အဂတိအမှုဖြင့်တရားစွဲထားသည့် မြို့နယ်မှူးဟောင်းအပါအဝင် ရဲလေးဦးကိုအလုပ်နှင့် ထောင်ဒဏ်များချမှတ်
Unicode
အဂတိအမှုဖြင့်တရားစွဲထားသည့် မြို့နယ်မှူးဟောင်းအပါအဝင် ရဲလေးဦးအနက် တစ်ဦးက
ဝန်ခံခဲ့သဖြင့် အလုပ်နှင့်ထောင်ဒဏ် ၄နှစ်အမိန့်ချ
မန္တလေး၊ ဖေဖော်ဝါရီ ၁၁
MTK
အဂတိမှုဖြင့်တရားစွဲခံထားရသည့် မန္တလေး ချမ်းအေးသားစံမြို့နယ်ရဲမှူ းဟောင်းအပါအဝင် ရဲလေးဦးအမှုကို ယနေ့ဖေဖော်ဝါရီ၁ဝရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ တရားခွင်(၃)တွင် စွဲချက်တင်အမိန့်ချခဲ့ရာ လေးဦးအနက် ဒုရဲအုပ်ကျော်နိုင်ဦးက ဝန်ခံခဲ့သဖြင့် အလုပ်နှင့်ထောင်ဒဏ်(၄)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
၂၀၁၉ခုနှစ်၊ ဇွန်၂၅ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ တရားခွင်(၃) တရားသူကြီး ဒေါ်ခင်သင်းဝေ၏ တရားခွင်သို့တင်ပို့ခဲ့ရာ ယခင်ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်(ယခု ဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင်ရဲတပ်ဖွဲ့မှူးရုံး)ကို ရာကြီးအမှုအမှတ်(၇/၂၀၁၉)နှင့် အမှတ်(၃)ရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းကို ရာကြီးအမှုအမှတ်(၈/၂၀၁၉)တို့ဖြင့်လည်းကောင်း၊ စခန်းမှူ းဟောင်း ရဲအုပ်ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)နှင့် အမှတ်(၃)နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးတို့ကို ရာသေးအမှုအမှတ်(၃၀/ ၂၀၁၉)၊ (၃၁/၂၀၁၉)နှင့် (၃၂/၂၀၁၉)တို့ဖြင့်လည်းကောင်း တရားရုံးကလက်ခံခဲ့ပြီး  ဇူလိုင်(၁၈)ရက်တွင် တရားလိုကို စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့်  ဇွန်(၁၄)ရက် နံနက်ပိုင်းက အမှတ်(၃)နယ်မြေရဲစခန်းတွင်  အမှုဖွင့်လှစ်ထား၍ ယခင် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးသိန်းနိုင်နှင့် အမှတ်(၃)ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းလင်းတို့ကို ဖမ်းဆီး၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးသို့ တရားစွဲတင်ခဲ့ပြီးနောက်ပိုင်းတွင် လွတ်မြောက်နေသည့် ဒုရဲအုပ်ကျော်နိုင်ဦးမှာ ၂၀၁၉ခုနှစ်၊ သြဂုတ်(၁၉)ရက်နေ့တွင် လာရောက်အဖမ်းခံခဲ့ကာ စခန်းမှူ းဟောင်း ရဲအုပ်ကျော်သူမှာ ယနေ့အထိထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးသို့ သွားရောက်မေးမြန်းသော်လည်း ရုံးချိန်ကျော်လွန်နေသဖြင့် မေးမြန်းခွင့်မရခဲ့ဘဲ စွဲချက်တင်အမိန့်ချချိန်တွင်ရှိနေသော ပြစ်ဒဏ်ကျခံရသူ၏ မိသားစုအသိုင်းအဝိုင်းမှ သိရှိခဲ့ရသည်။
ယင်းနောက် ယနေ့ဖေဖော်ဝါရီ(၁၀)ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး၊ တရားခွင်(၃) တရားသူကြီး ဒေါ်ခင်သင်းဝေက ယင်းအမှုအတွက် စွဲချက်တင်အမိန့်ချမှတ်ရန် တရားခံများအား အပြစ်ရှိ/မရှိ မေးမြန်းရာ မြို့နယ်မှူ းဟောင်းနှင့် ဒုရဲအုပ်ထွန်းထွန်းလင်းတို့က ဝန်ခံခြင်းမရှိခဲ့ဘဲ ဒုရဲအုပ်ကျော်နိုင်ဝင်းက ဝန်ခံခဲ့သဖြင့် တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ်(၄)နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဝန်ခံခြင်းမရှိသော ယခင် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးသိန်းနိုင်နှင့် အမှတ်(၃)ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းလင်းတို့ကို နောက်တစ်ပတ်တွင် ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးချက်အရ ဒုတိယရဲအုပ် ကျော်နိုင်ဦးသည် (ပ)၅၁၀/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀  အမှုနှင့်ပတ်သက်၍ တရားခံ ထံမှ ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဘက်ရည်ဖိုး ပေးရန်အတွက် ငွေကျပ် ၅ဝဝဝဝိ/-စီပါ စာအိတ် (၃)အိတ် စုစုပေါင်း ငွေကျပ်၁၅ဝဝဝဝိ/-ကို တောင်းခံရယူခဲ့ခြင်းသည် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၆ အရ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးတရားလွှတ်တော်ရုံးအနေဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် အမှတ်(၃)ရဲစခန်းမှူ းဟောင်း ရဲအုပ်ကျော်သူကို ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။◾
Zawgyi
မန္တလေး၊ ဖေဖော်ဝါရီ ၁၁
MTK
Leave a Reply
Your email address will not be published. Required fields are marked *