ထိုင်ဝမ်က အရုပ်ကောက်စက်တွေမှာ ဆုအဖြစ် Face mask တွေပါထည့်သွင်း
Unicode
ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးရာကျော်ရှိလာချိန် ထိုင်ဝမ်က အရုပ်ကောက်စက်တွေမှာ ဆုအဖြစ် face mask တွေပါထည့်သွင်းလာ
ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၄
ဝူဟန် ကော်ရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန်ထားချိန်မှာဘဲ ထိုင်ဝမ်နိုင်ငံက အရုပ်ကောက်စက်များတွင် face mask နှင့် လက်သန့်ဆေးရည်ဘူးများကိုပါ ဆုအဖြစ် ထည့်သွင်း ထားသည်။
ထိုင်ဝမ်နိုင်ငံ၏ မြို့တော် တိုင်ပေတွင်ရှိသည့် အရုပ်ကောက်စက် ၄၀ လောက်တွင် face mask နှင့် လက်သန့်ဆေး ရည်ဘူးများကို ဆုအဖြစ်ထားထားသည်ဟုလည်း သိရသည်။
တရုတ်နိုင်ငံတွင် ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တနင်္လာနေ့အထိ သေဆုံးသူ ၄၂၅ ဦးရှိ၍ ကူးစက်ခံထားရသူ နှစ်သောင်းကျော် ရှိနေပြီဟု တရုတ်ကျန်းမာရေးအာဏာပိုင်များမှ သတင်း ထုတ်ပြန်ထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေထဲတွင် တရုတ်နိုင်ငံပြင်ပက ပထမဆုံးအနေနှင့် ဖိလစ်ပိုင်တွင် တစ်ဦး သေဆုံးခဲ့သည်။◾
Zawgyi
ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၎
Ref: BBC
Leave a Reply
Your email address will not be published. Required fields are marked *