ကျောက်တော်မြို့ ပေါက်ကွဲမှုမှာ ကလေးတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

Unicode

ကျောက်တော်မြို့ ပေါက်ကွဲမှုမှာ ကလေးတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ကျောက်တော်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဂါပုကျေးရွာတွင် မနေ့က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာမှ ကလေးတစ်ယောက် သေဆုံးပြီး ငါးယောက်ဒဏ်ရာ ရရှိခဲ့သည်။

အမျိုးအစားမသိသည့် လက်နက်ပစ္စည်းတစ်ခုကို ကလေးများက ကောက်ယူလာ၍ ရိုက်နှက်ထုခွဲ ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ထိခိုက်သူများကို သွားရောက်ကူညီခဲ့သည့် ဖြူစင်မေတ္တာ ပရဟိတ လူမှုကူညီရေးအသင်းက ဦးညီပုက ပြောသည်။

သေဆုံးသူသည် ကိုးနှစ်အရွယ် ယောက်ျားလေးဖြစ်ကြောင်း၊ တစ်ကိုယ်လုံးနီးပါး ဒဏ်ရာရ သွားကြသည့် မိန်းကလေးနှစ်ယောက်နှင့် ယောက်ျားလေး သုံးယောက်သည် မြို့နယ်ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း သူက ဆက်ပြောသည်။

ကလေးတစ်ယောက်၏ခြေထောက် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်းလည်း ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသည့် ဂါပုကျေးရွာအနီးတွင် ပေါက်ကွဲခဲ့သည့် ယင်းလက်နက်ပစ္စည်း၏ ပိုင်ရှင်သည် ဘယ်အဖွဲ့လဲဆိုသည်ကိုတော့ ဒေသခံများက မသိကြရသေးဟုသိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA အဖွဲ့တို့ကို RFA က ဆက်သွယ်မေးမြန်းရန် ကြိုးစားနေသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ပြီးခဲ့သည့် နှစ်အတွင်း အရပ်သား ထိခိုက်ဒဏ်ရာရမှုသည် ၂၅၀ ကျော်အထိရှိခဲ့သည်ဟု စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားသည်။◾

Ref:RFA

 

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕ ေပါက္ကြဲမႈမွာ ကေလးတစ္ဦးေသ၊ ငါးဦးဒဏ္ရာရ

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၁၁

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ဂါပုေက်းရြာတြင္ မေန႔က ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားရာမွ ကေလးတစ္ေယာက္ ေသဆုံးၿပီး ငါးေယာက္ဒဏ္ရာ ရရွိခဲ့သည္။

အမ်ိဳးအစားမသိသည့္ လက္နက္ပစၥည္းတစ္ခုကို ကေလးမ်ားက ေကာက္ယူလာ၍ ရိုက္ႏွက္ထုခြဲ ကစားရာမွ ေပါက္ကြဲခဲ့ျခင္းျဖစ္သည္ဟု ထိခိုက္သူမ်ားကို သြားေရာက္ကူညီခဲ့သည့္ ျဖဴစင္ေမတၱာ ပရဟိတ လူမႈကူညီေရးအသင္းက ဦးညီပုက ေျပာသည္။

ေသဆုံးသူသည္ ကိုးႏွစ္အရြယ္ ေယာက္်ားေလးျဖစ္ေၾကာင္း၊ တစ္ကိုယ္လုံးနီးပါး ဒဏ္ရာရ သြားၾကသည့္ မိန္းကေလးႏွစ္ေယာက္ႏွင့္ ေယာက္်ားေလး သုံးေယာက္သည္ ၿမိဳ႕နယ္ေဆး႐ုံတြင္ ကုသမႈ ခံယူေနေၾကာင္း သူက ဆက္ေျပာသည္။

ကေလးတစ္ေယာက္၏ေျခေထာက္ ဆိုးဆိုးဝါးဝါး ထိခိုက္ခဲ့ေသာ္လည္း အသက္အႏၲရာယ္ စိုးရိမ္စရာမရွိေၾကာင္းလည္း ေျပာသည္။

တိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိသည့္ ဂါပုေက်းရြာအနီးတြင္ ေပါက္ကြဲခဲ့သည့္ ယင္းလက္နက္ပစၥည္း၏ ပိုင္ရွင္သည္ ဘယ္အဖြဲ႕လဲဆိုသည္ကိုေတာ့ ေဒသခံမ်ားက မသိၾကရေသးဟုသိရသည္။

ယင္းျဖစ္ရပ္ႏွင့္ ပတ္သက္၍ ပိုမိုသိရွိနိုင္ရန္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕တို႔ကို RFA က ဆက္သြယ္ေမးျမန္းရန္ ႀကိဳးစားေနသည္။

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲမ်ားေၾကာင့္ ၿပီးခဲ့သည့္ ႏွစ္အတြင္း အရပ္သား ထိခိုက္ဒဏ္ရာရမႈသည္ ၂၅၀ ေက်ာ္အထိရွိခဲ့သည္ဟု စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) က ထုတ္ျပန္ထားသည္။◾

Ref:RFA

Leave a Reply

Your email address will not be published. Required fields are marked *