅၆ဒဿမ၅၅) ဖြစ်ပါသည်။ နေ့စဉ်ပေးနေရသည့်ငွေက မြန်မာကျပ်ငွေဖြင့် ကြည့်လျှင် ကျပ်ငွေသိန်းပေါင်း (၄၉၃၀)ကို နေ့စဉ်ပေးဆောင်နေရမှာ ဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ(၁၈)ရက်ကကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် မန္တလေး တိုင်းဒေသကြီးစာရင်းစစ်ချုပ်ကတင်သွင်းထားသည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ် (ဧပြီမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေ အရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် ပတ်သက်၍ နွားထိုးကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်၏ ဆွေးနွေးချက်အပေါ် ဝန်ကြီးဦးဇာနည်အောင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ရန်ကုန်-မြင်းခြံ ကားလမ်း မိုင်တိုင် အမှတ်(၄၅ဝ/ဝ)၏ အနောက်ဘက် ၃မိုင်ကျော်အကွာ ဆားခါးကျေးရွာအနီးရှိ မြေဧက ၅၇၄ ဒသမ ၂ ဧကပေါ်တွင် တည်ဆောက်ထားသည့် အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)စီမံကိန်းကို ဆောင်ရွက်ရန် ပထမအဆင့်စီမံကိန်းကို နိုင်ငံပိုင်ငွေကြေးများအသုံးပြုပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် အီတလီနိုင်ငံ Danieli Co.,Ltd တို့က ၂၀၀၄ နိုဝင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁ဝခုနှစ်က တရုတ်နိုင်ငံ China Development Bank (CDB)၏ ချေးငွေကိုရယူ၍ ဒုတိယအဆင်‌့ Phase-2၊ Phase-2(A)ကို ၂၀၁ဝခုနှစ်၊ဇူလိုင်နှင့် တတိယအဆင့် Phase-3ကို ၂၀၁၁ခုနှစ် ဇွန်လတွင် MECမှ စာချုပ်များ ဆက်လက်ချုပ်ဆို ဆောင်ရွက်ခဲ့ကာ ၂၀၁၂ခုနှစ်တွင် စက်မှုဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် ၂၀၁ရခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ချက်အရ လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရပ်ဆိုင်းထားခဲ့သည်။

“ဒီစက်ရုံစီမံကိန်းနဲ့ပတ်သက်ပြီး စာရင်းစစ်ချုပ်အစီရင်ခံစာအရ စီမံကိန်းကို အတိုးနှုန်းကြီးမားတဲ့ ပြည်ပချေးငွေနဲ့ဆောင်ရွက်ခဲ့တဲ့အခါ လက်ရှိမှာ လုပ်ငန်းမအောင်မြင်ဘဲ ချေးငွေတွေကို ပြည်သူကနေ ဆပ်နေရသည့်ပုံစံဖြစ်ပေါ်နေတယ်။ စီမံကိန်းကို ခွင့်ပြုရန်ပုံငွေမရှိဘဲ ကြိုတင်လုပ်ငန်းများ ဆောင်ရွက် ခဲ့တယ်။ နောက်ပြီးစီမံကိန်းကနေ ထုတ်လုပ်မှုတွေရပ်ဆိုင်းထားခြင်း၊ စီမံကိန်းကာလအတွင်း Semi-Product သာ ထုတ်လုပ်နိုင်ပြီး ဝန်ထမ်းလစာနှင့် စရိတ်၊ အတိုးနှုန်းများကြောင့် အရှုံးများဆက်တိုက် ဖြစ်ပေါ်နေခြင်းတို့အပေါ် ပြန်လည်စိစစ်သုံးသပ်မှုများ ပြုလုပ်ရန်လိုအပ်ပါတယ်။”ဟု နွားထိုးကြီး မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွှယ်က ပြောကြားခဲ့သည်။

သံမဏိစက်ရုံ(မြင်းခြံ)သည် စက်မှုဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ရန် ရည်မှန်းထားသော်လည်း စက်ရုံမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စ၍ Steel Billet နှင့် Steel Slab တို့ကို Semi-Product အဆင့်သာ ထုတ်လုပ်နိုင်ပြီး မြန်မာ့စီးပွားရေး ကော်ပို‌ရေးရှင်း (MEC) တစ်ခုတည်းကိုသာ ဖြန့်ဖြူးနိုင်ခဲ့ခြင်း၊ လည်ပတ်နေသော စက်ပစ္စည်း (Air Separation Plant) ပျက်စီးသွားသဖြင့် ပြင်ဆင်နိုင်မှုမရှိ၍ ၂၀၁၇ ဇန်နဝါရီ(၁)ရက်မှစတင်ကာ ရပ်ဆိုင်းခဲ့ခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ၂၀၁၇ ဇွန်လမှစတင်ကာ စီမံကိန်းလုပ်ငန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ယခင်အမှတ်(၄) သံမဏိစက်ရုံ (မြင်းခြံ) ယခု အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၏ တိုးချဲ့စီမံကိန်း အဆင့်များ (Phase -2, 2A,3) တို့အတွက် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် တရုတ်နိုင်ငံ China Development Bank (CDB) တို့ ချေးငွေစာချုပ်ကို ၂၀၁၀ ဇူလိုင်(၁၄)နှင့် ၂၀၁၁ ဇွန်လ(၁၄)ရက်တို့တွင် ချုပ်ဆိုခဲ့ကြောင်း၊ ချေးငွေပမာဏ ယူရို (၁၀၈၁ဒဿမ၈၃၀)သန်း မှ ချေးငွေသုံးစွဲမှု ယူရို (၁၀၄၂ဒဿမ၂၇၉)သန်းဖြစ်ပြီး MEC ဆောင်ရွက်ဆဲကာလတွင် ယူရို (၅၆၆ဒဿမ၉၀၀)သန်းနှင့် စက်မှုဝန်ကြီးဌာန စတင်ဆောင်ရွက်သည့် ကာလတွင် ယူရို (၄၇၅ဒဿမ၃၇၉)သန်း ဖြစ်ကြောင်း၊ ၂၀၁၈ စက်တင်ဘာ(၃၀)အထိ ပေးဆပ်ပြီး ယူရို (၁၃၆ဒဿမရဝ၀)သန်း ဖြစ်၍ ပေးဆပ်ရန်ကျန် ယူရို (၉၀၅ဒဿမ၅၇၉)သန်း ဖြစ်သည်ဟု ဆိုသည်။ ချေးငွေရရှိမှုအနေဖြင့် Phase 2 အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၊ Phase 2A နှင့် Phase 3 အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ဆိုင်းငံ့ကာလ (၅)နှစ်ဖြင့် ချေးယူခဲ့ပြီး အတိုးပေးဆပ်ရန်မှာ စတင်ချေးယူသည့် ဘဏ္ဍာရေးနှစ်မှစ၍ အရင်းကို ဆိုင်းငံ့ကာလကုန်ဆုံးသည့် ၂၀၁၅-၂၀၁၆နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များမှ စတင်၍ ပေးဆပ်ရကြောင်း၊ CDB ဘဏ်ချေးငွေကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ စတင်ချေးယူ အတိုးပေးဆပ်ခဲ့ရပြီး အရင်းကို ဆိုင်းငံ့ကာလ ကုန်ဆုံးသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ ပေးဆပ်ခဲ့ရကြောင်း၊ Phase-2 အတွက် အရင်းပေးဆပ်ကာလမှာ ၂၀၁၅-၂၀၁၆မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ၊ Phase -2Aနှင့် Phase-3အတွက် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှ ၂၀၃၂-၂၀၃၃ဘဏ္ဍာရေးနှစ်အထိ ပေးဆပ်ရမည်ဖြစ်ကြောင်း၊ မြင်းခြံသံမဏိစက်ရုံ စီမံကိန်းအတွက် အတိုးနှင့် ကတိခံကြေး ပေးဆပ်ရမှုမှာ စီမံကိန်း Phase -2 အတွက် အတိုးနှုန်း ၄ဒဿမ၅ရာခိုင်နှုန်း၊ Phase-2Aနှင့် Phase-3အတွက် အတိုး ၅ရာခိုင်နှုန်းဖြစ်ပြီး အာမခံကြေး ပေးဆပ်မှုမှာ CDBမှ ထုတ်ယူရန်ကျန် ချေးငွေအပေါ် ကတိခံကြေး ဝဒဿမ၅ရာခိုင်နှုန်းဖြင့် ပေးဆပ်ရမည်ဖြစ်ကြောင်း အစီအရင်ခံစာအရ သိရသည်။◾

Zawgyi

ျမင္းၿခံသံမဏိစက္႐ုံစီမံကိန္းရပ္ဆိုင္းထားရေသာ္လည္း ေခ်းေငြရယူထားသည့္ တ႐ုတ္ဘဏ္သို႔ က်ပ္သိန္းေပါင္း ကိုးေသာင္းေလးေထာင္ကိုးရာေက်ာ္ကိုေန႔စဥ္ေပးဆပ္ေန

ျမင္းၿခံ၊ ေဖေဖာ္ဝါရီ ၁၉

MTK

Photo-internet

အမွတ္(၁)သံမဏိစက္႐ုံ(ျမင္းၿခံ)စီမံကိန္းရပ္ဆိုင္းထားေသာ္လည္း ေခ်းေငြရယူခဲ့ေသာ တ႐ုတ္နိုင္ငံ China Development Bank (CDB)သို႔ တစ္ေန႔လၽွင္ က်ပ္သိန္းေပါင္း ကိုးေသာင္းေလးေထာင္ကိုးရာ ေက်ာ္က ေပးဆပ္ေနရေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ေျပာၾကားခဲ့သည္။

“MECအေနျဖင့္ တ႐ုတ္နိုင္ငံ CDBမွ ယူရိုေငြ ၁ဒႆမ၁၁၇ ဘီလီယံ ေခ်းယူခဲ့ၿပီး စီမံကိန္းေဆာင္ရြက္ခဲ့တယ္။ အဲဒီေနာက္မွာ စက္မႈဝန္ႀကီးဌာနကိုလြဲေျပာင္းခဲ့တယ္။ ျပည္ေထာင္စုုလႊတ္ေတာ္ရဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ စက္႐ုံကိုရပ္နားလိုက္ရတယ္။ ယခုအခ်ိန္မွာ အတိုးေပါင္းအရင္း ၁ဒႆမ၆၂၅ ဘီလီယံ‌ေက်ာ္ ျဖစ္‌ေနၿပီ။ ယခုလက္ရွိ အခ်ိန္အထိ ရင္းႏွီးျမဳပ္ႏွံေငြမွာ က်ပ္ေငြ(၂၃၆)ဘီလီယံ ျဖစ္ၿပီး စီမံကိန္းအၿပီးသတ္ရန္ ထပ္မံလိုေငြမွာ (က်ပ္) (၂၂၅)ဘီလီယံ ျဖစ္ပါသည္။ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ CDB သို႔ ေန႔စဥ္ေပးဆပ္ေနရသည့္ အတိုးေပါင္းအရင္းမွာ ယူရိုေငြ (၃၁၅၂၇၁ဒႆမ၁၂) ျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာ ေရးႏွစ္တြင္ ယူရိုေငြ (၃၀၆၀၅၆ဒႆမ၅၅) ျဖစ္ပါသည္။ ေန႔စဥ္ေပးေနရသည့္ေငြက ျမန္မာက်ပ္ေငြျဖင့္ ၾကည့္လၽွင္ က်ပ္ေငြသိန္းေပါင္း (၄၉၃၀)ကို ေန႔စဥ္ေပးေဆာင္ေနရမွာ ျဖစ္ပါတယ္” ဟု တိုင္းေဒသႀကီး လၽွပ္စစ္၊ စြမ္းအင္ႏွင့္ေဆာက္လုပ္ေရးဝန္ႀကီး ဦးဇာနည္ေအာင္က ေျပာၾကားခဲ့သည္။

ေဖေဖာ္ဝါရီ(၁၈)ရက္ကက်င္းပသည့္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္အစည္းအေဝးတြင္ မႏၲေလး တိုင္းေဒသႀကီးစာရင္းစစ္ခ်ဳပ္ကတင္သြင္းထားသည့္ မႏၲေလးတိုင္းေဒသႀကီး၏ ၂၀၁၈ခုႏွစ္ (ဧၿပီမွ စက္တင္ဘာလအထိ) ဘ႑ာေငြ အရအသုံးစာရင္းႏွင့္ လုပ္ငန္းေဆာင္ရြက္မႈ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာပါ ေတြ႕ရွိခ်က္မ်ားႏွင့္ ပတ္သက္၍ ႏြားထိုးႀကီးၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿငိမ္းသက္ႏြယ္၏ ေဆြးေႏြးခ်က္အေပၚ ဝန္ႀကီးဦးဇာနည္ေအာင္က ျပန္လည္ရွင္းလင္းေျဖၾကားခဲ့ ျခင္းျဖစ္သည္။

မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္ ရန္ကုန္-ျမင္းၿခံ ကားလမ္း မိုင္တိုင္ အမွတ္(၄၅ဝ/ဝ)၏ အေနာက္ဘက္ ၃မိုင္ေက်ာ္အကြာ ဆားခါးေက်းရြာအနီးရွိ ေျမဧက ၅၇၄ ဒသမ ၂ ဧကေပၚတြင္ တည္ေဆာက္ထားသည့္ အမွတ္(၁)သံမဏိစက္႐ုံ(ျမင္းၿခံ)စီမံကိန္းကို ေဆာင္ရြက္ရန္ ပထမအဆင့္စီမံကိန္းကို နိုင္ငံပိုင္ေငြေၾကးမ်ားအသုံးျပဳၿပီး ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) ႏွင့္ အီတလီနိုင္ငံ Danieli Co.,Ltd တို႔က ၂၀၀၄ နိုဝင္ဘာတြင္ စတင္ေဆာင္ရြက္ခဲ့ၿပီး ၂၀၁ဝခုႏွစ္က တ႐ုတ္နိုင္ငံ China Development Bank (CDB)၏ ေခ်းေငြကိုရယူ၍ ဒုတိယအဆင္‌့ Phase-2၊ Phase-2(A)ကို ၂၀၁ဝခုႏွစ္၊ဇူလိုင္ႏွင့္ တတိယအဆင့္ Phase-3ကို ၂၀၁၁ခုႏွစ္ ဇြန္လတြင္ MECမွ စာခ်ဳပ္မ်ား ဆက္လက္ခ်ဳပ္ဆို ေဆာင္ရြက္ခဲ့ကာ ၂၀၁၂ခုႏွစ္တြင္ စက္မႈဝန္ႀကီးဌာနသို႔ ျပန္လည္လႊဲေျပာင္းေပးခဲ့ၿပီးေနာက္ ၂၀၁ရခုႏွစ္တြင္ ျပည္ေထာင္စုလႊတ္ေတာ္၏ ဆုံးျဖတ္ ခ်က္အရ လုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္ ရပ္ဆိုင္းထားခဲ့သည္။

“ဒီစက္႐ုံစီမံကိန္းနဲ႔ပတ္သက္ၿပီး စာရင္းစစ္ခ်ဳပ္အစီရင္ခံစာအရ စီမံကိန္းကို အတိုးႏႈန္းႀကီးမားတဲ့ ျပည္ပေခ်းေငြနဲ႔ေဆာင္ရြက္ခဲ့တဲ့အခါ လက္ရွိမွာ လုပ္ငန္းမေအာင္ျမင္ဘဲ ေခ်းေငြေတြကို ျပည္သူကေန ဆပ္ေနရသည့္ပုံစံျဖစ္ေပၚေနတယ္။ စီမံကိန္းကို ခြင့္ျပဳရန္ပုံေငြမရွိဘဲ ႀကိဳတင္လုပ္ငန္းမ်ား ေဆာင္ရြက္ ခဲ့တယ္။ ေနာက္ၿပီးစီမံကိန္းကေန ထုတ္လုပ္မႈေတြရပ္ဆိုင္းထားျခင္း၊ စီမံကိန္းကာလအတြင္း Semi-Product သာ ထုတ္လုပ္နိုင္ၿပီး ဝန္ထမ္းလစာႏွင့္ စရိတ္၊ အတိုးႏႈန္းမ်ားေၾကာင့္ အရႈံးမ်ားဆက္တိုက္ ျဖစ္ေပၚေနျခင္းတို႔အေပၚ ျပန္လည္စိစစ္သုံးသပ္မႈမ်ား ျပဳလုပ္ရန္လိုအပ္ပါတယ္။”ဟု ႏြားထိုးႀကီး ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚၿငိမ္းသက္ႏႊယ္က ေျပာၾကားခဲ့သည္။

သံမဏိစက္႐ုံ(ျမင္းၿခံ)သည္ စက္မႈဝန္ႀကီးဌာန၏ မူဝါဒမ်ားႏွင့္အညီ ေဆာင္ရြက္ရန္ ရည္မွန္းထားေသာ္လည္း စက္႐ုံမွာ ၂၀၀၉-၂၀၁၀ ဘ႑ာေရးႏွစ္မွ စ၍ Steel Billet ႏွင့္ Steel Slab တို႔ကို Semi-Product အဆင့္သာ ထုတ္လုပ္နိုင္ၿပီး ျမန္မာ့စီးပြားေရး ေကာ္ပို‌ေရးရွင္း (MEC) တစ္ခုတည္းကိုသာ ျဖန႔္ျဖဴးနိုင္ခဲ့ျခင္း၊ လည္ပတ္ေနေသာ စက္ပစၥည္း (Air Separation Plant) ပ်က္စီးသြားသျဖင့္ ျပင္ဆင္နိုင္မႈမရွိ၍ ၂၀၁၇ ဇန္နဝါရီ(၁)ရက္မွစတင္ကာ ရပ္ဆိုင္းခဲ့ျခင္း၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ ညႊန္ၾကားခ်က္အရ ၂၀၁၇ ဇြန္လမွစတင္ကာ စီမံကိန္းလုပ္ငန္းႏွင့္ ထုတ္လုပ္မႈလုပ္ငန္းမ်ား ရပ္ဆိုင္းထားခဲ့ေၾကာင္း၊ ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း ယခင္အမွတ္(၄) သံမဏိစက္႐ုံ (ျမင္းၿခံ) ယခု အမွတ္(၁) သံမဏိစက္႐ုံ (ျမင္းၿခံ)၏ တိုးခ်ဲ႕စီမံကိန္း အဆင့္မ်ား (Phase -2, 2A,3) တို႔အတြက္ ျမန္မာ့နိုင္ငံျခား ကုန္သြယ္မႈဘဏ္ႏွင့္ တ႐ုတ္နိုင္ငံ China Development Bank (CDB) တို႔ ေခ်းေငြစာခ်ဳပ္ကို ၂၀၁၀ ဇူလိုင္(၁၄)ႏွင့္ ၂၀၁၁ ဇြန္လ(၁၄)ရက္တို႔တြင္ ခ်ဳပ္ဆိုခဲ့ေၾကာင္း၊ ေခ်းေငြပမာဏ ယူရို (၁၀၈၁ဒႆမ၈၃၀)သန္း မွ ေခ်းေငြသုံးစြဲမႈ ယူရို (၁၀၄၂ဒႆမ၂၇၉)သန္းျဖစ္ၿပီး MEC ေဆာင္ရြက္ဆဲကာလတြင္ ယူရို (၅၆၆ဒႆမ၉၀၀)သန္းႏွင့္ စက္မႈဝန္ႀကီးဌာန စတင္ေဆာင္ရြက္သည့္ ကာလတြင္ ယူရို (၄၇၅ဒႆမ၃၇၉)သန္း ျဖစ္ေၾကာင္း၊ ၂၀၁၈ စက္တင္ဘာ(၃၀)အထိ ေပးဆပ္ၿပီး ယူရို (၁၃၆ဒႆမရဝ၀)သန္း ျဖစ္၍ ေပးဆပ္ရန္က်န္ ယူရို (၉၀၅ဒႆမ၅၇၉)သန္း ျဖစ္သည္ဟု ဆိုသည္။ ေခ်းေငြရရွိမႈအေနျဖင့္ Phase 2 အတြက္ ၂၀၁၀-၂၀၁၁ ဘ႑ာေရးႏွစ္၊ Phase 2A ႏွင့္ Phase 3 အတြက္ ၂၀၁၂-၂၀၁၃ ဘ႑ာေရးႏွစ္မွစ၍ ဆိုင္းငံ့ကာလ (၅)ႏွစ္ျဖင့္ ေခ်းယူခဲ့ၿပီး အတိုးေပးဆပ္ရန္မွာ စတင္ေခ်းယူသည့္ ဘ႑ာေရးႏွစ္မွစ၍ အရင္းကို ဆိုင္းငံ့ကာလကုန္ဆုံးသည့္ ၂၀၁၅-၂၀၁၆ႏွင့္ ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္မ်ားမွ စတင္၍ ေပးဆပ္ရေၾကာင္း၊ CDB ဘဏ္ေခ်းေငြကို ၂၀၁၀-၂၀၁၁ ဘ႑ာေရးႏွစ္မွ စတင္ေခ်းယူ အတိုးေပးဆပ္ခဲ့ရၿပီး အရင္းကို ဆိုင္းငံ့ကာလ ကုန္ဆုံးသည့္ ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္မွစတင္၍ ေပးဆပ္ခဲ့ရေၾကာင္း၊ Phase-2 အတြက္ အရင္းေပးဆပ္ကာလမွာ ၂၀၁၅-၂၀၁၆မွ ၂၀၃၀-၂၀၃၁ ဘ႑ာေရးႏွစ္အထိ၊ Phase -2Aႏွင့္ Phase-3အတြက္ ၂၀၁၇-၂၀၁၈ဘ႑ာေရးႏွစ္မွ ၂၀၃၂-၂၀၃၃ဘ႑ာေရးႏွစ္အထိ ေပးဆပ္ရမည္ျဖစ္ေၾကာင္း၊ ျမင္းၿခံသံမဏိစက္႐ုံ စီမံကိန္းအတြက္ အတိုးႏွင့္ ကတိခံေၾကး ေပးဆပ္ရမႈမွာ စီမံကိန္း Phase -2 အတြက္ အတိုးႏႈန္း ၄ဒႆမ၅ရာခိုင္ႏႈန္း၊ Phase-2Aႏွင့္ Phase-3အတြက္ အတိုး ၅ရာခိုင္ႏႈန္းျဖစ္ၿပီး အာမခံေၾကး ေပးဆပ္မႈမွာ CDBမွ ထုတ္ယူရန္က်န္ ေခ်းေငြအေပၚ ကတိခံေၾကး ဝဒႆမ၅ရာခိုင္ႏႈန္းျဖင့္ ေပးဆပ္ရမည္ျဖစ္ေၾကာင္း အစီအရင္ခံစာအရ သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *