ကျောက်ဆည်မြို့ရှောင်လမ်းတွင် ပိုင်ရှင်မဲ့ရပ်ထားသည့်ယာဉ်ပေါ်မှ မူးယစ်ဆေးများ တွေ့ရှိသိမ်းဆည်း

Unicode

ကျောက်ဆည်မြို့ရှောင်လမ်းတွင် ပိုင်ရှင်မဲ့ရပ်ထားသည့်ယာဉ်ပေါ်မှ ကျပ်သိန်းပေါင်းလေးသောင်းနှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ တွေ့ရှိသိမ်းဆည်း

ကျောက်ဆည်၊ ဖေဖော်ဝါရီ ၁၂

MTK

ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၃၇၀-၄/၅) မြေသားလမ်းပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁ နာရီကျော်က ပိုင်ရှင်မဲ့ရပ်နားထားသည့် ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်းပေါင်းလေးသောင်းနှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က လှည့်ကင်းဆောင်ရွက်စဉ်တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ယနေ့ နံနက် ၁နာရီကျော်အချိန့်က လှည့်ကင်းဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပြည်ပန်းကျေးရွာအနီး မြို့ရှောင်လမ်း မိုင်တိုင်အမှတ်(၃၇၀-၄/၅) မြေသားလမ်းပေါ်တွင် Hilux Vigeo အဖြူရောင် ဒဘယ်ကပ်အမျိုးအစားယာဉ်တစ်စီးရပ်တန့်ထားသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ဘိန်းဖြူဆပ်ပြာခွက်များထည့်ထားသည့် အစိမ်းရောင် ပီနန်အိတ်(၆)အိတ်၊ ယာဉ်မောင်း နောက်ခန်းမှ စိတ်ကြွရူးသွပ်ဆေးပြားထည့်ထားသည့် အဝါရောင် ပီနန်အိတ်(၂)အိတ်ကို တွေ့ရှိခဲ့ရသည်။

ယင်းနောက် ပတ်ဝန်းကျင်အားဆက်လက်စစ်ဆေးရာ ယာဉ်နှင့် ပေ(၁၀၀)ခန့်အကွာ လမ်းယာဘက် ချုံပုတ်အတွင်းမှဘိန်းဖြူဆပ်ပြာခွက်များ ထည့်ထားသည့် အစိမ်းရောင် ပီနန်အိတ် ၄ အိတ်၊ အဝါရောင်ပီနန်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားအိတ်ပိုင်းတစ်ပိုင်း၊ ယာဉ်၏ ယာဘက်ဘေးအနီး ချုံပုတ်အတွင်းမှ အဝါရောင် ပီနန်အိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား(၃)အိတ်တို့ကိုလည်း ထပ်မံ တွေ့ရှိခဲ့သလို အဆိုပါယာဉ်အတွင်းဆက်လက်ရှာဖွေရာ ယာဉ်မောင်းခန်းအတွင်း ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားစာရွက်စာတမ်းများ၊ ပိုင်ရှင်နှင့်ယာဉ်မောင်းသူတို့၏ အထောက်အထားများကိုလည်း တွေ့ရှိခဲ့ရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးများကို မြို့နယ်ရဲစခန်းသို့ သယ်ယူစစ်ဆေးခဲ့ရာ အစိမ်းရောင်ပီနန်အိတ်အတွင်းမှ တစ်ခွက်လျှင် ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၁၀ ဂရမ်ခန့် ပါသည့် ရောင်စုံဆပ်ပြာခွက် ၂၂၀(အလေးချိန် ၂၂၀၀ ဂရမ်)၊ စုစုပေါင်း ပီနန်အိတ် ၁၀ အိတ် အလေးချိန် ၂၂ ကီလိုခန့်၊ တစ်ကီလိုလျှင် ကျပ်သိန်း ၇၀၀ နှုန်းဖြင့် ကျပ်သိန်း ၁၅၄၀၀ ကို တွေ့ရှိခဲ့သလို အဝါရောင်ပီနန်အိတ်အတွင်းမှ တစ်အိတ်လျှင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းခန့်စီပါသည့် အိတ် ၅ အိတ်နှင့် ဆေးပြား ၄၉၀၀၀ ပါသည့် အိတ်ပိုင်းတစ်ပိုင်း၊ စုစုပေါင်း ဆေးပြား ၅၄၉၀၀၀ ခန့်၊ တစ်ပြားလျှင် ငါးထောင်ကျပ်နှုန်းဖြင့် ကာလတန်ဖိုး ၂၇၄၅၀ ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် နှစ်မျိုးပေါင်းလျှင် ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း လေးသောင်းနှစ်ထောင်ကျော် (၄၂၈၅၀) တန်ဖိုးရှိသည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

“သိမ်းဆည်းရမိတဲ့ ယာဉ်ပိုင်ရှင်ရဲ့လိပ်စာအတိုင်း လိုက်လံစုံစမ်းနေတယ်လို့ကြားတယ်။ အတိအကျိတော့ မသိသေးဘူး။”ဟု စစ်ဆေးရာတွင်ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းသတင်းကိုအတည်ပြုနိုင်ရန် ကျောက်ဆည်မြို့နယ်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဆည်မြို့မရဲစခန်းတွင် မူးယစ် (ပ)၇/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။◾

Zawgyi

ေက်ာက္ဆည္ၿမိဳ႕ေရွာင္လမ္းတြင္ ပိုင္ရွင္မဲ့ရပ္ထားသည့္ယာဥ္ေပၚမွ က်ပ္သိန္းေပါင္းေလးေသာင္းႏွစ္ေထာင္ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ား ေတြ႕ရွိသိမ္းဆည္း

ေက်ာက္ဆည္၊ ေဖေဖာ္ဝါရီ ၁၂

MTK

ေက်ာက္ဆည္ၿမိဳ႕နယ္၊ ျပည္ပန္းေက်းရြာအနီး ၿမိဳ႕ေရွာင္လမ္း မိုင္တိုင္အမွတ္(၃၇၀-၄/၅) ေျမသားလမ္းေပၚတြင္ ယေန႔ ေဖေဖာ္ဝါရီလ ၁၀ ရက္ နံနက္ ၁ နာရီေက်ာ္က ပိုင္ရွင္မဲ့ရပ္နားထားသည့္ ယာဥ္တစ္စီးေပၚမွ က်ပ္သိန္းေပါင္းေလးေသာင္းႏွစ္ေထာင္ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ရဲတပ္ဖြဲ႕က လွည့္ကင္းေဆာင္ရြက္စဥ္ေတြ႕ရွိသိမ္းဆည္းနိုင္ခဲ့ေၾကာင္း သိရသည္။

ေက်ာက္ဆည္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ဝင္မ်ား ယေန႔ နံနက္ ၁နာရီေက်ာ္အခ်ိန႔္က လွည့္ကင္းေဆာင္ရြက္ေနစဥ္ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ ျပည္ပန္းေက်းရြာအနီး ၿမိဳ႕ေရွာင္လမ္း မိုင္တိုင္အမွတ္(၃၇၀-၄/၅) ေျမသားလမ္းေပၚတြင္ Hilux Vigeo အျဖဴေရာင္ ဒဘယ္ကပ္အမ်ိဳးအစားယာဥ္တစ္စီးရပ္တန႔္ထားသည္ကိုေတြ႕ရွိသျဖင့္ စစ္ေဆးခဲ့ရာ ယာဥ္ေနာက္ခန္းအတြင္းမွ ဘိန္းျဖဴဆပ္ျပာခြက္မ်ားထည့္ထားသည့္ အစိမ္းေရာင္ ပီနန္အိတ္(၆)အိတ္၊ ယာဥ္ေမာင္း ေနာက္ခန္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားထည့္ထားသည့္ အဝါေရာင္ ပီနန္အိတ္(၂)အိတ္ကို ေတြ႕ရွိခဲ့ရသည္။

ယင္းေနာက္ ပတ္ဝန္းက်င္အားဆက္လက္စစ္ေဆးရာ ယာဥ္ႏွင့္ ေပ(၁၀၀)ခန႔္အကြာ လမ္းယာဘက္ ခ်ဳံပုတ္အတြင္းမွဘိန္းျဖဴဆပ္ျပာခြက္မ်ား ထည့္ထားသည့္ အစိမ္းေရာင္ ပီနန္အိတ္ ၄ အိတ္၊ အဝါေရာင္ပီနန္အိတ္ျဖင့္ ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားအိတ္ပိုင္းတစ္ပိုင္း၊ ယာဥ္၏ ယာဘက္ေဘးအနီး ခ်ဳံပုတ္အတြင္းမွ အဝါေရာင္ ပီနန္အိတ္ျဖင့္ ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၃)အိတ္တို႔ကိုလည္း ထပ္မံ ေတြ႕ရွိခဲ့သလို အဆိုပါယာဥ္အတြင္းဆက္လက္ရွာေဖြရာ ယာဥ္ေမာင္းခန္းအတြင္း ယာဥ္ႏွင့္ပတ္သက္သည့္ အေထာက္အထားစာရြက္စာတမ္းမ်ား၊ ပိုင္ရွင္ႏွင့္ယာဥ္ေမာင္းသူတို႔၏ အေထာက္အထားမ်ားကိုလည္း ေတြ႕ရွိခဲ့ရသည္။

သိမ္းဆည္းရမိသည့္ မူးယစ္ေဆးမ်ားကို ၿမိဳ႕နယ္ရဲစခန္းသို႔ သယ္ယူစစ္ေဆးခဲ့ရာ အစိမ္းေရာင္ပီနန္အိတ္အတြင္းမွ တစ္ခြက္လၽွင္ ဘိန္းျဖဴဟု ယူဆရသည့္ ျဖဴ/ဝါေရာင္အမႈန႔္ အေလးခ်ိန္ ၁၀ ဂရမ္ခန႔္ ပါသည့္ ေရာင္စုံဆပ္ျပာခြက္ ၂၂၀(အေလးခ်ိန္ ၂၂၀၀ ဂရမ္)၊ စုစုေပါင္း ပီနန္အိတ္ ၁၀ အိတ္ အေလးခ်ိန္ ၂၂ ကီလိုခန႔္၊ တစ္ကီလိုလၽွင္ က်ပ္သိန္း ၇၀၀ ႏႈန္းျဖင့္ က်ပ္သိန္း ၁၅၄၀၀ ကို ေတြ႕ရွိခဲ့သလို အဝါေရာင္ပီနန္အိတ္အတြင္းမွ တစ္အိတ္လၽွင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား တစ္သိန္းခန႔္စီပါသည့္ အိတ္ ၅ အိတ္ႏွင့္ ေဆးျပား ၄၉၀၀၀ ပါသည့္ အိတ္ပိုင္းတစ္ပိုင္း၊ စုစုေပါင္း ေဆးျပား ၅၄၉၀၀၀ ခန႔္၊ တစ္ျပားလၽွင္ ငါးေထာင္က်ပ္ႏႈန္းျဖင့္ ကာလတန္ဖိုး ၂၇၄၅၀ ကို စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ ႏွစ္မ်ိဳးေပါင္းလၽွင္ ကာလတန္ဖိုး စုစုေပါင္း က်ပ္သိန္း ေလးေသာင္းႏွစ္ေထာင္ေက်ာ္ (၄၂၈၅၀) တန္ဖိုးရွိသည္ဟု ရဲမွတ္တမ္းတြင္ေဖာ္ျပထားသည္။

“သိမ္းဆည္းရမိတဲ့ ယာဥ္ပိုင္ရွင္ရဲ့လိပ္စာအတိုင္း လိုက္လံစုံစမ္းေနတယ္လို႔ၾကားတယ္။ အတိအက်ိေတာ့ မသိေသးဘူး။”ဟု စစ္ေဆးရာတြင္ပါဝင္ခဲ့သည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာၾကားခဲ့သည္။

ယင္းသတင္းကိုအတည္ျပဳနိုင္ရန္ ေက်ာက္ဆည္ၿမိဳ႕နယ္ရဲစခန္းသို႔ ဖုန္းျဖင့္ဆက္သြယ္ေသာ္လည္း မရရွိခဲ့ေပ။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ (ပ)၇/၂၀၂၀၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာဥပေဒပုဒ္မ-၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *