ကျွဲ၊ နွားတင်ပို့လျှောက်လွှာ၌ တရုတ်လုပ်ငန်းရှင်များဝင်ရောက် လာမည်ကို ဒေသခံကုမ္ပဏီများ စိုးရိမ်

Unicode

မွေး/ကု၏ ကျွဲ၊ နွားတင်ပို့လျှောက်လွှာ၌ အကျိုးတူစနစ်မွေးမြူမှုတွင် 220 Kgကန့်သတ်လိုက်သည့် အတွက် တရုတ်လုပ်ငန်းရှင်များဝင်ရောက် လာမည်ကို ဒေသခံကုမ္ပဏီများ စိုးရိမ်

မန္တလေး၊ ဖေဖော်ဝါရီ၁၀
MTK


မြန်မာနိုင်ငံမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊နွားများတင်ပို့ရန်လျှောက်ထားချက်များတွင် ကိုယ်တိုင်မွေး၊ မွေးဖက်ပေးနှင့် အကျိုးတူစနစ်ဖြင့် ကျွဲနွားတင်ပို့ရာ၌ အကျိုးတူစနစ်တွင် 220 Kgကန့်သတ်ထားခြင်းသည့်အတွက် တရုတ်လုပ်ငန်းရှင်များဝင်ရောက် လာမည်ကို စိုးရိမ် လျက်ရှိကြောင်း ဒေသခံမွေးမြူရေးတောင်သူများနှင့်ကုမ္ပဏီများထံမှ သိရသည်။

“kg 220 ရှိတဲ့ နွာမျိုးတွေကိုသာ နားကပ်ရိုက်ဖို့ခွင့်ပြုမယ်ဆိုတော့ ကျွန်တော်တို့မှာ ကဒေသနဲ့ ကိုက်ညီတဲ့ လွှတ်ကျောင်းစနစ်နဲ့မွေးတဲ့ နွားတွေပဲရှိတယ်။ ဒီလိုမျိုး Kg ၂၂ ဆိုတာက တို့တွေကို မလုပ်နိုင်အောင်လုပ်နေတာနဲ့အတူတူပဲ။ တို့တိုင်းမှာ ဒီလိုနွာမျိုးမရှိဘူး။ ရှိလည်း နည်းနည်းပဲ။ တကယ်တမ်းလိုတာကနွားသိုးချောချောနဲ့စပ်ရင်နွားကြီးကျတာပဲ။ ဦးလေးတို့အနေနဲ့က ဒေသနွားနဲ့ပဲဖြစ်စေချင်တယ်။ ဒီလုပ်လုပ်လိုက်တဲ့အတွက် မမွေးနိုင်၊ မလုပ်နိုင်ကြတော့ မှောင်ခိုဘက်ကိုသွားဖို့ရာ တွန်းတင်နေသလို့ဖြစ်နေသလို တရုတ်လုပ်ငန်းရှင်တွေလည်း ဝင်ရောက်လာနိုင်တယ် “ဟု ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှ နွားမွေးတောင်သူ ဦးမြင့်ကပြောကြားခဲ့သည်။

အကျိုးတူစနစ်မွေးမြူမှုတွင်ဘ220 Kgကန့်သတ်လိုက်သည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကျွဲနွား မွေးမြူတင်ပို့ရောင်းချသူများအသင်းကဦးစီးပြီး စစ်ကိုင်းဒေသကြီးအတွင်းရှိ ကျွဲ၊နွား မွေးမြူ တင်ပို့ရောင်းချသူများနှင့် ကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၈)ရက်နေ့ က ခင်ဦးမြို့ရှိ သိန်းကမ္ဘာခန်းမတွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေနွေးမှ ကိုယ်တိုင်မွေး ၊ မွေးဖက်ပေး ၊ အကျိုးတူ စနစ်ဖြင့် ကျွဲနွားတင်ပို့ ရာတွင် 220 Kg အောက် ဒေသနွားများကို ထည့်သွင်း စဉ်းစားပေးရေး၊ မွေးမြူသူများအား အချို့သော ကုမ္ပဏီကြီးများက အကျိုးတူအတွက် မတရားသောနည်းများဖြင့် စည်းရုံးနေမှုများကို တားဆီးကန့်ကွက်ပေးရေး၊တနိုင်တပိုင်မွေးမြူသူများအတွက် ကျွဲ၊နွား ဝယ်ယူသယ်ဆောင်ရာတွင် အဟန့်အတားများကို ဖြေလျော့ပေးရေး၊ မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်နိုင်ရေး၊ အခြားနည်းအသုံးပြုခွင့်ကို မွေးမြူရေးနှင့် ပတ်သက်၍ အမြန်ဆုံးလုပ်ဆောင်ပေးရေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျွဲနွား တင်ပို့ရောင်းချသည့် ကုမ္မဏီများအား ဦးစားပေးစနစ်ဖြင့် ဆောင်ရွက်ပေးရေးစသည့်အချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ဦးစီးဌာနသို့ တင်ပြသွားရန်ဆုံးဖြတ်ခဲ့ကြသည်။

“မွေး/ကုရဲ့သတ်မှတ်ချက်တွေကမဖြစ်နိုင်ဘူး။ kg 220ရှိတဲ့နွားဆိုတာကတကယ်ကိုပဲ နှစ်ကောင်မွေး၊သုံးကောင်မွေးနဲ့ တကယ့်ကိုအချောအလှမွေးတဲ့သူတွေမှဖြစ်မှာပေါ့။ ကျွန်တ်ာတို့ဆီ မှာက နွားမအုပ်တွေရှိတယ်။ ဒီနွားမအုပ်တွေကျတော့ သူတို့စံသတ်မှတ်ထားတဲ့စံမရှိဘူးပေါ့။

သူတို့ခွင့်ပြုမယ်ဆိုတဲ့အနေအထားမှာလည်း တရုတ်တွေက နွာတစ်ကောင်ကို ၅ သောင်းပေး မယ်တစ်သိန်ပေးမယ်ဆိုပြီးလိုက်လံစည်းရုံးနေတာတွေရှိတယ်။ ဒီလိုအနေအထားမှာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ တကယ်အမှန်အကန်လုပ်နေတဲ့ ဒေသခံကုမ္ပဏီတွေကိုပဲ ဦးစားပေးစေချင်တယ်။ အခုဟာက ဒေသခံတွေကိုထိုးနက်တဲ့သဘောဖြစ်နေတယ်။ ပိုဆိုးတာက ဒီကန့်သတ်ချက်က ငွေကြေးချမ်းသာတဲ့တိုက်ကွန်းတွေအတွက် လမ်းဖွင့်ပေးသလိုဖြစ်နေတယ်။ ဒါကမဖြစ်သင့်တဲ့ကိစ္စပါ။”ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျွဲနွား မွေးမြူတင်ပို့ ရောင်းချ သူများအသင်းဥက္ကဌ ဦးသောင်းခိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် 220 Kg နဲ့ အထက် အရွယ်အစားကြီးသည့် ကျွဲနွားများကိုသာ ကိုယ်တိုင်မွေး၊ မွေးဖက်ပေး၊ အကျိုးတူစနစ်ဖြင့် ကျွဲနွားတင်ပို့နိုင်ရန် အမှတ်အသား နားကပ်တပ်ခြင်းများကိုဆောင်ရွက်ပေးလျက်ရှိပြီး ယင်းသို့လုပ်ဆောင်ပေးရာတွင်လည်း ဒေသအခေါ် နွားဖယ်ယဉ်(နွားလိမ္မာ)ဟုခေါ်သည့် နွားယဉ်တွေကိုသာ လက်ခံမည်ဟု သတ်မှတ်ထားရာ စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် အခြားတိုင်းနှင့်ပြည်နယ်တွင် အများစုက လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြသည့်အတွက် နွားဖယ်ယဉ်ရှားပါးသည့်အတွက် ယခုလိုကန့်သတ်ခြင်းသည် ကျွဲနွားတင်ပို့မှုကို ဒေသခံကုမ္ပဏီများ မလုပ်ကိုင်နိုင် အောင်ဖြစ်ပွားနေမှုအပေါ် ဒေသနွားများကိုလည်း လက်ခံစေချင်ကြောင်း ဒေသခံကျွဲနွားတင်ပို့ရောင်ချသူများကဆိုသည်။

“မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့မယ့် ကျွဲနွားတွေအတွက် ထိန်းသိမ်းစောင့်ကြည့်ရေး နဲ့ ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ချုပ်ဆိုပြီးဖြစ်ပါတယ်။ အခုမွေး/ကုက တင်ပို့ခွင့်လျှောက်လွှာမှာ 220kgသတ်မှတ်တာသည် ဌာနက ဒေသခံမွေးမြူရေးသမားတွေနဲ့ ကုမ္ပဏီတွေအကြား ထိုးနက်လိုက်တ့သဘောပဲ။ အခုလက်ရှိမှာ ကျွဲနွား တင်ပို့ရေးအတွက် ခွင့်ပြုတာတွေ ထပ်မရှိတော့ဘဲ အရင်ခွင့်ပြုထားတာတွေကိုသာ တင်ပို့နေကြရတယ်။Corona virus ကြောင့် အရောင်းမဝယ်က မဖြစ်ကြဘူးလို့ သိရပါတယ်။”ဟုဒေသခံကုမ္ပဏီတစ်ခုဖြစ်သည့် ရဲထက်ဆိုးကျော် ကုမ္ပဏီပိုင်ရှင် ဦးကျော်ခိုင်ဝင်းကပြောကြားခဲ့သည်။

“220kgသတ်မှတ်တာက အကျိုးတူမွေးတဲ့သူတွေကို သတ်မှတ်တာပါ။ မွေးဖက်ပေးဒီကိစ္စကို ကွင်းဆင်းစစ်ဆေးတဲ့အခါ စဉ့်ကိုင်၊ စစ်ကိုင်းဘက်မှာ 220kgရှိကြပါတယ်။ ထင်လို့ပါ။ မျိုးမရှိကျတော့တဲ့အချိန်ကျရင် တဖြည်းဖြည်းဖြေလျှော့ပေးသွားမှာပါ။ မွေးမြူတဲ့သူတွေအနေနဲ့ တစ်နှစ်တစ်သားတော့ကျနိုင်ပါတယ်။ တောင်သူနဲ့ကုမ္ပဏီအဆင်ပြေအောင် ကြားဖြတ် ပေးထားတဲ့သဘောပါ။ အခုအခက်အခဲဖြစ်နေတာကို ဝန်ကြီးဌာနအစည်း အဝေး ထိုင်ပြီး ရင်တော့သိရမှာပါ “ဟု ရွှေဘိုခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးဦးဇော်ဇော်ဝင်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ ကျွဲ၊တင်ပို့နိုင်ရန် မွေးမြူလျက်ရှိသောနေရာများမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းတွင် ကနီ၊ မုံရွာ၊ ခင်ဦး၊ ရေဦးနှင့် ကန့်ဘလူမြို့နယ်တို့တွင် အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။◾

Zawgyi

ေမြး/ကု၏ ကၽြဲ၊ ႏြားတင္ပို႔ေလၽွာက္လႊာ၌ အက်ိဳးတူစနစ္ေမြးျမဴမႈတြင္ 220 Kgကန႔္သတ္လိုက္သည့္ အတြက္ တ႐ုတ္လုပ္ငန္းရွင္မ်ားဝင္ေရာက္ လာမည္ကို ေဒသခံကုမၸဏီမ်ား စိုးရိမ္

မႏၲေလး၊ ေဖေဖာ္ဝါရီ၁၀
MTK


ျမန္မာနိုင္ငံေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနအေနျဖင့္ ကၽြဲ၊ႏြားမ်ားတင္ပို႔ရန္ေလၽွာက္ထားခ်က္မ်ားတြင္ ကိုယ္တိုင္ေမြး၊ ေမြးဖက္ေပးႏွင့္ အက်ိဳးတူစနစ္ျဖင့္ ကၽြဲႏြားတင္ပို႔ရာ၌ အက်ိဳးတူစနစ္တြင္ 220 Kgကန႔္သတ္ထားျခင္းသည့္အတြက္ တ႐ုတ္လုပ္ငန္းရွင္မ်ားဝင္ေရာက္ လာမည္ကို စိုးရိမ္လ်က္ရွိေၾကာင္း ေဒသခံေမြးျမဴေရးေတာင္သူမ်ားႏွင့္ကုမၸဏီမ်ားထံမွ သိရသည္။

“kg 220 ရွိတဲ့ ႏြာမ်ိဳးေတြကိုသာ နားကပ္ရိုက္ဖို႔ခြင့္ျပဳမယ္ဆိုေတာ့ ကၽြန္ေတာ္တို႔မွာ ကေဒသနဲ႔ ကိုက္ညီတဲ့ လႊတ္ေက်ာင္းစနစ္နဲ႔ေမြးတဲ့ ႏြားေတြပဲရွိတယ္။ ဒီလိုမ်ိဳး Kg ၂၂ ဆိုတာက တို႔ေတြကို မလုပ္နိုင္ေအာင္လုပ္ေနတာနဲ႔အတူတူပဲ။ တို႔တိုင္းမွာ ဒီလိုႏြာမ်ိဳးမရွိဘူး။ ရွိလည္း နည္းနည္းပဲ။ တကယ္တမ္းလိုတာကႏြားသိုးေခ်ာေခ်ာနဲ႔စပ္ရင္ႏြားႀကီးက်တာပဲ။ ဦးေလးတို႔အေနနဲ႔က ေဒသႏြားနဲ႔ပဲျဖစ္ေစခ်င္တယ္။ ဒီလုပ္လုပ္လိုက္တဲ့အတြက္ မေမြးနိုင္၊ မလုပ္နိုင္ၾကေတာ့ ေမွာင္ခိုဘက္ကိုသြားဖို႔ရာ တြန္းတင္ေနသလို႔ျဖစ္ေနသလို တ႐ုတ္လုပ္ငန္းရွင္ေတြလည္း ဝင္ေရာက္လာနိုင္တယ္ “ဟု ကန႔္ဘလူၿမိဳ႕နယ္ ဇီးကုန္းၿမိဳ႕မွ ႏြားေမြးေတာင္သူ ဦးျမင့္ကေျပာၾကားခဲ့သည္။

အက်ိဳးတူစနစ္ေမြးျမဴမႈတြင္ဘ220 Kgကန႔္သတ္လိုက္သည့္အတြက္ စစ္ကိုင္းတိုင္းေဒသႀကီး ကၽြဲႏြား ေမြးျမဴတင္ပို႔ေရာင္းခ်သူမ်ားအသင္းကဦးစီးၿပီး စစ္ကိုင္းေဒသႀကီးအတြင္းရွိ ကၽြဲ၊ႏြား ေမြးျမဴ တင္ပို႔ေရာင္းခ်သူမ်ားႏွင့္ ကုမၸဏီမ်ား ေတြ႕ဆုံေဆြးေႏြးပြဲကို ေဖေဖာ္ဝါရီ(၈)ရက္ေန႔ က ခင္ဦးၿမိဳ႕ရွိ သိန္းကမၻာခန္းမတြင္ ျပဳလုပ္ခဲ့ၿပီး ယင္းေဆြေႏြးမွ ကိုယ္တိုင္ေမြး ၊ ေမြးဖက္ေပး ၊ အက်ိဳးတူ စနစ္ျဖင့္ ကၽြဲႏြားတင္ပို႔ ရာတြင္ 220 Kg ေအာက္ ေဒသႏြားမ်ားကို ထည့္သြင္း စဥ္းစားေပးေရး၊ ေမြးျမဴသူမ်ားအား အခ်ိဳ႕ေသာ ကုမၸဏီႀကီးမ်ားက အက်ိဳးတူအတြက္ မတရားေသာနည္းမ်ားျဖင့္ စည္း႐ုံးေနမႈမ်ားကို တားဆီးကန႔္ကြက္ေပးေရး၊တနိုင္တပိုင္ေမြးျမဴသူမ်ားအတြက္ ကၽြဲ၊ႏြား ဝယ္ယူသယ္ေဆာင္ရာတြင္ အဟန႔္အတားမ်ားကို ေျဖေလ်ာ့ေပးေရး၊ ျမန္မာနိုင္ငံေမြးျမဴေရးအဖြဲ႕ခ်ဳပ္ သို႔ အဖြဲ႕ဝင္အျဖစ္ဝင္ေရာက္နိုင္ေရး၊ အျခားနည္းအသုံးျပဳခြင့္ကို ေမြးျမဴေရးႏွင့္ ပတ္သက္၍ အျမန္ဆုံးလုပ္ေဆာင္ေပးေရးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ ကၽြဲႏြား တင္ပို႔ေရာင္းခ်သည့္ ကုမၼဏီမ်ားအား ဦးစားေပးစနစ္ျဖင့္ ေဆာင္ရြက္ေပးေရးစသည့္အခ်က္မ်ားကို သက္ဆိုင္ရာ ဝန္ႀကီးဌာနႏွင့္ ဦးစီးဌာနသို႔ တင္ျပသြားရန္ဆုံးျဖတ္ခဲ့ၾကသည္။

“ေမြး/ကုရဲ့သတ္မွတ္ခ်က္ေတြကမျဖစ္နိုင္ဘူး။ kg 220ရွိတဲ့ႏြားဆိုတာကတကယ္ကိုပဲ ႏွစ္ေကာင္ေမြး၊သုံးေကာင္ေမြးနဲ႔ တကယ့္ကိုအေခ်ာအလွေမြးတဲ့သူေတြမွျဖစ္မွာေပါ့။ ကၽြန္တ္ာတို႔ဆီ မွာက ႏြားမအုပ္ေတြရွိတယ္။ ဒီႏြားမအုပ္ေတြက်ေတာ့ သူတို႔စံသတ္မွတ္ထားတဲ့စံမရွိဘူးေပါ့။

သူတို႔ခြင့္ျပဳမယ္ဆိုတဲ့အေနအထားမွာလည္း တ႐ုတ္ေတြက ႏြာတစ္ေကာင္ကို ၅ ေသာင္းေပး မယ္တစ္သိန္ေပးမယ္ဆိုၿပီးလိုက္လံစည္း႐ုံးေနတာေတြရွိတယ္။ ဒီလိုအေနအထားမွာ စစ္ကိုင္းတိုင္းအတြင္းမွာရွိတဲ့ တကယ္အမွန္အကန္လုပ္ေနတဲ့ ေဒသခံကုမၸဏီေတြကိုပဲ ဦးစားေပးေစခ်င္တယ္။ အခုဟာက ေဒသခံေတြကိုထိုးနက္တဲ့သေဘာျဖစ္ေနတယ္။ ပိုဆိုးတာက ဒီကန႔္သတ္ခ်က္က ေငြေၾကးခ်မ္းသာတဲ့တိုက္ကြန္းေတြအတြက္ လမ္းဖြင့္ေပးသလိုျဖစ္ေနတယ္။ ဒါကမျဖစ္သင့္တဲ့ကိစၥပါ။”ဟု စစ္ကိုင္းတိုင္းေဒသႀကီး ကၽြဲႏြား ေမြးျမဴတင္ပို႔ ေရာင္းခ် သူမ်ားအသင္းဥကၠဌ ဦးေသာင္းခိုင္က ေျပာၾကားခဲ့သည္။

ျမန္မာနိုင္ငံေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနအေနျဖင့္ 220 Kg နဲ႔ အထက္ အရြယ္အစားႀကီးသည့္ ကၽြဲႏြားမ်ားကိုသာ ကိုယ္တိုင္ေမြး၊ ေမြးဖက္ေပး၊ အက်ိဳးတူစနစ္ျဖင့္ ကၽြဲႏြားတင္ပို႔နိုင္ရန္ အမွတ္အသား နားကပ္တပ္ျခင္းမ်ားကိုေဆာင္ရြက္ေပးလ်က္ရွိၿပီး ယင္းသို႔လုပ္ေဆာင္ေပးရာတြင္လည္း ေဒသအေခၚ ႏြားဖယ္ယဥ္(ႏြားလိမၼာ)ဟုေခၚသည့္ ႏြားယဥ္ေတြကိုသာ လက္ခံမည္ဟု သတ္မွတ္ထားရာ စစ္ကိုင္းတိုင္းေဒသႀကီးအပါအဝင္ အျခားတိုင္းႏွင့္ျပည္နယ္တြင္ အမ်ားစုက လႊတ္ေက်ာင္းစနစ္ျဖင့္ ေမြးျမဴၾကသည့္အတြက္ ႏြားဖယ္ယဥ္ရွားပါးသည့္အတြက္ ယခုလိုကန႔္သတ္ျခင္းသည္ ကၽြဲႏြားတင္ပို႔မႈကို ေဒသခံကုမၸဏီမ်ား မလုပ္ကိုင္နိုင္ ေအာင္ျဖစ္ပြားေနမႈအေပၚ ေဒသႏြားမ်ားကိုလည္း လက္ခံေစခ်င္ေၾကာင္း ေဒသခံကၽြဲႏြားတင္ပို႔ေရာင္ခ်သူမ်ားကဆိုသည္။

“ျမန္မာနိုင္ငံကေန တ႐ုတ္နိုင္ငံကို တင္ပို႔မယ့္ ကၽြဲႏြားေတြအတြက္ ထိန္းသိမ္းေစာင့္ၾကည့္ေရး နဲ႔ က်န္းမာေရးလိုအပ္ခ်က္ဆိုင္ရာ ႏွစ္နိုင္ငံ သေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုၿပီးျဖစ္ပါတယ္။ အခုေမြး/ကုက တင္ပို႔ခြင့္ေလၽွာက္လႊာမွာ 220kgသတ္မွတ္တာသည္ ဌာနက ေဒသခံေမြးျမဴေရးသမားေတြနဲ႔ ကုမၸဏီေတြအၾကား ထိုးနက္လိုက္တ့သေဘာပဲ။ အခုလက္ရွိမွာ ကၽြဲႏြား တင္ပို႔ေရးအတြက္ ခြင့္ျပဳတာေတြ ထပ္မရွိေတာ့ဘဲ အရင္ခြင့္ျပဳထားတာေတြကိုသာ တင္ပို႔ေနၾကရတယ္။Corona virus ေၾကာင့္ အေရာင္းမဝယ္က မျဖစ္ၾကဘူးလို႔ သိရပါတယ္။”ဟုေဒသခံကုမၸဏီတစ္ခုျဖစ္သည့္ ရဲထက္ဆိုးေက်ာ္ ကုမၸဏီပိုင္ရွင္ ဦးေက်ာ္ခိုင္ဝင္းကေျပာၾကားခဲ့သည္။

“220kgသတ္မွတ္တာက အက်ိဳးတူေမြးတဲ့သူေတြကို သတ္မွတ္တာပါ။ ေမြးဖက္ေပးဒီကိစၥကို ကြင္းဆင္းစစ္ေဆးတဲ့အခါ စဉ့္ကိုင္၊ စစ္ကိုင္းဘက္မွာ 220kgရွိၾကပါတယ္။ ထင္လို႔ပါ။ မ်ိဳးမရွိက်ေတာ့တဲ့အခ်ိန္က်ရင္ တျဖည္းျဖည္းေျဖေလၽွာ့ေပးသြားမွာပါ။ ေမြးျမဴတဲ့သူေတြအေနနဲ႔ တစ္ႏွစ္တစ္သားေတာ့က်နိုင္ပါတယ္။ ေတာင္သူနဲ႔ကုမၸဏီအဆင္ေျပေအာင္ ၾကားျဖတ္ ေပးထားတဲ့သေဘာပါ။ အခုအခက္အခဲျဖစ္ေနတာကို ဝန္ႀကီးဌာနအစည္း အေဝး ထိုင္ၿပီး ရင္ေတာ့သိရမွာပါ “ဟု ေရႊဘိုခရိုင္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ဦးစီးဦးေဇာ္ေဇာ္ဝင္းက ေျပာၾကားခဲ့သည္။

တ႐ုတ္နိုင္ငံသို႔ ကၽြဲ၊တင္ပို႔နိုင္ရန္ ေမြးျမဴလ်က္ရွိေသာေနရာမ်ားမွာ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းတို႔ျဖစ္ၿပီး စစ္ကိုင္းတိုင္းတြင္ ကနီ၊ မုံရြာ၊ ခင္ဦး၊ ေရဦးႏွင့္ ကန႔္ဘလူၿမိဳ႕နယ္တို႔တြင္ အမ်ားဆုံးတင္ပို႔လ်က္ရွိေၾကာင္း သိရသည္။◾

Leave a Reply

Your email address will not be published. Required fields are marked *