ဝူဟန်မြို့ကခေါ်လာသည့် မြန်မာကျောင်းသား (၅၉)ဦး ကျန်းမာရေးကောင်းမွန်သဖြင့်နေရပ်ပြန်ပို့မည်

Unicode

ဝူဟန်မြို့က ခေါ်လာသည့် မြန်မာ ကျောင်းသား (၅၉)ဦးနှင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦး ကျန်းမာရေးကောင်းမွန်လျက်ရှိသဖြင့် ဖေဖော်ဝါရီ(၁၆)ရက်နေ့တွင် နေရပ်ပြန်ပို့မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

MTK

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ခေါ်ဆောင်လာသည့် မြန်မာကျောင်းသား(၅၉)ဦးနှင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦးတို့၏ လတ်တလောကျမ်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“ဆေးရုံမှာရှိတဲ့ ကျောင်းသား(၅၉)ဦးစလုံးရဲ့ လတ်တလောကျန်းမာရေးအခြေအနေက ကောင်းမွန်လျက်ရှိပါတယ်။ စတင်ရောက်ရှိတဲ့ ဖေဖော်ဝါရီ(၂)ရက်ကနေ ဒီနေ့အထိ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် စောင့်ကြည့်ကာလအတွင်း ဖျားနာလာရင် ပြည်သူ့ဆေးရုံကြီးရဲ့ သတ်မှတ် အခန်းကိုရွှေ့ပြီး nCoV ရောဂါဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွားမှာပါ။ အခုချိန်ထိတော့ သံသယဖြစ်စရာတော့ လုံးဝမတွေ့သေးဘူး။၁၄ ရက်ပြည့်တဲ့နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ(၁၆)ရက်မနက်ပိုင်းမှာ နေရပ်ကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်သွားမှာပါ။”ဟု Surveillance and RespondTeam(SRT)ဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ရောက်ရှိနေသည့် မြန်မာကျောင်းသားကျောင်းသူ(၆၀)ကျော်အနက် (၅၉)ဦးစီးနင်းလိုက်ပါလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA B-737-800) အထူးလေယာဉ်သည် ဖေဖော်ဝါရီ(၂)ရက် နံနက်(၅)နာရီ မိနစ်(၅၀)အချိန်ခန့်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပြီး မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ယနေ့ဆိုလျှင် (၁၁)ရက်မြောက်ရှိပြီဖြစ်သည်။

လက်ရှိအချိန်တွင် ပြန်လည်ရောက်ရှိလာသည့်ကျောင်းသား၊ ကျောင်းသူ ၅၉ဦးကို အဖျားရှိ၊ မရှိတိုင်းတာစစ်ဆေးပြီးမှ သတ်မှတ်ထားသည့် ကန်တော်နဒီဆေးရုံရှိ အခန်းအသီးသီးတွင် နေရာချပေးထားပြီး နေ့စဉ် တစ်ရက်၂ကြိမ်နှုန်းဖြင့် အဖျားတိုင်းကာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူအားလုံး ကျန်းမာစွာ နေထိုင်အနားယူလျက်ရှိပြီး ယင်းတို့ကို (၁၄)ရက်ပြည့်မြောက်သည့် ဖေဖော်ဝါရီ(၁၆)ရက်နေ့နံနက်တွင် နေရပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ကြားရက်တွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လာရောက်၍ အားပေးစကားပြောကြားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော Surveillance and Respond Team(SRT)အနေဖြင့် ကျောင်းသားများကို အစားအစာ ကျွေးမွေးရာတွင် တစ်ခါသုံးဘူးများ အသုံးပြုစေပြီး ကျောင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး မိသားစုဝင်များ ပြင်ပလူများနှင့် အဆက်အသွယ်မပြတ်စေရန် မိုဘိုင်ဆင်းမ်ကတ်များပေး ထားမည်ဖြစ်ပြီး Myanmar Net ကုမ္ပဏီမှ (Frontiir Co.) က Free Wi Fi တပ်ဆင် လှူ ဒါန်းပေးထားခြင်းနှင့် အမှိုက်များကိုလည်း PPE ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် သန့် ရှင်းရေးဝန်ထမ်းများက သိမ်းဆည်းမည်ဖြစ်သကဲ့သို့ သီးသန့်အမှိုက်သိမ်းယာဉ်ဖြင့် သယ်ဆောင်ကာ မီးရှို့ဖျက်ဆီးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။◾

Zawgyi

ဝူဟန္ၿမိဳ႕က ေခၚလာသည့္ ျမန္မာ ေက်ာင္းသား (၅၉)ဦးႏွင့္ က်န္းမာေရးဝန္ထမ္းႏွစ္ဦး က်န္းမာေရးေကာင္းမြန္လ်က္ရွိသျဖင့္ ေဖေဖာ္ဝါရီ(၁၆)ရက္ေန႔တြင္ ေနရပ္ျပန္ပို႔မည္

မႏၲေလး၊ ေဖေဖာ္ဝါရီ ၁၂

MTK

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕မွ ေခၚေဆာင္လာသည့္ ျမန္မာေက်ာင္းသား(၅၉)ဦးႏွင့္ က်န္းမာေရးဝန္ထမ္းႏွစ္ဦးတို႔၏ လတ္တေလာက်မ္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိေၾကာင္း သိရသည္။

“ေဆး႐ုံမွာရွိတဲ့ ေက်ာင္းသား(၅၉)ဦးစလုံးရဲ့ လတ္တေလာက်န္းမာေရးအေျခအေနက ေကာင္းမြန္လ်က္ရွိပါတယ္။ စတင္ေရာက္ရွိတဲ့ ေဖေဖာ္ဝါရီ(၂)ရက္ကေန ဒီေန႔အထိ ဘာမွမျဖစ္ပါဘူး။ ဒါေပမယ့္ ေစာင့္ၾကည့္ကာလအတြင္း ဖ်ားနာလာရင္ ျပည္သူ႔ေဆး႐ုံႀကီးရဲ့ သတ္မွတ္ အခန္းကိုေရႊ႕ၿပီး nCoV ေရာဂါဟုတ္မဟုတ္ ဆက္လက္စစ္ေဆးသြားမွာပါ။ အခုခ်ိန္ထိေတာ့ သံသယျဖစ္စရာေတာ့ လုံးဝမေတြ႕ေသးဘူး။၁၄ ရက္ျပည့္တဲ့ေန႔ျဖစ္တဲ့ ေဖေဖာ္ဝါရီ(၁၆)ရက္မနက္ပိုင္းမွာ ေနရပ္ကို ျပန္လည္ပို႔ေဆာင္ဖို႔ စီစဥ္သြားမွာပါ။”ဟု Surveillance and RespondTeam(SRT)ဥကၠ႒ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ေျပာၾကားခဲ့သည္။

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕သို႔ ေရာက္ရွိေနသည့္ ျမန္မာေက်ာင္းသားေက်ာင္းသူ(၆၀)ေက်ာ္အနက္ (၅၉)ဦးစီးနင္းလိုက္ပါလာသည့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA B-737-800) အထူးေလယာဥ္သည္ ေဖေဖာ္ဝါရီ(၂)ရက္ နံနက္(၅)နာရီ မိနစ္(၅၀)အခ်ိန္ခန႔္တြင္ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆိုက္ေရာက္ခဲ့ၿပီး မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ကန္ေတာ္နဒီ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရာ ယေန႔ဆိုလၽွင္ (၁၁)ရက္ေျမာက္ရွိၿပီျဖစ္သည္။

လက္ရွိအခ်ိန္တြင္ ျပန္လည္ေရာက္ရွိလာသည့္ေက်ာင္းသား၊ ေက်ာင္းသူ ၅၉ဦးကို အဖ်ားရွိ၊ မရွိတိုင္းတာစစ္ေဆးၿပီးမွ သတ္မွတ္ထားသည့္ ကန္ေတာ္နဒီေဆး႐ုံရွိ အခန္းအသီးသီးတြင္ ေနရာခ်ေပးထားၿပီး ေန႔စဥ္ တစ္ရက္၂ႀကိမ္ႏႈန္းျဖင့္ အဖ်ားတိုင္းကာ ေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္လ်က္ရွိရာ ေက်ာင္းသား၊ေက်ာင္းသူအားလုံး က်န္းမာစြာ ေနထိုင္အနားယူလ်က္ရွိၿပီး ယင္းတို႔ကို (၁၄)ရက္ျပည့္ေျမာက္သည့္ ေဖေဖာ္ဝါရီ(၁၆)ရက္ေန႔နံနက္တြင္ ေနရပ္သို႔ ျပန္လည္ပို႔ေဆာင္မည္ျဖစ္ၿပီး ၾကားရက္တြင္ အားကစားႏွင့္က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးကိုယ္တိုင္လာေရာက္၍ အားေပးစကားေျပာၾကားမည္ျဖစ္ေၾကာင္းလည္း ၎ကဆက္လက္ေျပာဆိုခဲ့သည္။

မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ဖြဲ႕စည္းေပးထားေသာ Surveillance and Respond Team(SRT)အေနျဖင့္ ေက်ာင္းသားမ်ားကို အစားအစာ ေကၽြးေမြးရာတြင္ တစ္ခါသုံးဘူးမ်ား အသုံးျပဳေစၿပီး ေက်ာင္းသားမ်ား၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္ရြက္ေပးေနၿပီး မိသားစုဝင္မ်ား ျပင္ပလူမ်ားႏွင့္ အဆက္အသြယ္မျပတ္ေစရန္ မိုဘိုင္ဆင္းမ္ကတ္မ်ားေပး ထားမည္ျဖစ္ၿပီး Myanmar Net ကုမၸဏီမွ (Frontiir Co.) က Free Wi Fi တပ္ဆင္ လႉ ဒါန္းေပးထားျခင္းႏွင့္ အမွိုက္မ်ားကိုလည္း PPE ဝတ္စုံအျပည့္ ဝတ္ဆင္ထားသည့္ သန႔္ ရွင္းေရးဝန္ထမ္းမ်ားက သိမ္းဆည္းမည္ျဖစ္သကဲ့သို႔ သီးသန႔္အမွိုက္သိမ္းယာဥ္ျဖင့္ သယ္ေဆာင္ကာ မီးရွို႔ဖ်က္ဆီးျခင္းမ်ားကို ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *