ဗီဇာစည်းကမ်းဖောက်ဖျက်ခဲ့သည့် တရုတ်နိုင်ငံသား(၁၂)ဦးကိုအမိန့်ချမှတ်

Unicode

ဗီဇာစည်းကမ်းဖောက်ဖျက်ခဲ့သည့် တရုတ်နိုင်ငံသား(၁၂)ဦးကို ထောင်ဒဏ်ခြောက်လ(သို့) ငွေဒဏ်ကျပ်တစ်သောင်းခွဲစီကျခံစေရန် အမိန့်ချမှတ်

မန္တလေး၊ ဖေဖော်ဝါရီ၁၀
MTK
မန္တလေး မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် တရားမဝင်တည်းခိုနေထိုင်သည့် တရုတ်နိုင်ငံသား(၁၂)ဦးကို မဟာအောင်မြေမြို့နယ်တရားရုံးက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ထောင်ဒဏ်ခြောက်လ(သို့) ငွေဒဏ် ကျပ်တစ်သောင်းခွဲစီကျခံစေရန် ယနေ့ဖေဖော်ဝါရီ(၁၀)ရက် မွန်းလလွဲပိုင်းက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ အခုသူတို့ကို အမြန်ဆုံးပြည်နှင်ဒဏ်ပေးဖို့ ဆောင်ရွက်နေပါတယ်။ ဆေးရုံမှာလည်း ရက်ကြာထားလို့ အဆင်မပြေနိုင်ဘူးလေ။”ဟု မဟာအောင်မြေမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယနေ့ဖေဖော်ဝါရီ(၁၀)ရက် မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသား(၁၂)ဦးကို မန္တလေးမြို့ အရိုးဆေးရုံရှိ အချုပ်ဆောင်မှ မဟာအောင်မြေမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး မြို့နယ်တရားသူကြီးက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ-၁၃(၁)အရ ထောင်ဒဏ်ခြောက်လ(သို့) ငွေဒဏ်ကျပ်တစ်သောင်းခွဲစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းတရုတ်နိုင်ငံသားများက ငွေဒဏ်ကျပ်တစ်သောင်းခွဲစီကို တရားရုံးသို့ပေးဆောင်ခဲ့ကြသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ အကွက်(၅၄၂)၊ မန္တလေး မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ အကွက်(၅၄၂)၊၃၅လမ်းနှင့် ၃၆လမ်း၊ လမ်း၈ဝနှင့်၈၁လမ်းကြားရှိ တိုက်အမှတ်(၅၀၅/၂၆) ပိုင်ရှင် ဦးစိန်ရွှေ၏ နေအိမ်ကို ဖေဖော်ဝါရီ(၆)ရက် ညနေပိုင်းက သက်ဆိုင်ရာလဝကနှင့်ရဲတပ်ဖွဲ့ဝင်များကဝင်ရောက်စစ်ဆေးခဲ့ရာ ယင်းတိုက်ခန်းရှိ အခန်း(၆)ခန်းတွင် တည်းခိုနေထိုင်သည့် တရုတ်နိုင်ငံသား (၁၂)ဦးကို တွေ့ရှိခဲ့သည်။

ထို့နောက် ယင်းတရုတ်နိုင်ငံသားများကို အမှတ်(၉)မြို့မရဲစခန်းသို့ ခေါ်ဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Novel Corona Virusကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံသားများတွင် အဖျားရောဂါ မတွေ့ရှိရသော်လည်း ရဲစခန်းအချုပ်ခန်းတွင် ထားရှိရန် နေရာ ကျဉ်းမြောင်းသည့်အတွက် မန္တလေးမြို့ ၆၂လမ်း အရိုးဆေးရုံရှိ အချုပ်ဆောင်သို့ ပို့ဆောင်ထားခဲ့ပြီး မဟာအောင်မြေမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးက ၁၉၄ရခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ-၄(၂)ကိုကျုးလွန်ခဲ့သော တရုတ်နိုင်ငံသား(၁၂)ဦးကို အမှတ်(၉)ရဲစခန်းတွင် တရားလိုပြုလုပ်တိုင်းတန်းရာ ရဲစခန်းက ၁၉၄ရခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ-၁၃(၁)အရ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။◾

Zawgyi

ဗီဇာစည္းကမ္းေဖာက္ဖ်က္ခဲ့သည့္ တ႐ုတ္နိုင္ငံသား(၁၂)ဦးကို ေထာင္ဒဏ္ေျခာက္လ(သို႔) ေငြဒဏ္က်ပ္တစ္ေသာင္းခြဲစီက်ခံေစရန္ အမိန႔္ခ်မွတ္

မႏၲေလး၊ ေဖေဖာ္ဝါရီ၁၀
MTK

မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္၊ ရတနာဘုမၼိအေရွ႕ရပ္ကြက္ရွိ တိုက္ခန္းတစ္ခုတြင္ တရားမဝင္တည္းခိုေနထိုင္သည့္ တ႐ုတ္နိုင္ငံသား(၁၂)ဦးကို မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးက လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒအရ ေထာင္ဒဏ္ေျခာက္လ(သို႔) ေငြဒဏ္ က်ပ္တစ္ေသာင္းခြဲစီက်ခံေစရန္ ယေန႔ေဖေဖာ္ဝါရီ(၁၀)ရက္ မြန္းလလြဲပိုင္းက အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

“ဟုတ္ပါတယ္။ အခုသူတို႔ကို အျမန္ဆုံးျပည္ႏွင္ဒဏ္ေပးဖို႔ ေဆာင္ရြက္ေနပါတယ္။ ေဆး႐ုံမွာလည္း ရက္ၾကာထားလို႔ အဆင္မေျပနိုင္ဘူးေလ။”ဟု မဟာေအာင္ေျမၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာၾကားခဲ့သည္။

ယေန႔ေဖေဖာ္ဝါရီ(၁၀)ရက္ မြန္းလြဲပိုင္းတြင္ တ႐ုတ္နိုင္ငံသား(၁၂)ဦးကို မႏၲေလးၿမိဳ႕ အရိုးေဆး႐ုံရွိ အခ်ဳပ္ေဆာင္မွ မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးသို႔ ႐ုံးထုတ္ခဲ့ၿပီး ၿမိဳ႕နယ္တရားသူႀကီးက လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ-၁၃(၁)အရ ေထာင္ဒဏ္ေျခာက္လ(သို႔) ေငြဒဏ္က်ပ္တစ္ေသာင္းခြဲစီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ၿပီး ယင္းတ႐ုတ္နိုင္ငံသားမ်ားက ေငြဒဏ္က်ပ္တစ္ေသာင္းခြဲစီကို တရား႐ုံးသို႔ေပးေဆာင္ခဲ့ၾကသည္။

ျဖစ္စဥ္မွာ မဟာေအာင္ေျမၿမိဳ႕နယ္၊ ရတနာဘုမၼိအေရွ႕ရပ္ကြက္၊ အကြက္(၅၄၂)၊ မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္၊ ရတနာဘုမၼိအေရွ႕ရပ္ကြက္၊ အကြက္(၅၄၂)၊၃၅လမ္းႏွင့္ ၃၆လမ္း၊ လမ္း၈ဝႏွင့္၈၁လမ္းၾကားရွိ တိုက္အမွတ္(၅၀၅/၂၆) ပိုင္ရွင္ ဦးစိန္ေရႊ၏ ေနအိမ္ကို ေဖေဖာ္ဝါရီ(၆)ရက္ ညေနပိုင္း သက္ဆိုင္ရာလဝကႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္စစ္ေဆးခဲ့ရာ ယင္းတိုက္ခန္းရွိ အခန္း(၆)ခန္းတြင္ တည္းခိုေနထိုင္သည့္ တ႐ုတ္နိုင္ငံသား (၁၂)ဦးကို ေတြ႕ရွိခဲ့သည္။

ထို႔ေနာက္ ယင္းတ႐ုတ္နိုင္ငံသားမ်ားကို အမွတ္(၉)ၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္၍ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ Novel Corona Virusကူးစက္ခံရျခင္းရွိ၊ မရွိ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ တ႐ုတ္နိုင္ငံသားမ်ားတြင္ အဖ်ားေရာဂါ မေတြ႕ရွိရေသာ္လည္း ရဲစခန္းအခ်ဳပ္ခန္းတြင္ ထားရွိရန္ ေနရာ က်ဥ္းေျမာင္းသည့္အတြက္ မႏၲေလးၿမိဳ႕ ၆၂လမ္း အရိုးေဆး႐ုံရွိ အခ်ဳပ္ေဆာင္သို႔ ပို႔ေဆာင္ထားခဲ့ၿပီး မဟာေအာင္ေျမၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ ဦးစီးမွဴးက ၁၉၄ရခုႏွစ္၊ လူဝင္မႈႀကီးၾကပ္ေရး(လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ-၄(၂)ကိုက်ဳးလြန္ခဲ့ေသာ တ႐ုတ္နိုင္ငံသား(၁၂)ဦးကို အမွတ္(၉)ရဲစခန္းတြင္ တရားလိုျပဳလုပ္တိုင္းတန္းရာ ရဲစခန္းက ၁၉၄ရခုႏွစ္၊ လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မ-၁၃(၁)အရ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *