ဂျပန်စစ်သင်္ဘော အရှေ့အလယ်ပိုင်းကို စေလွှတ်

Unicode
ဂျပန်စစ်သင်္ဘော အရှေ့အလယ်ပိုင်းကို စေလွှတ်

တိုကျို၊ ဖေဖော်ဝါရီ ၃

ဂျပန်နိုင်ငံက လိုအပ်နေသည့် လောင်စာဆီသယ်ဆောင်ရာတွင် တင်းမာမှုများရှိပေမယ့် မသုံးမဖြစ်သုံးရသော်လည်း အရှေ့အလယ်ပိုင်း ရေကြောင်းလမ်း လုံခြုံရေးအတွက် စောင့်ရှောက်ဖို့ ဂျပန်နိုင်ငံက စစ်သင်္ဘောတစင်းကို စေလွှတ်လိုက်သည်။

Takanami အမည်ရှိသည့် ရဟတ်ယာဉ်ဖျက် စစ်သင်္ဘောသည် ဖေဖော်ဝါရီ ၂ ရက်နေ့က တိုကျိုမြို့နား ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာသွားသည်။

အိုမန်ပင်လယ်ကွေ့ကိုဖြတ်မည့် ဂျပန်ကုန်တင်သင်္ဘောများဆီသဘောင်္များကို စောင့်ရှောက်ရန် တာဝန်ပေးထားသည်။ ဂျပန်၏ လောင်စာဆီ ၉၀ ရာခိုင်နှုန်းသည် ထိုနေရာကဖြတ်၍ သယ်ယူနေသည်။

တပ်ဖွဲ့ဝင် ၂၀၀ ပါသည့် Takanami ဖျက်သင်္ဘောသည် P-3C အမျိုးအစား ပင်လယ်ပြင်ကင်းလှည့် လေယာဉ်နှင့်အတူ ၎င်းနိုင်ငံက သင်္ဘောများကို ဂျပန်ဆိပ်ကမ်းများဆီအရောက် စောင့်ရှောက်ပို့ဆောင်ပေးလိမ့်မည်ဟု တာဝန်ရှိသူများက ပြောသည်။

သင်္ဘောများ အန္တရာယ်ကျရောက်နေချိန်တွင် အကာအကွယ်ပေးနိုင်ရန် လုပ်ပိုင်ခွင့် ပေးအပ်ထားပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ပြောသည်။

ဒုတိယကမ္ဘာစစ်တွွင် စစ်ရှုံးခဲ့သည့် ဂျပန်နိုင်ငံကို နိုင်ငံများကြား အငြင်းပွားမှုတွင် စစ်အင်အား အသုံးချခွင့်မပြုရန် တားမြစ်ထား၍ ဂျပန်က ယခုကဲ့သို့ စစ်သင်္ဘောစေလွှတ်သည့် လုပ်ရပ်က အငြင်းပွားစရာ ဖြစ်နေသည်။

ယခုကဲ့သို့ ဂျပန်စစ်သင်္ဘော စေလွှတ်ခြင်းသည် ထိုဒေသတွင်း အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများ အပါအဝင် နိုင်ငံတကာတပ်ဖွဲ့များနှင့် မပတ်သက်ဘူးဟုလည်း ဆိုသည်။◾

Zawgyi
ဂ်ပန္စစ္သေဘၤာ အေရွ႕အလယ္ပိုင္းကို ေစလႊတ္

တိုက်ိဳ၊ ေဖေဖာ္ဝါရီ ၃

ဂ်ပန္နိုင္ငံက လိုအပ္ေနသည့္ ေလာင္စာဆီသယ္ေဆာင္ရာတြင္ တင္းမာမႈမ်ားရွိေပမယ့္ မသုံးမျဖစ္သုံးရေသာ္လည္း အေရွ႕အလယ္ပိုင္း ေရေၾကာင္းလမ္း လုံျခဳံေရးအတြက္ ေစာင့္ေရွာက္ဖို႔ ဂ်ပန္နိုင္ငံက စစ္သေဘၤာတစင္းကို ေစလႊတ္လိုက္သည္။

Takanami အမည္ရွိသည့္ ရဟတ္ယာဥ္ဖ်က္ စစ္သေဘၤာသည္ ေဖေဖာ္ဝါရီ ၂ ရက္ေန႔က တိုက်ိဳၿမိဳ႕နား ဆိပ္ကမ္းတစ္ခုမွ ထြက္ခြာသြားသည္။

အိုမန္ပင္လယ္ေကြ႕ကိုျဖတ္မည့္ ဂ်ပန္ကုန္တင္သေဘၤာမ်ားဆီသေဘာမၤ်ားကို ေစာင့္ေရွာက္ရန္ တာဝန္ေပးထားသည္။ ဂ်ပန္၏ ေလာင္စာဆီ ၉၀ ရာခိုင္ႏႈန္းသည္ ထိုေနရာကျဖတ္၍ သယ္ယူေနသည္။

တပ္ဖြဲ႕ဝင္ ၂၀၀ ပါသည့္ Takanami ဖ်က္သေဘၤာသည္ P-3C အမ်ိဳးအစား ပင္လယ္ျပင္ကင္းလွည့္ ေလယာဥ္ႏွင့္အတူ ၎နိုင္ငံက သေဘၤာမ်ားကို ဂ်ပန္ဆိပ္ကမ္းမ်ားဆီအေရာက္ ေစာင့္ေရွာက္ပို႔ေဆာင္ေပးလိမ့္မည္ဟု တာဝန္ရွိသူမ်ားက ေျပာသည္။

သေဘၤာမ်ား အႏၲရာယ္က်ေရာက္ေနခ်ိန္တြင္ အကာအကြယ္ေပးနိုင္ရန္ လုပ္ပိုင္ခြင့္ ေပးအပ္ထားၿပီျဖစ္ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe က ေျပာသည္။

ဒုတိယကမၻာစစ္တြြင္ စစ္ရႈံးခဲ့သည့္ ဂ်ပန္နိုင္ငံကို နိုင္ငံမ်ားၾကား အျငင္းပြားမႈတြင္ စစ္အင္အား အသုံးခ်ခြင့္မျပဳရန္ တားျမစ္ထား၍ ဂ်ပန္က ယခုကဲ့သို႔ စစ္သေဘၤာေစလႊတ္သည့္ လုပ္ရပ္က အျငင္းပြားစရာ ျဖစ္ေနသည္။

ယခုကဲ့သို႔ ဂ်ပန္စစ္သေဘၤာ ေစလႊတ္ျခင္းသည္ ထိုေဒသတြင္း အေမရိကန္ႏွင့္ ဥေရာပသမဂၢနိုင္ငံမ်ား အပါအဝင္ နိုင္ငံတကာတပ္ဖြဲ႕မ်ားႏွင့္ မပတ္သက္ဘူးဟုလည္း ဆိုသည္။◾

Ref: VOA

Leave a Reply

Your email address will not be published. Required fields are marked *