ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်လို တန်းတူအခွင့်အရေးလိုချင်တယ်ဟု ပွဲကျင်းပကော်မတီဝင်ပြော

Unicode

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်လို တန်းတူအခွင့်အရေးလိုချင်တယ်ဟု ပွဲကျင်းပကော်မတီဝင်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အောင်ချစ်
နိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီစနစ်မှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်သို့ လျှောက်လမ်းနေမှုအပေါ် ကြိုဆိုသော်လည်း ကရင်ပြည်နယ်အား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်လို တန်းတူ အခွင့်အရေး လိုချင်ကြောင်း (၇၂)နှစ်မြောက် ကရင်အမျိုးသားနေ့အခမ်းအနားကျင်းပရေးကော်မတီ၏ ကော်မတီဝင်ဖြစ်သူ မနော်ခင်ခင်ချစ်က ပြောကြားသည်။

“အခုလက်ရှိက ဒီနိုင်ငံတော်မှာရှိတဲ့ နိုင်ငံတော်အစိုးရသွားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားနေတယ်။ကျွန်မတို့က လည်းသွားမယ်။ ဒီအတွေးအခေါ်က အရင်ကတည်းကရှိခဲ့တာ ကရင်တွေက ဒါကြောင့် ဒီဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်။ သွားတဲ့အခါကျရင် ဒီကရင်တွေလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိတဲ့ ကရင်။ နောက် တန်းတူအခွင့်အရေးလိုချင်တယ်။ ဖက်ဒရယ်သွားရင်တော့ တန်းတူအခွင့်အရေးပေးရမှာဘဲ။ တန်းတူအခွင့်အရေးဆိုတာ ကရင်လည်းတစ်ကျပ်၊ဗမာလည်း တစ်ကျပ်၊ ရှမ်းလည်းတစ်ကျပ် အကုန်လုံးတစ်ကျပ်ပဲ” ဟု ကရင်အမျိုးသားနေ့ ကျင်းပရေးကော်မတီဝင်တစ်ဦးဖြစ်သူ မနော်ခင်ခင်ချစ်ကပြောကြားသည်။

ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်ရှိ ယုဒဿာန်ရိပ်သာတွင်ပြုလုပ်သည့် (၇၂)မြောက် ကရင်အမျိုး နေ့အခမ်းအနားတွင် ပွဲကျောင်းပရေးကော်မတီ၏ကော်မတီဝင်တစ်ဦးဖြစ်သူ မနော်ခင်ခင်ချစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကရင်အမျိုးသားလူငယ်များနှင့် ကရင်နိုင်ငံရေးပါတီအချို့က စစ်ကြောင်း ၄ ကြောင်းဖြင့် ချီတက်ခဲ့ကြပြီး ပြည်တွင်းစစ်အလိုမရှိ၊ ကရင်ပြည်နယ်လွတ်လပ်ရေး ချက်ခြင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ခြင်းပြ၊ လူမျိုးရေးအထိကရုဏ်းများ အလိုမရှိစသည့် တောင်းဆိုချက်များပါရှိသည့် ဗွီနိုင်းပိုစတာများအား ကိုင်ဆောင်ကာ ယုဒဿာန်ရိပ်သာရှိရာသို့ ချီတက်လမ်းလျှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” အခုလို စစ်ကြောင်းတွေနဲ့ချီတက်လမ်းလျှောက်တဲ့ပုံစံကို ဘာဖြစ်လို့လုပ်ရတာလည်းဆိုတော့ သမိုင်းကြောင်းမှာအလိမ်ခံခဲ့ရတာတွေ၊မေ့ပျောက်ခံခဲ့ရတာတွေ၊ ဖိနှိပ်ခံခဲ့ရတာတွေများတော့ နောင်လူတွေအနေနဲ့ ကရင်အမျိုးသားနေ့ဆိုတာကို အခုလိုပြုလုပ်ရတာဖြစ်ပါတယ်”ဟု ယင်းချီတက်လမ်းလျှောက်မှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ထိုသို့အခမ်းအနားအား ချီတက်လမ်းလျှောက်ခြင်းဖြင့် ပြုလုပ်ရခြင်းသည် ၁၉၄၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျ ရောက်ခဲ့သည့် ကရင်အမျိုးသားနေ့ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည့် ပုံစံအတိုင်း ချီတက်လမ်းကြောင်း (၄)ကြောင်း ဖြင့်ပြုလုပ်ရခြင်းဖြစ်ပြီး စစ်ကြောင်းများ၏ စုရပ်များအနေဖြင့် စမ်းချောင်းမြို့နယ်ရှိ မြေနီကုန်းစုရပ်တွင် လည်းကောင်း၊ ဗဟန်းမြို့နယ်ရှိ တက္ကသိုလ်ရိပ်သာလမ်း (အမေရိကန်စင်တာရှေ့ ) တွင်လည်းကောင်း၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းလမ်းဆုံစုရပ်နှင့် အလုံမြို့နယ်၊ အလုံကရင်ခြံ စုရပ် စသည့် စုရပ်အသီးသီးတို့မှ ချီတက်လမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

“ကျွန်မတို့ရဲ့အမျိုးသားနေ့ကို ရည်ရွယ်ချက်၄ချက်နဲ့ကျင်းပခဲ့တာပါ။ကိုယ့်အမျိုးသားနေ့ကို မမေ့မလျော့ပဲ အမြဲသတိတရ ရှိနေစေဖို့အတွက်ပါ။”ဟု အခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင် မနော်ခင်ခင်ချစ်က ပြောသည်။

ထို့နောက် စစ်ကြောင်း ၄ ကြောင်းဆုံရပ်ဖြစ်သည့် ယုဒဿာန်ခမ်းမတွင် အခမ်းအနားကိုကျင်းပခဲ့ပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်များမှကရင်အမျိုးသားလူငယ်များနှင့်ကရင်နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)ဗဟိုမှ တာဝန်ရှိသူအချို့က ကရင်အမျိုးသားနေ့သမိုင်းကြောင်း ဟောပြောမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။◾

Zawgyi

ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိၿပီး ကရင္တစ္က်ပ္၊ ဗမာတစ္က်ပ္လို တန္းတူအခြင့္အေရးလိုခ်င္တယ္ဟု ပြဲက်င္းပေကာ္မတီဝင္ေျပာ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁

ေအာင္ခ်စ္
နိုင္ငံေတာ္အစိုးရ၏ ဒီမိုကေရစီစနစ္မွ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုစနစ္သို႔ ေလၽွာက္လမ္းေနမႈအေပၚ ႀကိဳဆိုေသာ္လည္း ကရင္ျပည္နယ္အား ကိုယ္ပိုင္ျပ႒ာန္းခြင့္ႏွင့္ ကရင္တစ္က်ပ္၊ ဗမာတစ္က်ပ္လို တန္းတူ အခြင့္အေရး လိုခ်င္ေၾကာင္း (၇၂)ႏွစ္ေျမာက္ ကရင္အမ်ိဳးသားေန႔အခမ္းအနားက်င္းပေရးေကာ္မတီ၏ ေကာ္မတီဝင္ျဖစ္သူ မေနာ္ခင္ခင္ခ်စ္က ေျပာၾကားသည္။

“အခုလက္ရွိက ဒီနိုင္ငံေတာ္မွာရွိတဲ့ နိုင္ငံေတာ္အစိုးရသြားေနတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို သြားေနတယ္။ကၽြန္မတို႔က လည္းသြားမယ္။ ဒီအေတြးအေခၚက အရင္ကတည္းကရွိခဲ့တာ ကရင္ေတြက ဒါေၾကာင့္ ဒီဖက္ဒရယ္ျပည္ေထာင္စုကိုသြားမယ္။ သြားတဲ့အခါက်ရင္ ဒီကရင္ေတြလည္း ကိုယ္ပိုင္ျပ႒ာန္းခြင့္ ရွိတဲ့ ကရင္။ ေနာက္ တန္းတူအခြင့္အေရးလိုခ်င္တယ္။ ဖက္ဒရယ္သြားရင္ေတာ့ တန္းတူအခြင့္အေရးေပးရမွာဘဲ။ တန္းတူအခြင့္အေရးဆိုတာ ကရင္လည္းတစ္က်ပ္၊ဗမာလည္း တစ္က်ပ္၊ ရွမ္းလည္းတစ္က်ပ္ အကုန္လုံးတစ္က်ပ္ပဲ” ဟု ကရင္အမ်ိဳးသားေန႔ က်င္းပေရးေကာ္မတီဝင္တစ္ဦးျဖစ္သူ မေနာ္ခင္ခင္ခ်စ္ကေျပာၾကားသည္။

ယေန႔ နံနက္ပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊လွိုင္ၿမိဳ႕နယ္ရွိ ယုဒႆာန္ရိပ္သာတြင္ျပဳလုပ္သည့္ (၇၂)ေျမာက္ ကရင္အမ်ိဳး ေန႔အခမ္းအနားတြင္ ပြဲေက်ာင္းပေရးေကာ္မတီ၏ေကာ္မတီဝင္တစ္ဦးျဖစ္သူ မေနာ္ခင္ခင္ခ်စ္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါအခမ္းအနားကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ ကရင္အမ်ိဳးသားလူငယ္မ်ားႏွင့္ ကရင္နိုင္ငံေရးပါတီအခ်ိဳ႕က စစ္ေၾကာင္း ၄ ေၾကာင္းျဖင့္ ခ်ီတက္ခဲ့ၾကၿပီး ျပည္တြင္းစစ္အလိုမရွိ၊ ကရင္ျပည္နယ္လြတ္လပ္ေရး ခ်က္ျခင္းေပး၊ ကရင္တစ္က်ပ္ ဗမာတစ္က်ပ္ ခ်က္ျခင္းျပ၊ လူမ်ိဳးေရးအထိက႐ုဏ္းမ်ား အလိုမရွိစသည့္ ေတာင္းဆိုခ်က္မ်ားပါရွိသည့္ ဗြီနိုင္းပိုစတာမ်ားအား ကိုင္ေဆာင္ကာ ယုဒႆာန္ရိပ္သာရွိရာသို႔ ခ်ီတက္လမ္းေလၽွာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

” အခုလို စစ္ေၾကာင္းေတြနဲ႔ခ်ီတက္လမ္းေလၽွာက္တဲ့ပုံစံကို ဘာျဖစ္လို႔လုပ္ရတာလည္းဆိုေတာ့ သမိုင္းေၾကာင္းမွာအလိမ္ခံခဲ့ရတာေတြ၊ေမ့ေပ်ာက္ခံခဲ့ရတာေတြ၊ ဖိႏွိပ္ခံခဲ့ရတာေတြမ်ားေတာ့ ေနာင္လူေတြအေနနဲ႔ ကရင္အမ်ိဳးသားေန႔ဆိုတာကို အခုလိုျပဳလုပ္ရတာျဖစ္ပါတယ္”ဟု ယင္းခ်ီတက္လမ္းေလၽွာက္မႈတြင္ ပါဝင္သူတစ္ဦးက ေျပာသည္။

ထိုသို႔အခမ္းအနားအား ခ်ီတက္လမ္းေလၽွာက္ျခင္းျဖင့္ ျပဳလုပ္ရျခင္းသည္ ၁၉၄၈ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔တြင္ က် ေရာက္ခဲ့သည့္ ကရင္အမ်ိဳးသားေန႔ခ်ီတက္ ဆႏၵထုတ္ေဖာ္ခဲ့သည့္ ပုံစံအတိုင္း ခ်ီတက္လမ္းေၾကာင္း (၄)ေၾကာင္း ျဖင့္ျပဳလုပ္ရျခင္းျဖစ္ၿပီး စစ္ေၾကာင္းမ်ား၏ စုရပ္မ်ားအေနျဖင့္ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ေျမနီကုန္းစုရပ္တြင္ လည္းေကာင္း၊ ဗဟန္းၿမိဳ႕နယ္ရွိ တကၠသိုလ္ရိပ္သာလမ္း (အေမရိကန္စင္တာေရွ႕ ) တြင္လည္းေကာင္း၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ သမိုင္းလမ္းဆုံစုရပ္ႏွင့္ အလုံၿမိဳ႕နယ္၊ အလုံကရင္ၿခံ စုရပ္ စသည့္ စုရပ္အသီးသီးတို႔မွ ခ်ီတက္လမ္းေလၽွာက္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

“ကၽြန္မတို႔ရဲ့အမ်ိဳးသားေန႔ကို ရည္ရြယ္ခ်က္၄ခ်က္နဲ႔က်င္းပခဲ့တာပါ။ကိုယ့္အမ်ိဳးသားေန႔ကို မေမ့မေလ်ာ့ပဲ အျမဲသတိတရ ရွိေနေစဖို႔အတြက္ပါ။”ဟု အခမ္းအနားက်င္းပေရးေကာ္မတီအဖြဲ႕ဝင္ မေနာ္ခင္ခင္ခ်စ္က ေျပာသည္။

ထို႔ေနာက္ စစ္ေၾကာင္း ၄ ေၾကာင္းဆုံရပ္ျဖစ္သည့္ ယုဒႆာန္ခမ္းမတြင္ အခမ္းအနားကိုက်င္းပခဲ့ၿပီး တိုင္းေဒသႀကီး ႏွင့္ျပည္နယ္မ်ားမွကရင္အမ်ိဳးသားလူငယ္မ်ားႏွင့္ကရင္နိုင္ငံေရးပါတီအခ်ိဳ႕မွ ေခါင္းေဆာင္မ်ားႏွင့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး(KNU)ဗဟိုမွ တာဝန္ရွိသူအခ်ိဳ႕က ကရင္အမ်ိဳးသားေန႔သမိုင္းေၾကာင္း ေဟာေျပာမႈမ်ားျပဳ လုပ္ခဲ့ေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *