မှတ်မှတ်သားသားဗိုလ်ချုပ်စကား

Unicode

မှတ်မှတ်သားသားဗိုလ်ချုပ်စကား

အယ်ဒီတာအဖွဲ့စုစည်းတင်ပြသည်။

”ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုးရှိနိုင်မယ်”
(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ရက်၊ ပင်လုံမိန့်ခွန်း)

”လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလို တာလား။ မဟုတ်ဘူး။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ”
(၁၉၄၄၊ မတ်၁၄၊ ဗိုလ်သင်တန်း ကျောင်း ဆင်းမိန့်ခွန်း)

”ဟေ့…သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ။ ရန်သူကို မိမိလက်အားနေရင် လက် နှင့် ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့်ကိုက်ပြီးမှ ရဲရဲ သေပြလိုက်ကြတာပေါ့”
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၎င်း တို့အား အားလုံးဖျောက်ဖျက်မည့် အခြေ အနေမျိုးကို ကြုံတွေ့နေကြရစဉ်)

”ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တစ်ဖွဲ့ တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်”
”စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့ တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီး တွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေ ကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက် ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့”
(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ် များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက် ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက် ရန် တာဝန်ကျသူဗိုလ်ကျော်ဇောက ဗိုလ်ချုပ် အောင်ဆန်းအား ကန်တော့သောအခါ)

”ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိ တယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်း ကလဲ ထထကြွကြွရှိတဲ့ ရွာတစ်ရွာလို့ အသိအမှတ် ပြုခဲ့တယ်၊ မှင်နီ အဝိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ် အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ”
(ပဲခူးခရိုင်ဝေါအပိုင် အညာစုရွာ ဗိုလ် ချုပ်အောင်ဆန်းရောက်၍၊ ရဲဘော်၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ် မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ ခြင်းဖြစ်သည်။)

ဒီမှာဆရာ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေကြတာ မဟုတ်ဘူး ဒီလိုမဟုတ်မဟတ်ကို စိတ်ထင်ရာတွေ ရှောက်လုပ်နေကြမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ကြီးဟာ မကြာမီပျက်စီး ပြိုကွဲပြီး ကျွန်သဘောက်ဖြစ်သွားကြမှာဘဲ။ ကျွန်တော်တို့ တိုင်းပြည်ထဲမှာ အလောင်းဘုရား လက်ထက်ကတည်းက ရှိခဲ့ကြတဲ့ မွတ်စလင်တွေရှိ တယ်၊ ဘုရင်ဂျီတွေရှိတယ်၊ အစကတည်းက ရှိလာ ခဲ့ကြတဲ့ နတ်ကိုးကွယ်ကြတဲ့ တောင်တန်းသားတွေ ရှိတယ်။ တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲ နေကြတာတွေ ရှိတယ်၊ သူတို့တတွေဟာလည်း အားလုံးနိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်း ကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော် တို့ချည်း မဟုတ်ဘူး၊ သူတို့တတွေပါ ပါကြပါတယ်။ အခု ကျွန်တွင်းက လွတ်မယ်မှ မကြံကြသေးဘူး၊ သူတို့တတွေ အပေါ်မှာအနိုင်ကျင့်ပြီး ငါတို့ လူများစုရဲ့ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမယ်လို့လုပ်လိုက်ရင် ကျုပ်တို့ဟာ ခွေး လောက်တောင် သောက်သုံးမကြတဲ့ အကောင် တွေဖြစ်သွားကြမှာပေါ့။ ဆရာတိုင်းပြည်ကို တိုင်း ပြည်ရေးလို့ တွေးစမ်းပါ။ ဘာသာတွေ ဘာတွေ ညာတွေလုပ်မနေပါနဲ့၊ကျွန်တော်တို့ဟာ ကျွန်တော် တို့ တိုင်းပြည်တစ်ခုလုံးစည်းရုံးနေဖို့ လိုတယ်။အမျိုး၊ဘာသာ၊ သာသနာ၊ ပညာ ဆိုတာတွေဟာ ရှေးရှေးပဒေသရာဇ် မင်းတရားကြီးတွေရဲ့ စိတ် ကူးယဉ် ဘဝင်လေပင့်ပြီး ပြောခဲ့တဲ့ စကားတွေပါ။ အခုအချိန်မှာ ကျွန်တော်တို့ လိုကြတာက ပြည် ထောင်စုကြီးထဲမှာ ရှိနေကြတဲ့လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက် သွားမဲ့လူတွေ ပေါ်မလာစေဘဲ နိုင်ငံစိတ်ဓာတ် တခုထဲ ရှိနေအောင်သွင်းပေးဖို့ စည်းရုံးပေးဖို့ လိုတယ်။ နိုင်ငံတော် ဘာသာ ဗုဒ္ဓဘာသာလုပ် ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ဒါယကာတော် တက်လုပ်။ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ စိုးမိုးအုပ်ချုပ်တော် မူသော သီရိပဝရဓမ္မရာဇာ ဘဝရှင်မင်းတရား ကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာ နိုင်ငံတော်လို့ ဆရာဟာဆရာကြေညာ၊ ကျွန်တော် မပါဘူး။◾

Zawgyi

မွတ္မွတ္သားသားဗိုလ္ခ်ဳပ္စကား

အယ္ဒီတာအဖြဲ႕စုစည္းတင္ျပသည္။

”ဗမာက တစ္မ်ိဳး ၊ ကရင္က တစ္ဖုံ ၊ ရွမ္း၊ ကခ်င္ ၊ ခ်င္းတို႔က တစ္ျခား အကြဲကြဲ အျပားျပား လုပ္ေနၾကရင္ အက်ိဳးရွိမွာ မဟုတ္ဘူး ။ စုေပါင္း လုပ္မွသာ အက်ိဳးရွိနိုင္မယ္”
(၁၉၄၇ ၊ ေဖေဖာ္ဝါရီ ၁၁ရက္၊ ပင္လုံမိန႔္ခြန္း)

”လူႀကီးဆိုတာ အသက္ႀကီးတာကို ဆိုလို တာလား။ မဟုတ္ဘူး။ အသက္မႀကီးေပးမယ့္ လုပ္တဲ့ အလုပ္ႀကီးရင္ လူႀကီးပဲ”
(၁၉၄၄၊ မတ္၁၄၊ ဗိုလ္သင္တန္း ေက်ာင္း ဆင္းမိန႔္ခြန္း)

”ေဟ့…ေသလဲ ဗမာပီပီ ဇာတိမာန္ႏွင့္ ေသၾကပါ။ ရန္သူကို မိမိလက္အားေနရင္ လက္ ႏွင့္ ထိုး၊ ေျခအားေနရင္ ေျခနဲ႔ကန္ပါ။ ေနာက္ဆုံး ပါးစပ္အားေနလၽွင္ ပါးစပ္ႏွင့္ကိုက္ၿပီးမွ ရဲရဲ ေသျပလိုက္ၾကတာေပါ့”
(ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ ရဲေဘာ္ သုံးက်ိပ္တို႔ ေဟနန္ကၽြန္းတြင္ ဂ်ပန္မ်ားက စစ္ပညာသင္ေပးေနၾကစဥ္ ဂ်ပန္တို႔က ၎ တို႔အား အားလုံးေဖ်ာက္ဖ်က္မည့္ အေၿခ အေနမ်ိဳးကို ၾကဳံေတြ႕ေနၾကရစဥ္)

”ရဲေဘာသုံးက်ိပ္ဟာ နိုင္ငံေရးအဖြဲ႕ တစ္ဖြဲ႕ တည္း မဟုတ္ပဲ သခင္ဂိုဏ္းႀကီးႏွစ္ခုျဖစ္တယ္၊ အနာဂါတ္ လြတ္လပ္ေရးတိုက္ပြဲမွာ ဒီသုံးက်ိပ္ ညီညြတ္ဖို႔ လိုတယ္။ ဒါမွ လူငယ္မ်ားျဖစ္တဲ့ သခင္ဂိုဏ္း ႏွစ္ဂိုဏ္းလုံး ညီညြတ္မယ္။ ဒါမွ လူမ်ားစုကို ကိုယ္စားျပဳမဲ့လူေတြ တကယ္လဲ အလုပ္လုပ္ၾကမဲ့ လူငယ္ေတြ ညီညြတ္မယ္။ ဒါမွ လြတ္လပ္ေရးတိုက္ပြဲဟာ ခိုင္မာေတာင့္တင္းမယ္”
”စစ္ထြက္ၾကတာေပါ့၊ ေရွးေရွးတုန္းက ဗမာ့ တပ္ေတြ စစ္ထြက္ၾကတာ တနသာရႌကို ေလွႀကီး ေတြနဲ႔ ေရေၾကာင္းလႊင့္ၾကေတာ့ တခ်ိဳ႕က ေရ ေၾကာင္းမွားၿပီး ရခိုင္ျပည္ဘက္ ေရာက္လိုေရာက္ ျဖစ္ၾကတာပဲ၊ ဒါေပမဲ့ ေရာက္တဲ့ေနရာက ဆက္ၿပီး ျဖစ္သလို လုပ္ၾကတာေပါ့”
(ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ ယိုးဒယားတြင္ တပ္ မ်ားစုၾကၿပီး တပ္စစ္ေၾကာင္း အသီးသီးထြက္ ရန္ စီစဥ္ၾကစဥ္ ဖာပြန္စစ္ေၾကာင္း ခ်ီတက္ ရန္ တာဝန္က်သူဗိုလ္ေက်ာ္ေဇာက ဗိုလ္ခ်ဳပ္ ေအာင္ဆန္းအား ကန္ေတာ့ေသာအခါ)

”ခင္ဗ်ားတို႔ရႊာကို ေရွးယခင္တုန္းက ယုံမိ တယ္၊ ဘာ့ေၾကာင့္လဲဆိုေတာ့ ဆရာစံထတုန္း ကလဲထထႂကြႂကြရွိတဲ့ ရြာတစ္ရြာလို႔ အသိအမွတ္ ျပဳခဲ့တယ္၊ မွင္နီ အဝိုင္းခံခဲ့ရတယ္၊ ခုေတာ့ က်ဳပ္ အထင္ႀကီးသေလာက္ မဟုတ္တာ ေတြ႕ရတယ္ ”
(ပဲခူးခရိုင္ေဝါအပိုင္ အညာစုရြာ ဗိုလ္ ခ်ဳပ္ေအာင္ဆန္းေရာက္၍၊ ရဲေဘာ္၃၇ ေယာက္စုရန္ေျပာရာ ရပ္ရြာထဲက တုတ္တုတ္ မလႈပ္ၾက၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေျပာခဲ့ ျခင္းျဖစ္သည္။)

ဒီမွာဆရာ ကၽြန္ေတာ္တို႔က လူႀကိဳက္ေအာင္ လုပ္ေနၾကတာ မဟုတ္ဘူး ဒီလိုမဟုတ္မဟတ္ကို စိတ္ထင္ရာေတြ ေရွာက္လုပ္ေနၾကမယ္ဆိုရင္ ကၽြန္ေတာ္တို႔တိုင္းျပည္ႀကီးဟာ မၾကာမီပ်က္စီး ၿပိဳကြဲၿပီး ကၽြန္သေဘာက္ျဖစ္သြားၾကမွာဘဲ။ ကၽြန္ေတာ္တို႔ တိုင္းျပည္ထဲမွာ အေလာင္းဘုရား လက္ထက္ကတည္းက ရွိခဲ့ၾကတဲ့ မြတ္စလင္ေတြရွိ တယ္၊ ဘုရင္ဂ်ီေတြရွိတယ္၊ အစကတည္းက ရွိလာ ခဲ့ၾကတဲ့ နတ္ကိုးကြယ္ၾကတဲ့ ေတာင္တန္းသားေတြ ရွိတယ္။ တခ်ိဳ႕ ခရစ္ယာန္ေတြျဖစ္ၿပီး အရိုးစြဲ ေနၾကတာေတြ ရွိတယ္၊ သူတို႔တေတြဟာလည္း အားလုံးနိုင္ငံသားေတြဘဲ၊ တိုင္းျပည္ကို ကၽြန္တြင္း ကလြတ္ေအာင္ တိုက္ထုတ္ၾကတုန္းက ကၽြန္ေတာ္ တို႔ခ်ည္း မဟုတ္ဘူး၊ သူတို႔တေတြပါ ပါၾကပါတယ္။ အခု ကၽြန္တြင္းက လြတ္မယ္မွ မႀကံၾကေသးဘူး၊ သူတို႔တေတြ အေပၚမွာအနိုင္က်င့္ၿပီး ငါတို႔ လူမ်ားစုရဲ့ဘာသာကို နိုင္ငံေတာ္ဘာသာ ျဖစ္ရမယ္လို႔လုပ္လိုက္ရင္ က်ဳပ္တို႔ဟာ ေခြး ေလာက္ေတာင္ ေသာက္သုံးမၾကတဲ့ အေကာင္ ေတြျဖစ္သြားၾကမွာေပါ့။ ဆရာတိုင္းျပည္ကို တိုင္း ျပည္ေရးလို႔ ေတြးစမ္းပါ။ ဘာသာေတြ ဘာေတြ ညာေတြလုပ္မေနပါနဲ႔၊ကၽြန္ေတာ္တို႔ဟာ ကၽြန္ေတာ္ တို႔ တိုင္းျပည္တစ္ခုလုံးစည္း႐ုံးေနဖို႔ လိုတယ္။အမ်ိဳး၊ဘာသာ၊ သာသနာ၊ ပညာ ဆိုတာေတြဟာ ေရွးေရွးပေဒသရာဇ္ မင္းတရားႀကီးေတြရဲ့ စိတ္ ကူးယဥ္ ဘဝင္ေလပင့္ၿပီး ေျပာခဲ့တဲ့ စကားေတြပါ။ အခုအခ်ိန္မွာ ကၽြန္ေတာ္တို႔ လိုၾကတာက ျပည္ ေထာင္စုႀကီးထဲမွာ ရွိေနၾကတဲ့လူမ်ိဳးအားလုံး ဘာသာအားလုံး ဘယ္ေတာ့မွ မၿပိဳကြဲဘဲ ခြဲထြက္ သြားမဲ့လူေတြ ေပၚမလာေစဘဲ နိုင္ငံစိတ္ဓာတ္ တခုထဲ ရွိေနေအာင္သြင္းေပးဖို႔ စည္း႐ုံးေပးဖို႔ လိုတယ္။ နိုင္ငံေတာ္ ဘာသာ ဗုဒၶဘာသာလုပ္ ခ်င္ရင္ ဆရာကိုယ္တိုင္ ဘဝရွင္မင္းတရားႀကီး အမည္ခံၿပီး သာသနာ့ဒါယကာေတာ္ တက္လုပ္။ ၿပီးေတာ့ စည္ကုံးခရိုင္နဲ႔တကြ စိုးမိုးအုပ္ခ်ဳပ္ေတာ္ မူေသာ သီရိပဝရဓမၼရာဇာ ဘဝရွင္မင္းတရား ႀကီး သာသနာ့ ဒါယကာ ဘခ်ိဳ၏ ဗုဒၶဘာသာ နိုင္ငံေတာ္လို႔ ဆရာဟာဆရာေၾကညာ၊ ကၽြန္ေတာ္ မပါဘူး။◾

Leave a Reply

Your email address will not be published. Required fields are marked *