မန္တလေးတိုင်းအတွင်းတရားမဝင်နေထိုင်သူများကို အရေးယူပေးရန်လွှတ်တော်တွင်တောင်းဆိုမှု ရှုံးနိမ့်

Unicode

မန္တလေးတိုင်းအတွင်းတရားမဝင်နေထိုင်သူများကို အရေးယူပေးရန်လွှတ်တော်တွင်တောင်းဆိုမှု ရှုံးနိမ့်

မန္တလေး၊ဖေဖော်ဝါရီ ၁၁

MTK


ပြည်ခိုင်ဖြိုးပါတီအမတ် ဦးအောင်ကျော်မိုးတင်သွင်းခဲ့သော မန္တလေးတိုင်းအတွင်းတရားမဝင်နေထိုင်သော ပြည်ပနိုင်ငံသားများအား အထူးစီမံချက်ဖြင့် အရေးယူပေးရန်အဆိုမှာ ဖေဖော်ဝါရီ၁၁ရက်နေ့က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲမှာထက်ဝက်မကျော်သဖြင့် ကျရှုံးခဲ့ပြီး ပြည်ထောင်စုအဆင့်လုပ်ဆောင်နေသည့်အတွက် မှတ်တမ်းအဖြစ်ထားရှိပေးရန် ပြောကြားချက်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဘာမှလုပ်ကိုင်ခွင့်မရှိသည့်သဘောသက်ရောက်နေကြောင်း သိရသည်။

“ကျွန်တော်တင်တဲ့အဆိုကို တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြည်ထောင်စုအဆင့်မှာပဲ ဆောင်ရွက်သင့်တယ်။ လုပ်ကိုင်ဆောင်ရွက်မှုတွေအားလုံးဟာလည်း ပြည်ထောင်စုရဲ့ညွှန်ကြားချက်နဲ့ဆောင်ရွက်နေသလို မှတ်တမ်းအဖြစ်ထားရှိဖို့ပြောခဲ့တယ်။ အခုကိစ္စကိုသူတို့က ပြည်ထောင်စုလို့သာပြောနေတာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရက ဘာမှလုပ်ပိုင်ခွင့်မရှိတော့ဘူးလား။ မရှိတော့ရင် ဘာလို့တိုင်းဒေသကြီးနှင့်ပြည်နယ်ဆိုတဲ့အစိုးရအဖွဲ့တွေဘာလို့ဖွဲ့စည်းဆောင်ရွက်နေသေးတာလဲ။ နောက်တစ်ခါ ထပ်မံပြီးတော့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဆိုပြီး တိုးချဲ့ဖွဲ့စည်းနေသေးတာလဲ။ အခုဟာတွေလုပ်လို့မရဘူးဆိုမှတော့ ပြည်ထောင်စုရဲ့ညွှန်ကြားချက်တွေနာခံပြီး သက်ဆိုင်ရာဦးစီးဌာနအရာရှိတွေနဲ့ပဲဆောင်ရွက်ရင်ရတဲ့ကိစ္စကို ဘာလို့ဝန်ကြီးတစ်ယောက်ကိုထပ်ပြီးခန့်ထားပြီးဆောင်ရွက်နေသေးလဲ။ စဉ်းစားစရာတွေကအများကြီးပေါ့။ ဘာလို့အဲဒီလိုပြောလဲဆိုရင် သူတို့ကိုယ်တိုင်ပဲသိလိမ့်မယ်။ အမှန်တကယ်က ကိုယ့်တိုင်းကိုယ့်ဒေသမှာလည်း ဘာနဲ့ပဲဖြစ်ဖြစ်ဥပဒေဆိုတာရှိသားပြီးသားဖြစ်တယ်။ စည်းကမ်းဆိုတတာလည်းရှိထားပြီးဖြစ်ပါတယ်။ အဲဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ဆောင်ရွက်လို့ရတယ်။ ကိုယ့်နယ်မြေ၊ကိုယ့်ရပ်ကွက်၊ကိုယ့်တိုင်းထဲ၊ ကိုယ့်ပြည်ထဲမှာရောက်နေတဲ့ တရားမဝင်ဝင်ရောက်လာ သူ ဘယ်သူဖြစ်ဖြစ်တရားဝင်ဖမ်းဆီးခွင့်ရှိတဲ့အရာကို ရဲကပဲဖြစ်ဖြစ်၊ လဝကပဲဖြစ်ဖြစ်ဖမ်းပြီးတော့ အရေးယူဆောင်ရွက်တဲ့အပိုင်းကိုရောက်ပြီဆိုရင် သူ့ဥပဒေ၊စည်းမျဉ်းကမ်းနဲ့အညီဆောင်ရွက်ပေ့ါ။ အဲဒီဥပဒေကလည်း ထိရောက်တဲ့ဥပဒေဖြစ်ဖို့လိုတယ်။ အဲဒီဥပဒေကလည်း အကျိုးသက်မှုမရှိဘူးဆိုရင်အားနည်းပြီးထပ်ဖြစ်နေဦးမှာပါပဲ။”ဟု အဆိုရှင် ပြည်ခိုင်ဖြိုးပါတီမှ မိတ္ထီလာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်အမတ် ဦးအောင်ကျော်မိုးက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးအမတ် ဦးအောင်ကျော်မိုးအနေဖြင့် ဖေဖော်ဝါရီ(၅)ရက်ကကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)တွင် မန္တ္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ပြည်ပနိုင်ငံသားများအား အထူးစီမံချက်များဖြင့် စဉ်ဆက်မပြတ် စစ်ဆေးဖေါ်ထုတ်၍ ထိရောက်စွာအရေးယူဆောင်ရွက်ရန် အဆိုကိုတင်သွင်းခဲ့ပြီးနောက် ယနေ့ဖေဖော်ဝါရီ(၁၁)ရက်ကကျင်းပသည့် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (အဌမနေ့)တွင် NLDမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ USDPမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်နှစ် ဦးတို့က ထောက်ခံဆွေးနွေးခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က အဆိုကိုမှတ်တမ်းတင်ရန်သာပြောဆိုခဲ့သဖြင့် အဆိုရှင်က လွှတ်တော်၏အဆုံးအဖြတ်ကိုရ ယူခဲ့ရာ ထောက်ခံမဲ(၃၃)မဲ၊ ကန့်ကွက်မဲ(၃၄)နှင့်ကြားနေမဲ(၁)မဲတို့ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုကိုလွှတ်တော်သို့ တင်သွင်းအပြီးနောက်ရက် ဖေဖော်ဝါရီ(၆)ရက်နေ့တွင် မန္တလေး မဟာအောင်မြေမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် တရားမဝင်နေထိုင်နေသော တရုတ်နိုင်ငံသား(၁၂)ဦးကို ဖမ်းဆီးရမိခဲ့ပြီး (၁၀)ရက်နေ့တွင် ၎င်းတို့အား မြို့နယ်တရားရုံးက ငွေဒဏ်ကျပ်တစ်သောင်းခွဲ(သို့မဟုတ်) ထောင်ဒဏ်ခြောက်လ ကျခံစေရန်အမိန့်ချခဲ့ရာ တရုတ်နိုင်ငံသားများက ငွေဒဏ်သာဆောင်ခဲ့ကာ လဝကအနေဖြင့် ယင်းတို့ကို အမည်ပျက်စာရင်သွင်း၍ ပြည်နှင်ဒဏ်ပေးခဲ့မှုဖြစ်ပေါ်ခဲ့သည်။

“အဆိုရှင်တင်သွင်းနေတာက မန္တလေးတိုင်းနဲ့မသက်ဆိုင်ပါဘူး။ ခိုးဝင်ဘင်္ဂါလီတွေအကြောင်းတွေပဲဖြစ်ပါတယ်။ မန္တလေးတိုင်းမှာအဲဒီလိုမရှိပါဘူး။ မန္တလေးတိုင်းဟာ တရုတ်နိုင်ငံနဲ့နီးစပ်တဲ့အတွက် တရုတ်လူမျိုးတွေအများအပြားလာပါတယ်။ အလှည့်အပတ်နဲ့လာသလို စီးပွားရေးဗီဇာနဲ့လာတာတွေရှိတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ဗီဇာစည်းကမ်းဖောက်ဖျက်လို့ ချက်ချင်းပဲအရေးယူမှုတွေပြုလုပ်ခဲ့တာတွေ့ရမှာပါ။ ဒီကိစ္စတွေဟာ ပြည်ထောင်စုအဆင့်ကပဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုအဆိုကို မှတ်တမ်းအဖြစ်ထားရှိပေးဖို့ တင်ပြပါတယ်။”ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများသည် လူမျိုးစုံ၊ ပုံစံမျိုးစုံ၊ နည်းမျိုးစုံဖြင့် ဝင်ရောက်လျက်ရှိပြီး အများဆုံးမှာ တရုတ်နိုင်ငံသားများနှင့် ဘင်္ဂါလီများဖြစ်သဖြင့် ယင်းတို့ဝင်ရောက်လာမှုကို ငွေကြေးကြောင့် ကူညီပို့ဆောင်သူများလည်းရှိနေကြောင်း၊ မန္တလေးမြို့ပေါ်တွင် မြန်မာစကားမပြောတက်သော နိုင်ငံသားမဟုတ်သည့် လူမျိုးများ တွေ့နေရပြီးတရားဝင်၊မဝင်နှင့် စစ်ဆေးမှုရှိ/မရှိမသိနိုင်ဘဲ တစ်ချို့မှာ မြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှား နေထိုင်လျက်ရှိသည်ကိုတွေ့နေရကြောင်း သိရသည်။◾

 

Zawgyi

မႏၲေလးတိုင္းအတြင္းတရားမဝင္ေနထိုင္သူမ်ားကို အေရးယူေပးရန္လႊတ္ေတာ္တြင္ေတာင္းဆိုမႈ ရႈံးနိမ့္

မႏၲေလး၊ေဖေဖာ္ဝါရီ ၁၁

MTK


ျပည္ခိုင္ၿဖိဳးပါတီအမတ္ ဦးေအာင္ေက်ာ္မိုးတင္သြင္းခဲ့ေသာ မႏၲေလးတိုင္းအတြင္းတရားမဝင္ေနထိုင္ေသာ ျပည္ပနိုင္ငံသားမ်ားအား အထူးစီမံခ်က္ျဖင့္ အေရးယူေပးရန္အဆိုမွာ ေဖေဖာ္ဝါရီ၁၁ရက္ေန႔က ျပဳလုပ္သည့္ လႊတ္ေတာ္အစည္းအေဝးတြင္ မဲခြဲဆုံးျဖတ္ခဲ့ရာ ေထာက္ခံမဲမွာထက္ဝက္မေက်ာ္သျဖင့္ က်ရႈံးခဲ့ၿပီး ျပည္ေထာင္စုအဆင့္လုပ္ေဆာင္ေနသည့္အတြက္ မွတ္တမ္းအျဖစ္ထားရွိေပးရန္ ေျပာၾကားခ်က္သည္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွာ ဘာမွလုပ္ကိုင္ခြင့္မရွိသည့္သေဘာသက္ေရာက္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တင္တဲ့အဆိုကို တိုင္းအစိုးရအဖြဲ႕ဝင္ဝန္ႀကီးက ျပည္ေထာင္စုအဆင့္မွာပဲ ေဆာင္ရြက္သင့္တယ္။ လုပ္ကိုင္ေဆာင္ရြက္မႈေတြအားလုံးဟာလည္း ျပည္ေထာင္စုရဲ့ညႊန္ၾကားခ်က္နဲ႔ေဆာင္ရြက္ေနသလို မွတ္တမ္းအျဖစ္ထားရွိဖို႔ေျပာခဲ့တယ္။ အခုကိစၥကိုသူတို႔က ျပည္ေထာင္စုလို႔သာေျပာေနတာ သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရက ဘာမွလုပ္ပိုင္ခြင့္မရွိေတာ့ဘူးလား။ မရွိေတာ့ရင္ ဘာလို႔တိုင္းေဒသႀကီးႏွင့္ျပည္နယ္ဆိုတဲ့အစိုးရအဖြဲ႕ေတြဘာလို႔ဖြဲ႕စည္းေဆာင္ရြက္ေနေသးတာလဲ။ ေနာက္တစ္ခါ ထပ္မံၿပီးေတာ့ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဆိုၿပီး တိုးခ်ဲ႕ဖြဲ႕စည္းေနေသးတာလဲ။ အခုဟာေတြလုပ္လို႔မရဘူးဆိုမွေတာ့ ျပည္ေထာင္စုရဲ့ညႊန္ၾကားခ်က္ေတြနာခံၿပီး သက္ဆိုင္ရာဦးစီးဌာနအရာရွိေတြနဲ႔ပဲေဆာင္ရြက္ရင္ရတဲ့ကိစၥကို ဘာလို႔ဝန္ႀကီးတစ္ေယာက္ကိုထပ္ၿပီး ခန႔္ထားၿပီးေဆာင္ရြက္ေနေသးလဲ။ စဥ္းစားစရာေတြကအမ်ားႀကီးေပါ့။ ဘာလို႔အဲဒီလိုေျပာလဲဆိုရင္ သူတို႔ကိုယ္တိုင္ပဲသိလိမ့္မယ္။ အမွန္တကယ္က ကိုယ့္တိုင္းကိုယ့္ေဒသမွာလည္း ဘာနဲ႔ပဲျဖစ္ျဖစ္ဥပေဒဆိုတာ ရွိသားၿပီးသားျဖစ္တယ္။စည္းကမ္းဆိုတတာလည္းရွိထားၿပီးျဖစ္ပါတယ္။အဲဒီစည္းမ်ဥ္းစည္းကမ္းေတြနဲ႔ေဆာင္ရြက္လို႔ရတယ္။ ကိုယ့္နယ္ေျမ၊ကိုယ့္ရပ္ကြက္၊ကိုယ့္တိုင္းထဲ၊ ကိုယ့္ျပည္ထဲမွာေရာက္ေနတဲ့ တရားမဝင္ဝင္ေရာက္လာ သူ ဘယ္သူျဖစ္ျဖစ္တရားဝင္ဖမ္းဆီးခြင့္ရွိတဲ့အရာကို ရဲကပဲျဖစ္ျဖစ္၊ လဝကပဲျဖစ္ျဖစ္ဖမ္းၿပီးေတာ့ အေရးယူေဆာင္ရြက္တဲ့အပိုင္းကိုေရာက္ၿပီဆိုရင္ သူ႔ဥပေဒ၊စည္းမ်ဥ္းကမ္းနဲ႔အညီေဆာင္ရြက္ေပ့ါ။ အဲဒီဥပေဒကလည္း ထိေရာက္တဲ့ဥပေဒျဖစ္ဖို႔လိုတယ္။ အဲဒီဥပေဒကလည္း အက်ိဳးသက္မႈမရွိဘူးဆိုရင္အားနည္းၿပီးထပ္ျဖစ္ေနဦးမွာပါပဲ။”ဟု အဆိုရွင္ ျပည္ခိုင္ၿဖိဳးပါတီမွ မိတၳီလာၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁)လႊတ္ေတာ္အမတ္ ဦးေအာင္ေက်ာ္မိုးက လႊတ္ေတာ္အစည္းအေဝးအၿပီးတြင္ ေျပာၾကားခဲ့သည္။

ျပည္ခိုင္ၿဖိဳးအမတ္ ဦးေအာင္ေက်ာ္မိုးအေနျဖင့္ ေဖေဖာ္ဝါရီ(၅)ရက္ကက်င္းပသည့္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္၊ (၁၆)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး(စတုတၳေန႔)တြင္ မႏၲၱေလးတိုင္းေဒသႀကီးအတြင္း တရားမဝင္ ျပည္ပနိုင္ငံသားမ်ားအား အထူးစီမံခ်က္မ်ားျဖင့္ စဥ္ဆက္မျပတ္ စစ္ေဆးေဖၚထုတ္၍ ထိေရာက္စြာအေရးယူေဆာင္ရြက္ရန္ အဆိုကိုတင္သြင္းခဲ့ၿပီးေနာက္ ယေန႔ေဖေဖာ္ဝါရီ(၁၁)ရက္ကက်င္းပသည့္ (၁၆)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (အဌမေန႔)တြင္ NLDမွ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦး၊ USDPမွ လႊတ္ေတာ္ကိုယ္စားလွယ္ႏွစ္ဦးႏွင့္ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ႏွစ္ ဦးတို႔က ေထာက္ခံေဆြးေႏြးခဲ့ေသာ္လည္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီး ဦးေအာင္ၾကည္က အဆိုကိုမွတ္တမ္းတင္ရန္သာေျပာဆိုခဲ့သျဖင့္ အဆိုရွင္က လႊတ္ေတာ္၏အဆုံးအျဖတ္ကိုရ ယူခဲ့ရာ ေထာက္ခံမဲ(၃၃)မဲ၊ ကန႔္ကြက္မဲ(၃၄)ႏွင့္ၾကားေနမဲ(၁)မဲတို႔ျဖင့္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္သည္။

ယင္းအဆိုကိုလႊတ္ေတာ္သို႔ တင္သြင္းအၿပီးေနာက္ရက္ ေဖေဖာ္ဝါရီ(၆)ရက္ေန႔တြင္ မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ရွိ တိုက္ခန္းတစ္ခုတြင္ တရားမဝင္ေနထိုင္ေနေသာ တ႐ုတ္နိုင္ငံသား(၁၂)ဦးကို ဖမ္းဆီးရမိခဲ့ၿပီး (၁၀)ရက္ေန႔တြင္ ၎တို႔အား ၿမိဳ႕နယ္တရား႐ုံးက ေငြဒဏ္က်ပ္တစ္ေသာင္းခြဲ(သို႔မဟုတ္) ေထာင္ဒဏ္ေျခာက္လ က်ခံေစရန္အမိန႔္ခ်ခဲ့ရာ တ႐ုတ္နိုင္ငံသားမ်ားက ေငြဒဏ္သာေဆာင္ခဲ့ကာ လဝကအေနျဖင့္ ယင္းတို႔ကို အမည္ပ်က္စာရင္သြင္း၍ ျပည္ႏွင္ဒဏ္ေပးခဲ့မႈျဖစ္ေပၚခဲ့သည္။

“အဆိုရွင္တင္သြင္းေနတာက မႏၲေလးတိုင္းနဲ႔မသက္ဆိုင္ပါဘူး။ ခိုးဝင္ဘဂၤါလီေတြအေၾကာင္းေတြပဲျဖစ္ပါတယ္။ မႏၲေလးတိုင္းမွာအဲဒီလိုမရွိပါဘူး။ မႏၲေလးတိုင္းဟာ တ႐ုတ္နိုင္ငံနဲ႔နီးစပ္တဲ့အတြက္ တ႐ုတ္လူမ်ိဳးေတြအမ်ားအျပားလာပါတယ္။ အလွည့္အပတ္နဲ႔လာသလို စီးပြားေရးဗီဇာနဲ႔လာတာေတြရွိတယ္။ ၿပီးခဲ့တဲ့ရက္ကပဲ ဗီဇာစည္းကမ္းေဖာက္ဖ်က္လို႔ ခ်က္ခ်င္းပဲအေရးယူမႈေတြျပဳလုပ္ခဲ့တာေတြ႕ရမွာပါ။ ဒီကိစၥေတြဟာ ျပည္ေထာင္စုအဆင့္ကပဲလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအဆိုကို မွတ္တမ္းအျဖစ္ထားရွိေပးဖို႔ တင္ျပပါတယ္။”ဟု တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေအာင္ၾကည္က လႊတ္ေတာ္အစည္းအေဝးတြင္ေျပာၾကားခဲ့သည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္းသို႔ တရားမဝင္ဝင္ေရာက္လာသူမ်ားသည္ လူမ်ိဳးစုံ၊ ပုံစံမ်ိဳးစုံ၊ နည္းမ်ိဳးစုံျဖင့္ ဝင္ေရာက္လ်က္ရွိၿပီး အမ်ားဆုံးမွာ တ႐ုတ္နိုင္ငံသားမ်ားႏွင့္ ဘဂၤါလီမ်ားျဖစ္သျဖင့္ ယင္းတို႔ဝင္ေရာက္လာမႈကို ေငြေၾကးေၾကာင့္ ကူညီပို႔ေဆာင္သူမ်ားလည္းရွိေနေၾကာင္း၊ မႏၲေလးၿမိဳ႕ေပၚတြင္ ျမန္မာစကားမေျပာတက္ေသာ နိုင္ငံသားမဟုတ္သည့္ လူမ်ိဳးမ်ား ေတြ႕ေနရၿပီးတရားဝင္၊မဝင္ႏွင့္ စစ္ေဆးမႈရွိ/မရွိမသိနိုင္ဘဲ တစ္ခ်ိဳ႕မွာ ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ အိမ္ငွား ေနထိုင္လ်က္ရွိသည္ကိုေတြ႕ေနရေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *