ရိုဟင်ဂျာအရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေး

Unicode

ရိုဟင်ဂျာအရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေး

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၆

ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမြဲတမ်း သံအမတ်ကြီး Rabab Fatima ရာဘက် ဖာတီမာက သူတို့နိုင်ငံကို ထွက်ပြေးရောက်ရှိနေသည့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာများ လုံခြုံစိတ်ချစွာ နေရပ်ပြန်ရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် တာဝန်ခံမှုရှိရန် လိုသည်ဟု ပြီးခဲ့သည့် ကြာသပတေးနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ချမှတ်ခဲ့သည့် အမိန့်ကို သူမက ထောက်ခံကြိုဆိုရင်း လူ့အခွင့်အရေးချိုးဖောက်ပြီး လူမဆန်ရက်စက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူရန် အရေးကြီးကြောင်းလည်း သူမက ထောက်ပြပြောဆိုခဲ့သည်ဟု ဒါကာက စနေနေ့ မနေ့ကလာသည့် သတင်းတွင်ဖော်ပြထားသည်။

ထို့အပြင် တန်းတူအခွင့်အရေး ကင်းမဲ့မှုနှင့် လူမျိုးဘာသာခွဲခြား ဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများကို ဖြစ်ပွားစေသည့်အကြောင်းရင်းများကို တားဆီးရန် လိုအပ်သည်ဟုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဖာတီမာ ကပြောသည်။◾

Ref: RFA

Zawgyi

ရိုဟင္ဂ်ာအေရး လုံျခဳံေရးေကာင္စီမွာ ေဆြးေႏြး

ဂ်ီနီဗာ၊ ေဖေဖာ္ဝါရီ ၁၆

ကုလသမဂၢဆိုင္ရာ ဘဂၤလားေဒ့ရွ္နိုင္ငံ အျမဲတမ္း သံအမတ္ႀကီး Rabab Fatima ရာဘက္ ဖာတီမာက သူတို႔နိုင္ငံကို ထြက္ေျပးေရာက္ရွိေနသည့္ ရခိုင္ျပည္နယ္က ရိုဟင္ဂ်ာမ်ား လုံျခဳံစိတ္ခ်စြာ ေနရပ္ျပန္ေရးအတြက္ တရားဥပေဒစိုးမိုးေရးႏွင့္ တာဝန္ခံမႈရွိရန္ လိုသည္ဟု ၿပီးခဲ့သည့္ ၾကာသပေတးေန႔က ကုလသမဂၢ လုံျခဳံေရးေကာင္စီ ေဆြးေႏြးပြဲတစ္ခုတြင္ ေျပာၾကားခဲ့သည္။

ရိုဟင္ဂ်ာအေရးႏွင့္ ပတ္သက္၍ အျပည္ျပည္ဆိုင္ရာတရား႐ုံးက ဇန္နဝါရီလ ၂၃ ရက္ေန႔တြင္ ခ်မွတ္ခဲ့သည့္ အမိန႔္ကို သူမက ေထာက္ခံႀကိဳဆိုရင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္ၿပီး လူမဆန္ရက္စက္မႈမ်ားအတြက္ တာဝန္ရွိသူမ်ားကို အေရးယူရန္ အေရးႀကီးေၾကာင္းလည္း သူမက ေထာက္ျပေျပာဆိုခဲ့သည္ဟု ဒါကာက စေနေန႔ မေန႔ကလာသည့္ သတင္းတြင္ေဖာ္ျပထားသည္။

ထို႔အျပင္ တန္းတူအခြင့္အေရး ကင္းမဲ့မႈႏွင့္ လူမ်ိဳးဘာသာခြဲျခား ဆက္ဆံမႈမ်ား အပါအဝင္ အၾကမ္းဖက္မႈႏွင့္ ပဋိပကၡမ်ားကို ျဖစ္ပြားေစသည့္အေၾကာင္းရင္းမ်ားကို တားဆီးရန္ လိုအပ္သည္ဟုလည္း ဘဂၤလားေဒ့ရွ္နိုင္ငံ၏ ကုလသမဂၢဆိုင္ရာ ကိုယ္စားလွယ္ ဖာတီမာ ကေျပာသည္။◾

Ref: RFA

Leave a Reply

Your email address will not be published. Required fields are marked *