ဝူဟန်ပြန်ကျောင်းသား၊ ကျောင်းသူတွေ နေအိမ်ပြန်ခွင့်ရ

Unicode

ဝူဟန်ပြန်ကျောင်းသား၊ ကျောင်းသူတွေ နေအိမ်ပြန်ခွင့်ရ

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

ကိုရိုနာဗိုင်းရပ်စ် စဖြစ်ပွားသည့် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်ခေါ်လာပြီး ၁၄ ရက်ကြာ စောင့်ကြည့်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၅၉ ယောက်နှင့် ကျန်းမာရေးဝန်ထမ်း သုံးယောက်သည် ကျန်းမာရေးကောင်းခြင်းကြောင့် နေအိမ်များဆီ ယနေ့ဖေဖော်ဝါရီ ၁၆ရက်နေ့ မနက်က ပြန်ခွင့်ပြုလိုက်သည်။

စောင့်ကြည့်ကာလပြီးဆုံးလို့ အိမ်ပြန်ရောက်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်၊ ဖျားနာခြင်းမျိုးရှိလာရင် ချက်ချင်းအကြောင်းကြားရန် လိုအပ်သည်ဟု မန္တလေးစိတ်ကျန်းမာရေး ဆေးရုံကြီးက သူနာပြု ဦးမျိုးလွင်ဦး က ပြောသည်။

ဦးမျိုးလွင်ဦးသည် ကျောင်းသား၊ ကျောင်းသူများကို ဝူဟန်မြို့မှ မြန်မာပြည်ပြန်ခေါ်တုန်းက ကျန်းမာရေးစောင့်ရှောက်ရန် လိုက်ပါခဲ့သူများထဲက တစ်ဦးဖြစ်သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ပညာသင်သွားခဲ့ကြသည့် မြန်မာနိုင်ငံသား ၆၂ ယောက်ကို မြန်မာအစိုးရက ဖေဖော်ဝါရီ ၂ ရက်က လေယာဉ်နှင့် သွားခေါ်ခဲ့သော်လည်း ကျောင်းသား နှစ်ယောက်က ကိုယ်အပူချိန်မြင့်နေခြင်းကြောင့် ကျန်နေခဲ့သည်။

ပြန်ခေါ်လာသည့် ကျောင်းသား ၅၉ ယောက်နှင့် ကျန်းမာရေးဝန်ထမ်းများကို မန္တလေးမြို့က ကန်တော်နဒီဆေးရုံ၊ လေယာဉ်ဝန်ထမ်းများကိုတော့ ရန်ကုန်က ဝေဘာဂီဆေးရုံတွင် နှစ်ပတ်ကြာ စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အပြင် မြန်မာနိုင်ငံတွင် မနေ့ညကအထိ စောင့်ကြည့်လူနာ ၃၅ ဦးရှိခဲ့သည်။ ထိုအထဲတွင် ၂၆ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် မ‌တွေ့ရှိဘူးဟု ဓာတ်ခွဲခန်းအဖြေရထားသည့်အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကျန်သည့် ငါးယောက်၏ အဖြေကိုတော့ မရသေးဘဲ ‌လေးယောက်၏ ဓာတ်ခွဲနမူနာကို ရည်ညွှန်းဓာတ်ခွဲခန်းကို ပို့ရန်စီစဉ်နေတုန်းဖြစ်သည်။◾

Ref: RFA

Zawgyi

ဝူဟန္ျပန္ေက်ာင္းသား၊ ေက်ာင္းသူေတြ ေနအိမ္ျပန္ခြင့္ရ

မႏၲေလး၊ ေဖေဖာ္ဝါရီ ၁၆

ကိုရိုနာဗိုင္းရပ္စ္ စျဖစ္ပြားသည့္ တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕မွ ျပန္ေခၚလာၿပီး ၁၄ ရက္ၾကာ ေစာင့္ၾကည့္ထားသည့္ ေက်ာင္းသား၊ ေက်ာင္းသူ ၅၉ ေယာက္ႏွင့္ က်န္းမာေရးဝန္ထမ္း သုံးေယာက္သည္ က်န္းမာေရးေကာင္းျခင္းေၾကာင့္ ေနအိမ္မ်ားဆီ ယေန႔ေဖေဖာ္ဝါရီ ၁၆ရက္ေန႔ မနက္က ျပန္ခြင့္ျပဳလိုက္သည္။

ေစာင့္ၾကည့္ကာလၿပီးဆုံးလို႔ အိမ္ျပန္ေရာက္ရင္လည္း ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ရန္၊ ဖ်ားနာျခင္းမ်ိဳးရွိလာရင္ ခ်က္ခ်င္းအေၾကာင္းၾကားရန္ လိုအပ္သည္ဟု မႏၲေလးစိတ္က်န္းမာေရး ေဆး႐ုံႀကီးက သူနာျပဳ ဦးမ်ိဳးလြင္ဦး က ေျပာသည္။

ဦးမ်ိဳးလြင္ဦးသည္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဝူဟန္ၿမိဳ႕မွ ျမန္မာျပည္ျပန္ေခၚတုန္းက က်န္းမာေရးေစာင့္ေရွာက္ရန္ လိုက္ပါခဲ့သူမ်ားထဲက တစ္ဦးျဖစ္သည္။

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕တြင္ပညာသင္သြားခဲ့ၾကသည့္ ျမန္မာနိုင္ငံသား ၆၂ ေယာက္ကို ျမန္မာအစိုးရက ေဖေဖာ္ဝါရီ ၂ ရက္က ေလယာဥ္ႏွင့္ သြားေခၚခဲ့ေသာ္လည္း ေက်ာင္းသား ႏွစ္ေယာက္က ကိုယ္အပူခ်ိန္ျမင့္ေနျခင္းေၾကာင့္ က်န္ေနခဲ့သည္။

ျပန္ေခၚလာသည့္ ေက်ာင္းသား ၅၉ ေယာက္ႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို မႏၲေလးၿမိဳ႕က ကန္ေတာ္နဒီေဆး႐ုံ၊ ေလယာဥ္ဝန္ထမ္းမ်ားကိုေတာ့ ရန္ကုန္က ေဝဘာဂီေဆး႐ုံတြင္ ႏွစ္ပတ္ၾကာ ေစာင့္ၾကည့္ခဲ့ျခင္းျဖစ္သည္။

၎တို႔အျပင္ ျမန္မာနိုင္ငံတြင္ မေန႔ညကအထိ ေစာင့္ၾကည့္လူနာ ၃၅ ဦးရွိခဲ့သည္။ ထိုအထဲတြင္ ၂၆ ေယာက္မွာ ကိုရိုနာဗိုင္းရပ္စ္ မ‌ေတြ႕ရွိဘူးဟု ဓာတ္ခြဲခန္းအေျဖရထားသည့္အေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့သည္။ က်န္သည့္ ငါးေယာက္၏ အေျဖကိုေတာ့ မရေသးဘဲ ‌ေလးေယာက္၏ ဓာတ္ခြဲနမူနာကို ရည္ညႊန္းဓာတ္ခြဲခန္းကို ပို႔ရန္စီစဥ္ေနတုန္းျဖစ္သည္။◾

Ref: RFA

Leave a Reply

Your email address will not be published. Required fields are marked *