ထိုင်းပစ်ခတ်မှု နောက်ကွယ်ကဇာတ်လမ်း

Unicode

ထိုင်းပစ်ခတ်မှု နောက်ကွယ်ကဇာတ်လမ်း

ထွန်းမောင်ညိမ်း(ဘန်ကောက်)

တခေတ်တခါက အယုဒယ နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ Nakhon Ratchasima ဆိုတာက ထိုင်းနိုင်ငံရဲ့ အေရှ့မြောက်ဘက် မှာတည်ရှိနေတဲ့ “အီဆန်” လို့ခေါ်တွင်တဲ့ အရပ်ဒေသဖြစ်ပါတယ်။ ဘန်ကောက်မြို့ကနေ ကီလို ၂၆၀ အကွာဝေးလောက်ရှိနေတဲ့ အီဆန်ရဲ့ အကြီးဆုံးမြို့တော် ၄ ခုထဲက တခုဖြစ်တဲ့ Korat (ခိုရတ်) မြို့မှာတော့ ထိုင်းနိုင်ငံရဲ့ ရာဇဝင်မှာ အပစ်မဲ့ပြည်သူတွေ အသေအပျောက်အများဆုံး ဖြစ်ခဲ့ရတဲ့ ထိုင်းတပ်မတော်သားတယောက် ဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် Jakrapanth Thommaရဲ့ ွှTerminal 21 Shopping Mall ထဲမှာ ကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတခုကို ဖေ ဖေါ်ဝါရီလ ၈ ရက်နေ့ရဲ့ ညနေပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့ရာမှာ အချိန်ကာလအားဖြင့် ၁၇ နာရီနဲ့ ၄၇ မိနစ် အကြာထိ အုတ်အော်သောင်းတင်းဖြစ်ခဲ့ရပါတယ်။

ထိုင်း တီဗီလိုင်းတခု ဖြစ်တဲ့ AMARIN LIVE TV ကတော့ အချိန်နဲ့ တပြေးညီ သတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသပေးနေတာကိုတော့ကြည့်ရှု မြင်တွေ့ခဲ့ရပါတယ်။ အခြေအနေတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းသူတွေ၊ အခင်းဖြစ်ပွားရာ နဲ့ အနီးအနားမှာ ရှိနေတဲ့ မျက်မြင်တွေကို လည်း မေးမြန်းခန်းတွေနဲ့ သတင်းကြည့်နေသူတွေ စိတ်ဝင်စားစေနိုင်မယ့် သတင်းတွေကို မေးမြန်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ သူတို့ထုတ်လွှင်ခဲ့တဲ့ သတင်းတွေထဲက အချက်တချို့ကိုတော့ အကျဉ်းချုံး ဖေါ်ပြပေးပါမယ်။

ထိုင်းတပ်မတော်သား Jakrapanth Thomma ဆိုတဲ့ သူကသူ့တပ်ထဲက အရာရှိ ရဲ့ယောက္ခမ ဖြစ်သူအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်တဲ့ အသက် ၆၈နှစ် အရွယ်ရှိတဲ့ အမျိုးသမီးကြီးဆီမှာ သူပိုင်တဲ့မြေတစ်ကွက်ကို ရောင်းချခဲ့ပါတယ်။ အဲဒီရောင်းချခဲ့တဲ့ကိစ္စမှာ ရောင်းသူဖြစ်တဲ့တပ်မတော်သားက ရရန်လက်ကျန် ထိုင်းဘတ်ငွေ ငါးသောင်း (မြန်မာငွေ ၂၄ သိန်းခန့်) ရှိနေတယ်လို့ဆိုပါတယ်။ အကျိုးဆောင် အမျိုးသမီးကပြောတာကတော့ တပ်မတော်သားထံပေးဘို့အတွက် ပွဲစား အမျိုးသမီးထံ ပေးထားခဲ့ပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ပွဲစား တပ်မတော်သားနဲ့ အကျိုးဆောင်တို့က ဘယ်အချိန်ကာလကတည်းက အငြင်းပွားမှုဖြစ်နေတာတော့ မသိရပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သေနတ်သမားဖြစ်သူတပ်မတော်သားက မကြေလည်ဖြစ်နေခဲ့တာဖြစ်ပြီး၊ သူ့ Facebook မှာ ပို့စ်တခုကို ရေးတင်ထားခဲ့ပါတယ်။ “ပိုက်ဆံတွေ ဒီလောက်ချမ်းသာနေတဲ့သူတယောက်က ဒီလို တခြားသူတွေဆီက မတရားနည်းနဲ့ ရယူချမ်းသာနေတာမျိုးတဲ့လား၊ မင်းသေသွားရင်ရော ဒီငွေတွေက ယူသွားလို့ ရမှာတဲ့လား ” ဆိုတဲ့ ရင်ထဲက ခံစားချက်တွေကိုတော့့ ဖြစ်စဉ်မတိုင်မီက ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ၈ ရက်နေ့မှာတော့ ဒီပြဿနာကိုပြေလည်အောင်ဖြေရှင်းကြဘို့အတွက် အကျိုးဆောင်နေအိမ်ရှိရာမှာ ဆုံတွေ့ကြဘို့ စီစဉ်ခဲ့ကြပါတယ်။ သေနတ်သမားဖြစ်သူတပ်မတော်သားရဲ့ အရာရှိကလည်း အခုရက်ပိုင်းမှာ တပ်ကနေ ခွင့်နဲ့ အားလပ်ရက်မှာ မိသားစုတွေနဲ့ အလည်ပတ်ခရီးစဉ်အပြီး ယောက္ခမနဲ့ သူ့လက်အောက်ငယ်သားတို့ရဲ့ ပြဿနာအတွက် ပါဝင်ကူညီဖြေရှင်းပေးဘို့ ရောက်ရှိလာခဲ့ပါတယ်။
သေနတ်သမားဖြစ်သူတပ်မတော်သားကတော့ စိတ်အတော်ဆိုးပြီး ရည်ရွယ်ချက်ရှိနေခဲ့ပုံရပါတယ်။ သူကတပ်ထဲကနေ HK ဆိုတဲ့ သေနတ် ၃ လက်နဲ့ ကျည် ၇၃၆ တောင့်၊ M60 ဆိုတဲ့ သေနတ် ၂ လက်နဲ့ ကျည် ၃၃ ကဒ်၊ တို့နဲ့ အတူ တပ်ထဲက ကားကို ခိုးယူမောင်းပြေးလာရာပြီး သူငယ်ချင်းဖြစ်သူ နောက်ထပ် တပ်မတော်သား တစ်ယောက်ကို (ဘာကြောင့်တော့မပြောပါ) ပစ်သတ်ခဲ့ပါတယ်။

သူ့တပ်နဲ့ ၉ မိုင်အကွာ အဝေးမှာရှိနေတဲ့ အကျိုးဆောင်အိမ်အရောက်မှာတော့ ပြဿနာကို ဖြေရှင်းရာမှ အကျိုးဆောင်ပိုင်ရှင်ရဲ့ နှလုံးတည့်တည့်ကို တချက်ပစ်ခတ်လိုက်ရာမှာ ပွဲချင်းပြီးသေသွားခဲ့ပြီး၊ ပွဲစား အမျိုးသမီးကတော့ အသက်မသေဘဲ ဒဏ်ရာ ရရှိခဲ့ပါတယ်၊ သူ့အရာရှိဖြစ်တဲ့သူက ဝင်လုံးရာမှာတော့ ကံမကောင်းအကြောင်းမလှဘဲ သေနတ်သမားရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတော့တယ်။ အဲ့ဒီလိုပစ်ခတ်အပြီး သူကလမ်းပေါ်ကားနဲ့ ထွက်ခွာလာရာမှာတော့ လမ်းမှာရှိနေတဲ့ ရဲ၊ ဆိုင်ကယ်တက်စီ၊ ကုန်တိုက်လုံခြုံရေး ဝန်ထမ်းတို့ကိုပါ တောက်လျှောက်ပစ်ခတ်ပါတော့တယ်။

မကြာခင်မှာကုန်တိုက်ထဲကို ဝင်ရောက်သွားခဲ့ရာမှာတော့ ကုန်တိုက်အတွင်းမှာ ရှိနေကြတဲ့ သူတွေ ထောင်ကျော်မယ်လို့ ခန့်မှန်းထားခံရသူတွေဟာ အချိန်ကာလအားဖြင့် ၁၇ နာရီနဲ့ ၄၇ မိနစ်ခန့် စီးနင်းခံထားရတဲ့ ကုန်တိုက်ထဲမှာ ပိတ်မိနေကြတာကို မြင်တွေ့ရပါတယ်၊ တချို့ အခွင့်သာသူများကတော့ အချိန်သိပ်မကြာခင်မှာ လွတ်မြောက်သွားကြပါတယ်။

ကုန်တိုက် အတွင်းထဲမှာတော့ ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ သူတွေရဲ့ ခန္ဓာကိုယ်လေးလောင်းကိုတော့ ကယ်မယ့်သူမရှိ ပိုးလိုးပက်လက်ဖြစ်နေတာကို ပုန်းကွယ်နေသူတွေတချို့က မြင်တွေ့ခဲ့ကြပါတယ်။

တာဝန်ရှိသူတွေရဲ့ ကူညီပံ့ပိုးမှုတွေကတော့ သွေးအိပ် အမျိုးအစားပေါင်းစုံ ၁၇၀၀ ကျော်၊ ကုန်တိုက်ရှေ့မှာ သူနာပြု ၈ဝနဲ့ ဆရာဝန် များ၊ တခြား အဖွဲ့စည်းပေါင်းစုံတို့အပြင်၊ ကူညီပံ့ပိုးနေကြတဲ့ သူတွေ စားရေးသောက်ရေးအတွက် ထိုင်းပြည်သူတွေက တာဝန်ယူဆောင်ရွက်ထားနေမှုတွေ အပြည့်အလျှံ ဖြစ်နေတာကို သိပ်အားကျဘို့ကောင်းတာကို မြင်တွေ့ခဲ့ရပါတယ်။ ဆေးရုံတွေမှာတော့ အဆင်သင့်စောင့်နေတဲ့ သူနာပြုပေါင်း ၂၄၀၊ ခွဲစိပ်ဆရာဝန် ၁၂ ဦးနဲ့အတူ အခြားသော ဆရာဝန်များကပါ အဆင်သင့်ရှိနေကြတာပဲ ဖြစ်ပါတယ်။

သေနတ်သမားက “သူ့ အရမ်းပင်ပမ်းနေပြီဖြစ်ကြောင်းနဲ့ သူ့လက်ညှိုး က ကွေးလို့မရတော့လောက်အောင် လက်အံသေနေပြီဖြစ်ကြောင်း” ကိုတော့ Facebook ပေါ်မှာ Live လွှင့်ထုတ်သွားခဲ့ပါသေးတယ်။ သူပစ်သတ်ခဲ့တဲ့ အကျိုးဆောင် ပွဲစား နဲ့ သူ့အထက်အရာရှိတို့ရော သေမှ သေပါရဲ့လားဆိုတဲ့ စာသားကိုလည်း ကုန်တိုက်ပေါ်စီးနင်းထားချိန်မှာ ပို့စ်တခုထပ်တင်ခဲ့ပါသေးတယ် တာဝန်ရှိသူတွေကတော့ မကြာခင်မှာဘဲ သူ့ရဲ့ Facebook ကို ဖြတ်တောက်လိုက်ပါတော့တယ်။

ကယ်ဆယ်ရေးအတွက် တာဝန်ရှိသူတွေကတော့ တည်ငြိမ်စွာနဲ့ အကောင်းဆုံး အနေအထား အထိခိုက်ဖြစ်မှုမရှိအောင် စီမံဆောင်ရွက်နေကြမယ်ဆိုတာကတော့ ယုံမှားစရာ မရှိပါဘူး။ သေနတ်သမားအပါအဝင် ၂၇ ယောက် သေဆုံးခဲ့ပြီး ၅၇ ယောက်ထိခိုက်ဒဧ်ရာ ရခဲ့ပါတယ်လို့ ဘန်ကောက်ပို့စ်မှာတော့ ဖေါ်ပြထားပါတယ်။

နောက်ဆုံးမှာတော့ အသက် ၃၂ နှစ်အရွယ် Jakraphanth Thomma ဟာ စျေးဝယ်ကုန်တိုက်ကြီးတစ်ခုထဲကို ဝင်ရောက်လို့ အဲဒီမှာလည်း မြင်မြင်ရာ ပစ်ခတ်ခဲ့ပြီး တစ်ညလုံး ဝင်ခိုလှုံနေခဲ့ရာက မနက်အစောပိုင်းမှာမှ သူ့ကို ထိုင်းရဲတွေက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်လို့ ဘီဘီစီ သတင်းဌာနကဖော်ပြခဲ့ပါတယ်။◾

Zawgyi

ထိုင္းပစ္ခတ္မႈ ေနာက္ကြယ္ကဇာတ္လမ္း

ထြန္းေမာင္ညိမ္း(ဘန္ေကာက္)

တေခတ္တခါက အယုဒယ နဲ႔ ေခတ္ၿပိဳင္ျဖစ္ခဲ့တဲ့ Nakhon Ratchasima ဆိုတာက ထိုင္းနိုင္ငံရဲ့ ေအရွ႕ေျမာက္ဘက္ မွာတည္ရွိေနတဲ့ “အီဆန္” လို႔ေခၚတြင္တဲ့ အရပ္ေဒသျဖစ္ပါတယ္။ ဘန္ေကာက္ၿမိဳ႕ကေန ကီလို ၂၆၀ အကြာေဝးေလာက္ရွိေနတဲ့ အီဆန္ရဲ့ အႀကီးဆုံးၿမိဳ႕ေတာ္ ၄ ခုထဲက တခုျဖစ္တဲ့ Korat (ခိုရတ္) ၿမိဳ႕မွာေတာ့ ထိုင္းနိုင္ငံရဲ့ ရာဇဝင္မွာ အပစ္မဲ့ျပည္သူေတြ အေသအေပ်ာက္အမ်ားဆုံး ျဖစ္ခဲ့ရတဲ့ ထိုင္းတပ္မေတာ္သားတေယာက္ ျဖစ္တဲ့ အသက္ ၃၂ ႏွစ္အရြယ္ Jakrapanth Thommaရဲ့ ႊTerminal 21 Shopping Mall ထဲမွာ က်ဴးလြန္ခဲ့တဲ့ ျဖစ္ရပ္ဆိုးႀကီးတခုကို ေဖ ေဖၚဝါရီလ ၈ ရက္ေန႔ရဲ့ ညေနပိုင္းကတည္းက စတင္ျဖစ္ပြားခဲ့ရာမွာ အခ်ိန္ကာလအားျဖင့္ ၁၇ နာရီနဲ႔ ၄၇ မိနစ္ အၾကာထိ အုတ္ေအာ္ေသာင္းတင္းျဖစ္ခဲ့ရပါတယ္။

ထိုင္း တီဗီလိုင္းတခု ျဖစ္တဲ့ AMARIN LIVE TV ကေတာ့ အခ်ိန္နဲ႔ တေျပးညီ သတင္းေတြကို တိုက္ရိုက္ထုတ္လႊင့္ျပသေပးေနတာကိုေတာ့ၾကည့္ရႈ ျမင္ေတြ႕ခဲ့ရပါတယ္။ အေျခအေနေတြနဲ႔ ပတ္သက္ရာ ပတ္သက္ေၾကာင္းသူေတြ၊ အခင္းျဖစ္ပြားရာ နဲ႔ အနီးအနားမွာ ရွိေနတဲ့ မ်က္ျမင္ေတြကို လည္း ေမးျမန္းခန္းေတြနဲ႔ သတင္းၾကည့္ေနသူေတြ စိတ္ဝင္စားေစနိုင္မယ့္ သတင္းေတြကို ေမးျမန္းတင္ဆက္ေပးေနတာျဖစ္ပါတယ္။ သူတို႔ထုတ္လႊင္ခဲ့တဲ့ သတင္းေတြထဲက အခ်က္တခ်ိဳ႕ကိုေတာ့ အက်ဥ္းခ်ဳံး ေဖၚျပေပးပါမယ္။

ထိုင္းတပ္မေတာ္သား Jakrapanth Thomma ဆိုတဲ့ သူကသူ႔တပ္ထဲက အရာရွိ ရဲ့ေယာကမ ျဖစ္သူအိမ္ၿခံေၿမ အက်ိဳးေဆာင္လုပ္ငန္းလုပ္တဲ့ အသက္ ၆၈ႏွစ္ အရြယ္ရွိတဲ့ အမ်ိဳးသမီးႀကီးဆီမွာ သူပိုင္တဲ့ေျမတစ္ကြက္ကို ေရာင္းခ်ခဲ့ပါတယ္။ အဲဒီေရာင္းခ်ခဲ့တဲ့ကိစၥမွာ ေရာင္းသူျဖစ္တဲ့တပ္မေတာ္သားက ရရန္လက္က်န္ ထိုင္းဘတ္ေငြ ငါးေသာင္း (ျမန္မာေငြ ၂၄ သိန္းခန႔္) ရွိေနတယ္လို႔ဆိုပါတယ္။ အက်ိဳးေဆာင္ အမ်ိဳးသမီးကေျပာတာကေတာ့ တပ္မေတာ္သားထံေပးဘို႔အတြက္ ပြဲစား အမ်ိဳးသမီးထံ ေပးထားခဲ့ၿပီး ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ပြဲစား တပ္မေတာ္သားနဲ႔ အက်ိဳးေဆာင္တို႔က ဘယ္အခ်ိန္ကာလကတည္းက အျငင္းပြားမႈျဖစ္ေနတာေတာ့ မသိရပါဘူး။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေသနတ္သမားျဖစ္သူတပ္မေတာ္သားက မေၾကလည္ျဖစ္ေနခဲ့တာျဖစ္ၿပီး၊ သူ႔ Facebook မွာ ပို႔စ္တခုကို ေရးတင္ထားခဲ့ပါတယ္။ “ပိုက္ဆံေတြ ဒီေလာက္ခ်မ္းသာေနတဲ့သူတေယာက္က ဒီလို တျခားသူေတြဆီက မတရားနည္းနဲ႔ ရယူခ်မ္းသာေနတာမ်ိဳးတဲ့လား၊ မင္းေသသြားရင္ေရာ ဒီေငြေတြက ယူသြားလို႔ ရမွာတဲ့လား ” ဆိုတဲ့ ရင္ထဲက ခံစားခ်က္ေတြကိုေတာ့့ ျဖစ္စဥ္မတိုင္မီက ေရးသားထားခဲ့တာ ျဖစ္ပါတယ္။

ဒီလိုနဲ႔ ၈ ရက္ေန႔မွာေတာ့ ဒီျပႆနာကိုေျပလည္ေအာင္ေျဖရွင္းၾကဘို႔အတြက္ အက်ိဳးေဆာင္ေနအိမ္ရွိရာမွာ ဆုံေတြ႕ၾကဘို႔ စီစဥ္ခဲ့ၾကပါတယ္။ ေသနတ္သမားျဖစ္သူတပ္မေတာ္သားရဲ့ အရာရွိကလည္း အခုရက္ပိုင္းမွာ တပ္ကေန ခြင့္နဲ႔ အားလပ္ရက္မွာ မိသားစုေတြနဲ႔ အလည္ပတ္ခရီးစဥ္အၿပီး ေယာကၡမနဲ႔ သူ႔လက္ေအာက္ငယ္သားတို႔ရဲ့ ျပႆနာအတြက္ ပါဝင္ကူညီေျဖရွင္းေပးဘို႔ ေရာက္ရွိလာခဲ့ပါတယ္။

ေသနတ္သမားျဖစ္သူတပ္မေတာ္သားကေတာ့ စိတ္အေတာ္ဆိုးၿပီး ရည္ရြယ္ခ်က္ရွိေနခဲ့ပုံရပါတယ္။ သူကတပ္ထဲကေန HK ဆိုတဲ့ ေသနတ္ ၃ လက္နဲ႔ က်ည္ ၇၃၆ ေတာင့္၊ M60 ဆိုတဲ့ ေသနတ္ ၂ လက္နဲ႔ က်ည္ ၃၃ ကဒ္၊ တို႔နဲ႔ အတူ တပ္ထဲက ကားကို ခိုးယူေမာင္းေျပးလာရာၿပီး သူငယ္ခ်င္းျဖစ္သူ ေနာက္ထပ္ တပ္မေတာ္သား တစ္ေယာက္ကို (ဘာေၾကာင့္ေတာ့မေျပာပါ) ပစ္သတ္ခဲ့ပါတယ္။

သူ႔တပ္နဲ႔ ၉ မိုင္အကြာ အေဝးမွာရွိေနတဲ့ အက်ိဳးေဆာင္အိမ္အေရာက္မွာေတာ့ ျပႆနာကို ေျဖရွင္းရာမွ အက်ိဳးေဆာင္ပိုင္ရွင္ရဲ့ ႏွလုံးတည့္တည့္ကို တခ်က္ပစ္ခတ္လိုက္ရာမွာ ပြဲခ်င္းၿပီးေသသြားခဲ့ၿပီး၊ ပြဲစား အမ်ိဳးသမီးကေတာ့ အသက္မေသဘဲ ဒဏ္ရာ ရရွိခဲ့ပါတယ္၊ သူ႔အရာရွိျဖစ္တဲ့သူက ဝင္လုံးရာမွာေတာ့ ကံမေကာင္းအေၾကာင္းမလွဘဲ ေသနတ္သမားရဲ့ လက္ခ်က္နဲ႔ ေသဆုံးသြားခဲ့ပါေတာ့တယ္။ အဲ့ဒီလိုပစ္ခတ္အၿပီး သူကလမ္းေပၚကားနဲ႔ ထြက္ခြာလာရာမွာေတာ့ လမ္းမွာရွိေနတဲ့ ရဲ၊ ဆိုင္ကယ္တက္စီ၊ ကုန္တိုက္လုံျခဳံေရး ဝန္ထမ္းတို႔ကိုပါ ေတာက္ေလၽွာက္ပစ္ခတ္ပါေတာ့တယ္။
မၾကာခင္မွာကုန္တိုက္ထဲကို ဝင္ေရာက္သြားခဲ့ရာမွာေတာ့ ကုန္တိုက္အတြင္းမွာ ရွိေနၾကတဲ့ သူေတြ ေထာင္ေက်ာ္မယ္လို႔ ခန႔္မွန္းထားခံရသူေတြဟာ အခ်ိန္ကာလအားျဖင့္ ၁၇ နာရီနဲ႔ ၄၇ မိနစ္ခန႔္ စီးနင္းခံထားရတဲ့ ကုန္တိုက္ထဲမွာ ပိတ္မိေနၾကတာကို ျမင္ေတြ႕ရပါတယ္၊ တခ်ိဳ႕ အခြင့္သာသူမ်ားကေတာ့ အခ်ိန္သိပ္မၾကာခင္မွာ လြတ္ေျမာက္သြားၾကပါတယ္။

ကုန္တိုက္ အတြင္းထဲမွာေတာ့ ပစ္ခတ္သတ္ျဖတ္ခံထားရတဲ့ သူေတြရဲ့ ခႏၶာကိုယ္ေလးေလာင္းကိုေတာ့ ကယ္မယ့္သူမရွိ ပိုးလိုးပက္လက္ျဖစ္ေနတာကို ပုန္းကြယ္ေနသူေတြတခ်ိဳ႕က ျမင္ေတြ႕ခဲ့ၾကပါတယ္။

တာဝန္ရွိသူေတြရဲ့ ကူညီပံ့ပိုးမႈေတြကေတာ့ ေသြးအိပ္ အမ်ိဳးအစားေပါင္းစုံ ၁၇၀၀ ေက်ာ္၊ ကုန္တိုက္ေရွ႕မွာ သူနာျပဳ ၈ဝနဲ႔ ဆရာဝန္ မ်ား၊ တျခား အဖြဲ႕စည္းေပါင္းစုံတို႔အျပင္၊ ကူညီပံ့ပိုးေနၾကတဲ့ သူေတြ စားေရးေသာက္ေရးအတြက္ ထိုင္းျပည္သူေတြက တာဝန္ယူေဆာင္ရြက္ထားေနမႈေတြ အျပည့္အလၽွံ ျဖစ္ေနတာကို သိပ္အားက်ဘို႔ေကာင္းတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေဆး႐ုံေတြမွာေတာ့ အဆင္သင့္ေစာင့္ေနတဲ့ သူနာျပဳေပါင္း ၂၄၀၊ ခြဲစိပ္ဆရာဝန္ ၁၂ ဦးနဲ႔အတူ အျခားေသာ ဆရာဝန္မ်ားကပါ အဆင္သင့္ရွိေနၾကတာပဲ ျဖစ္ပါတယ္။

ေသနတ္သမားက “သူ႔ အရမ္းပင္ပမ္းေနၿပီျဖစ္ေၾကာင္းနဲ႔ သူ႔လက္ညႇိုး က ေကြးလို႔မရေတာ့ေလာက္ေအာင္ လက္အံေသေနၿပီျဖစ္ေၾကာင္း” ကိုေတာ့ Facebook ေပၚမွာ Live လႊင့္ထုတ္သြားခဲ့ပါေသးတယ္။ သူပစ္သတ္ခဲ့တဲ့ အက်ိဳးေဆာင္ ပြဲစား နဲ႔ သူ႔အထက္အရာရွိတို႔ေရာ ေသမွ ေသပါရဲ့လားဆိုတဲ့ စာသားကိုလည္း ကုန္တိုက္ေပၚစီးနင္းထားခ်ိန္မွာ ပို႔စ္တခုထပ္တင္ခဲ့ပါေသးတယ္ တာဝန္ရွိသူေတြကေတာ့ မၾကာခင္မွာဘဲ သူ႔ရဲ့ Facebook ကို ျဖတ္ေတာက္လိုက္ပါေတာ့တယ္။

ကယ္ဆယ္ေရးအတြက္ တာဝန္ရွိသူေတြကေတာ့ တည္ၿငိမ္စြာနဲ႔ အေကာင္းဆုံး အေနအထား အထိခိုက္ျဖစ္မႈမရွိေအာင္ စီမံေဆာင္ရြက္ေနၾကမယ္ဆိုတာကေတာ့ ယုံမွားစရာ မရွိပါဘူး။ ေသနတ္သမားအပါအဝင္ ၂၇ ေယာက္ ေသဆုံးခဲ့ၿပီး ၅၇ ေယာက္ထိခိုက္ဒဧ္ရာ ရခဲ့ပါတယ္လို႔ ဘန္ေကာက္ပို႔စ္မွာေတာ့ ေဖၚျပထားပါတယ္။

ေနာက္ဆုံးမွာေတာ့ အသက္ ၃၂ ႏွစ္အရြယ္ Jakraphanth Thomma ဟာ ေစ်းဝယ္ကုန္တိုက္ႀကီးတစ္ခုထဲကို ဝင္ေရာက္လို႔ အဲဒီမွာလည္း ျမင္ျမင္ရာ ပစ္ခတ္ခဲ့ၿပီး တစ္ညလုံး ဝင္ခိုလႈံေနခဲ့ရာက မနက္အေစာပိုင္းမွာမွ သူ႔ကို ထိုင္းရဲေတြက အေသပစ္ခတ္ဖမ္းဆီးခဲ့ပါတယ္လို႔ ဘီဘီစီ သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။◾

Leave a Reply

Your email address will not be published. Required fields are marked *