ထိုင်းစစ်သားတစ်ဦး စျေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် လူ (၁၀)ဦးမက သေဆုံး

Unicode

ထိုင်းစစ်သားတစ်ဦး စျေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် လူ (၁၀)ဦးမက သေဆုံး

ဘန်ကောက် | ဖေဖော်ဝါရီ (၈)

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ နာမည်ကြီးစျေးဝယ်စင်တာတစ်ခုတွင် စနေနေ့က စစ်သားတစ်ဦး လူများစွာကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ လူ ၁၀ ဦးမက သေဆုံးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

တော်ဝင်ထိုင်းရဲအဖွဲ့ပြောရေးဆိုခွင့့်ရှိသူ ခရစ္စနာက သေနတ်ပစ်မှုအတွင်း လူ ၁၀ ယောက််မက သေဆုံးခဲ့ကြောင်းပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူမည်မျှရှိသည်ကို ချက်ချင်းမသိရှိရသေးပေ။

နခွန်ရတ်ချစီမာမြို့ရှိ ရဲများကို တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ မြို့အပြင်ဘက်တွင် စစ်တပ်မှစစ်သားတစ်ဦးက အခြားစစ်သားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

သတင်းအချက်အလက်ထုတ်ပြန်ခွင့်မရှိသဖြင့် အဆိုပါမြို့မှ အမည်မဖော်လိုသူ ရဲအရာရှိများက စစ်သားသည် သူ၏အခြေစိုက်စခန်းမှသေနတ်ကိုယူပြီး Termin al 21 ကုန်တိုက်သို့ကားမောင်းသွားသည်ဟုဆိုသည်။ ယနေ့ပစ်ခတ်မှုဖြစ်ခဲ့သည့်မြို့ကို ကိုရတ်ဟုလည်း လူသိများသည်။

ကုန်တိုက်အပြင်ဘက်မှ ထုတ်လွှင့်ထားသော လူမှုကွန်ယက်တွင် မျှဝေထားသည့်ဗွီဒီယိုဖိုင်တွင် သေနတ်ပစ်ခတ်မှုကြောင့်လူများ ကားရပ်နားရာနေရာတွင် ပုုံးကွယ်နေသည်ကို တွေ့ရသည်။

အာဏာပိုင်များကသေနတ်သမားကိုဖမ်းဆီးရန်နှင့် ဈေးဝယ်လာသူများကို ကယ်တင်ရန်ကြိုးပမ်းစဉ် ကုန်တိုက်ကိုပိတ်ပစ်ခဲ့ပြီး အပြင်ဘက်လမ်းကို ပိတ်ထားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဒုဗိုလ်ချုပ်ကြီး ကောင်ချစ်ပ်က သံသယရှိသူသေနတ်သမားမှာ ဂျာကရာပန်သွန်မာဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့နှင့်စစ်တပ််တို့က ကုန်တိုက်နှင့်ပတ်ဝန်းကျင် ဧရိယာများကို ချက်ချင်းပိတ်ဆို့ထားသည်ဟု ဒုဗိုပ်ချုပ်ကြီးကောင်ချစ်ပ်မှ ဖြည့်စွက်ပြောကြားသည်။◾

Zawgyi

ထိုင္းစစ္သားတစ္ဦး ေစ်းဝယ္စင္တာတြင္ ပစ္ခတ္မႈေၾကာင့္ လူ (၁၀)ဦးမက ေသဆုံး

ဘန္ေကာက္ | ေဖေဖာ္ဝါရီ (၈)

ထိုင္းနိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ နာမည္ႀကီးေစ်းဝယ္စင္တာတစ္ခုတြင္ စေနေန႔က စစ္သားတစ္ဦး လူမ်ားစြာကို ေသနတ္ျဖင့္ပစ္ခတ္ခဲ့ရာ လူ ၁၀ ဦးမက ေသဆုံးခဲ့သည္ဟု ထိုင္းရဲတပ္ဖြဲ႕က ေျပာၾကားသည္။

ေတာ္ဝင္ထိုင္းရဲအဖြဲ႕ေျပာေရးဆိုခြင့့္ရွိသူ ခရစၥနာက ေသနတ္ပစ္မႈအတြင္း လူ ၁၀ ေယာက္္မက ေသဆုံးခဲ့ေၾကာင္းေျပာၾကားခဲ့သည္။ ဒဏ္ရာရရွိသူမည္မၽွရွိသည္ကို ခ်က္ခ်င္းမသိရွိရေသးေပ။

နခြန္ရတ္ခ်စီမာၿမိဳ႕ရွိ ရဲမ်ားကို တယ္လီဖုန္းျဖင့္ဆက္သြယ္ေမးျမန္းရာ ၿမိဳ႕အျပင္ဘက္တြင္ စစ္တပ္မွစစ္သားတစ္ဦးက အျခားစစ္သားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို ေသနတ္ျဖင့္ပစ္သတ္ခဲ့ၿပီး ေနာက္ထပ္တစ္ဦး ဒဏ္ရာရခဲ့သည္ဟု ဆိုသည္။

သတင္းအခ်က္အလက္ထုတ္ျပန္ခြင့္မရွိသျဖင့္ အဆိုပါၿမိဳ႕မွ အမည္မေဖာ္လိုသူ ရဲအရာရွိမ်ားက စစ္သားသည္ သူ၏အေျခစိုက္စခန္းမွေသနတ္ကိုယူၿပီး Termin al 21 ကုန္တိုက္သို႔ကားေမာင္းသြားသည္ဟုဆိုသည္။ ယေန႔ပစ္ခတ္မႈျဖစ္ခဲ့သည့္ၿမိဳ႕ကို ကိုရတ္ဟုလည္း လူသိမ်ားသည္။

ကုန္တိုက္အျပင္ဘက္မွ ထုတ္လႊင့္ထားေသာ လူမႈကြန္ယက္တြင္ မၽွေဝထားသည့္ဗြီဒီယိုဖိုင္တြင္ ေသနတ္ပစ္ခတ္မႈေၾကာင့္လူမ်ား ကားရပ္နားရာေနရာတြင္ ပုုံးကြယ္ေနသည္ကို ေတြ႕ရသည္။

အာဏာပိုင္မ်ားကေသနတ္သမားကိုဖမ္းဆီးရန္ႏွင့္ ေဈးဝယ္လာသူမ်ားကို ကယ္တင္ရန္ႀကိဳးပမ္းစဥ္ ကုန္တိုက္ကိုပိတ္ပစ္ခဲ့ၿပီး အျပင္ဘက္လမ္းကို ပိတ္ထားခဲ့သည္။

ကာကြယ္ေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူဒုဗိုလ္ခ်ဳပ္ႀကီး ေကာင္ခ်စ္ပ္က သံသယရွိသူေသနတ္သမားမွာ ဂ်ာကရာပန္သြန္မာျဖစ္သည္ဟု ေျပာၾကားခဲ့သည္။ ထိုင္းရဲတပ္ဖြဲ႕ႏွင့္စစ္တပ္္တို႔က ကုန္တိုက္ႏွင့္ပတ္ဝန္းက်င္ ဧရိယာမ်ားကို ခ်က္ခ်င္းပိတ္ဆို႔ထားသည္ဟု ဒုဗိုပ္ခ်ဳပ္ႀကီးေကာင္ခ်စ္ပ္မွ ျဖည့္စြက္ေျပာၾကားသည္။◾

Ref : AP

Leave a Reply

Your email address will not be published. Required fields are marked *