ကိုရိုနာသံသယနှင့် ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသား ရောဂါပိုးမတွေ့

Unicode

ကိုရိုနာသံသယနှင့် ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသား ရောဂါပိုးမတွေ့

ရန်ကုန်၊ ဖေဖာ်ဝါရီ ၃

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာသည့် တရုတ်နိုင်ငံသား ကိုယ်အပူချိန်မြင့်တက်နေခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်သံသယရှိသည်ဆို၍ မြောက်ဥက္ကလာပမြို့နယ်က ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ရောဂါပိုးမရှိဘူးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ရက်နေ့က ထုတ်ပြန်လိုက်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တုန်းက တရုတ်နိုင်ငံ ကွမ်ကျိူးလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလာရောက် China Southern လေကြောင်းလိုင်းနှင့်လာသည့် တရုတ်နိုင်ငံသားသည် ဖျားနာခြင်း၊ ကိုယ်အပူချိန်မြင့်ခြင်း၊ အသက်ရှုကြပ်သည့် လက္ခဏာတွေ့ရခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသည်ဆို၍ မြောက်ဥက္ကလာပရှိ ဝေဘာဂီဆေးရုံမှာပို့၍ စောင့်ကြည်လူနာအဖြစ် ထားရှိခဲ့သည်။

ယင်းလူနာကို နှာခေါင်းတို့ဖတ် နမူနာရယူ၍ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ ထိုင်းနိုင်ငံရှိဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခဲ့ရာတွင် ရောဂါမရှိကြောင်းတွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အဲဒီတရုတ်နိုင်ငံသားသည် ကျန်းမာရေးလည်း ကောင်းမွန်ခြင်းကြောင့် ဆေးရုံကဆင်းခွင့်ပြုလိုက်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဲနေ့က သူနဲ့လေယာဉ်အတူပါလာတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကိုလည်း စောင့်ကြည်လူနာအဖြစ် သတ်မှတ်ထားရာတွင် ကျန်းမာရေးကောင်းမွန်ခြင်းကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မနေ့တုန်းကလည်း နေပြည်တော်က ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးခန်းလာပြသည့် တရုတ်နိုင်ငံသားတစ်ဦးသည် ကိုယ်အပူချိန်မြင့်နေသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်သံသယရှိခြင်းကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင် သီးခြားလူနာအဖြစ် ထား၍စောင့်ကြည်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

အလားတူ ကိုရိုနာဗိုင်းရပ်စ်သံသယရှိတယ်ဆို၍ မန္တလေးမြို့တွင်လည်း တရုတ်ကပြန်လာသည့် မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦး၊ တောင်ကြီးစစ်စံထွန်းဆေးရုံတွင် ကိုးရီးယားနိုင်ငံသားတစ်ဦး၊ တရုတ်ပြည်နယ်ကပြန်လာသည့် ရခိုင်ပြည်နယ်မင်းပြားမြို့နယ်က အမျိုးသားတစ်ဦး၊ ဝေဘာဂီဆေးရုံတွင် ထိုင်ဝမ်နိုင်ငံသားတစ်ဦးကို သီးခြားလူနာတွေအဖြစ်ထား၍ စောင့်ကြည်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရသူ မနေ့ကအထိ တရုတ်နိုင်ငံအတွင်းတွင် တစ်သောင်းခုနစ်ထောင်ကျော်အထိရှိနေ၍ သေဆုံးသူကလည်း ၃၆၂ ဦးအထိ ရှိလာသည်။◾

Zawgyi

ကိုရိုနာသံသယႏွင့္ ထိန္းသိမ္းထားသည့္ တ႐ုတ္နိုင္ငံသား ေရာဂါပိုးမေတြ႕

ရန္ကုန္၊ ေဖဖာ္ဝါရီ ၃

ၿပီးခဲ့သည့္ရက္ပိုင္းက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္လာသည့္ တ႐ုတ္နိုင္ငံသား ကိုယ္အပူခ်ိန္ျမင့္တက္ေနျခင္းေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္သံသယရွိသည္ဆို၍ ေျမာက္ဥကၠလာပၿမိဳ႕နယ္က ေဝဘာဂီေဆး႐ုံတြင္ ေစာင့္ၾကည့္စစ္ေဆးခဲ့ရာတြင္ ေရာဂါပိုးမရွိဘူးဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၃ရက္ေန႔က ထုတ္ျပန္လိုက္သည္။

ဇန္နဝါရီလ ၃၁ ရက္ေန႔တုန္းက တ႐ုတ္နိုင္ငံ ကြမ္က်ိဴးေလဆိပ္မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကိုလာေရာက္ China Southern ေလေၾကာင္းလိုင္းႏွင့္လာသည့္ တ႐ုတ္နိုင္ငံသားသည္ ဖ်ားနာျခင္း၊ ကိုယ္အပူခ်ိန္ျမင့္ျခင္း၊ အသက္ရႈၾကပ္သည့္ လကၡဏာေတြ႕ရျခင္းေၾကာင့္ ကိုရိုနာဗိုင္းရပ္စ္ သံသယရွိသည္ဆို၍ ေျမာက္ဥကၠလာပရွိ ေဝဘာဂီေဆး႐ုံမွာပို႔၍ ေစာင့္ၾကည္လူနာအျဖစ္ ထားရွိခဲ့သည္။

ယင္းလူနာကို ႏွာေခါင္းတို႔ဖတ္ နမူနာရယူ၍ ကိုရိုနာဗိုင္းရပ္စ္ ပိုးရွိမရွိ ထိုင္းနိုင္ငံရွိဓာတ္ခြဲခန္းကို ပို႔ေဆာင္စစ္ေဆးခဲ့ရာတြင္ ေရာဂါမရွိေၾကာင္းေတြ႕ရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

လက္ရွိတြင္ အဲဒီတ႐ုတ္နိုင္ငံသားသည္ က်န္းမာေရးလည္း ေကာင္းမြန္ျခင္းေၾကာင့္ ေဆး႐ုံကဆင္းခြင့္ျပဳလိုက္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အဲေန႔က သူနဲ႔ေလယာဥ္အတူပါလာတဲ့ ျမန္မာနိုင္ငံသားႏွစ္ဦးကိုလည္း ေစာင့္ၾကည္လူနာအျဖစ္ သတ္မွတ္ထားရာတြင္ က်န္းမာေရးေကာင္းမြန္ျခင္းေၾကာင့္ ေဆး႐ုံက ဆင္းခြင့္ျပဳလိုက္သည္ဟု ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

မေန႔တုန္းကလည္း ေနျပည္ေတာ္က ပုဂၢလိက ေဆး႐ုံတစ္ခုတြင္ ေဆးခန္းလာျပသည့္ တ႐ုတ္နိုင္ငံသားတစ္ဦးသည္ ကိုယ္အပူခ်ိန္ျမင့္ေနသည့္အတြက္ ကိုရိုနာဗိုင္းရပ္စ္သံသယရွိျခင္းေၾကာင့္ ေနျပည္ေတာ္ကုတင္ ၁၀၀၀ ေဆး႐ုံတြင္ သီးျခားလူနာအျဖစ္ ထား၍ေစာင့္ၾကည္ေနသည္ဟုလည္း ထုတ္ျပန္ထားသည္။

အလားတူ ကိုရိုနာဗိုင္းရပ္စ္သံသယရွိတယ္ဆို၍ မႏၲေလးၿမိဳ႕တြင္လည္း တ႐ုတ္ကျပန္လာသည့္ ျမန္မာနိုင္ငံသား ကေလးငယ္တစ္ဦး၊ ေတာင္ႀကီးစစ္စံထြန္းေဆး႐ုံတြင္ ကိုးရီးယားနိုင္ငံသားတစ္ဦး၊ တ႐ုတ္ျပည္နယ္ကျပန္လာသည့္ ရခိုင္ျပည္နယ္မင္းျပားၿမိဳ႕နယ္က အမ်ိဳးသားတစ္ဦး၊ ေဝဘာဂီေဆး႐ုံတြင္ ထိုင္ဝမ္နိုင္ငံသားတစ္ဦးကို သီးျခားလူနာေတြအျဖစ္ထား၍ ေစာင့္ၾကည္ေနသည္ဟု က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ့ခဲ့သည့္ ကိုရိုနာဗိုင္းရပ္ပိုးကူးစက္ခံရသူ မေန႔ကအထိ တ႐ုတ္နိုင္ငံအတြင္းတြင္ တစ္ေသာင္းခုနစ္ေထာင္ေက်ာ္အထိရွိေန၍ ေသဆုံးသူကလည္း ၃၆၂ ဦးအထိ ရွိလာသည္။◾

Ref: RFA

Leave a Reply

Your email address will not be published. Required fields are marked *